စင်္ကာပူအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ထိုင်းကွန်ဒိုစီမံကိန်းများတွင် ဒေါ်လာသန်း ၅၀ ရင်းနှီးမြှုပ်နှံ - Property News in Myanmar from iMyanmarHouse.com
690 Views

စင်္ကာပူအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ထိုင်းကွန်ဒိုစီမံကိန်းများတွင် ဒေါ်လာသန်း ၅၀ ရင်းနှီးမြှုပ်နှံ

ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အတွက် တိုးတက်မှုတစ်ခုအဖြစ် ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခု ပေါ်ထွက်လာပြီဖြစ်သည်။

တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် စင်္ကာပူတို့တွင် ရင်းနှီးမြှုပ်နှံမှုလမ်းမပေါ် အရှိန်အဟုန်ဖြင့် ရောက်ရှိနေနှင့်ပြီးသော စင်္ကာပူအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Trillion
Global က ထိုင်းရှိ အထင်ကရ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) Singha Estates ၏ ကွန်ဒိုစီမံကိန်းများတွင်ဘတ် ၁ ဒသမ ၆၆ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၅၀) ရင်းနှီးမြှုပ်နှံခြင်းဖြင့်
Singha Estates နှင့် မိတ်ဖက်ပြုလက်တွဲလိုက်ပြီဖြစ်သည်။

"အာရှရင်းနှီးမြှုပ်နှံမှုအတွက် အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အရမ်းမမြင့်မားတဲ့ အိမ်ခြံမြေဈေးနှုန်းတွေရှိတဲ့ ဒေသတွင်း အချက်အချာနေရာ ဖြစ်လာဖို့ အလားအလာတွေ ထိုင်းမှာ ရှိပါတယ်" ဟု Trillion Global ၏ မန်နေးဂျင်းဒါရိုက်တာ ၀ီလျံလော့ခ်ကပြောကြားခဲ့သည်။

Trillion Global က Singha Estates နှင့် မိတ်ဖက်ပြုလက်တွဲမှုကို Singha Estates ၏ဘတ် သန်း ၉၀၀ ကျော်တန် THE ESSE Asoke ကွန်ဒိုအား ၀ယ်ယူခဲ့ခြင်းဖြင့် အစပြုခဲ့သည်။

ထို့နောက် ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံသည့် ကွန်ဒိုစီမံကိန်းအဖြစ် Trillion Global သည်Singha Estates ၏ အဆင့်မြင့်ကွန်ဒိုစီမံကိန်း THE ESSE at SINGHA COMPLEXတွင်လည်း ဘတ် သန်း ၇၆၀ ရင်းနှီးမြှုပ်နှံခဲ့သည်။

ယင်းစီမံကိန်းသည် နိုင်ငံခြားသားခရီးသွားများအကြား ရေပန်းစားသောနေရာတစ်ခုဖြစ်သည့်
Asoke-Pethchaburi လမ်းဆုံနံဘေး တည်ရှိသဖြင့် Trillion Global အပြင်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအခိုင်အမာ ရရှိခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service