လူကိုယုံပါ။ မြေနှင့် အိမ်ကိုတော့ ပုံမအပ်ခဲ့ပါနဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
1966 Views

လူကိုယုံပါ။ မြေနှင့် အိမ်ကိုတော့ ပုံမအပ်ခဲ့ပါနဲ့

Knowledge | Posted by Aye Myat Thu

“ဆရာဦးမြင့်အောင် ရှိပါသလား။ ဆရာဦးမြင့်အောင် ရှိပါသလား” ဟု ခြံဝမှ လှမ်းခေါ်သံ ကြားရပါသည်။ ထိုနေ့က ကျွန်ုပ်လည်း ကိုယ်လက်များ လေး လံနေ၍ အိပ်ရာထ နောက်ကျသည့် နေ့မို့ အလူးအလဲထကာ တံခါးဖွင့်ပေး၍ ကြိုဆိုလိုက်ရတော့ သင်္ဘောသားကတော် အိမ်ခြံမြေ ၀ယ်ရောင်းအမျိုးသမီး “မအေးမြတ်သူဇာ” ဖြစ်နေရတာကို တွေ့လိုက်ရပါသည်။

ရွာမြေကွက်ဝယ်သည့် စာရွက်စာတမ်း အထောက်အထား

“မသူဇာ”ထိုင်ပါ။ အရေးတကြီး အကြောင်း ရှိလို့လားဟင်။ “အရေးလည်း ကြီးတယ်ဆရာ၊ဆရာ ရုံးသွားရင် နောက်ကျသွားမှာ စိုးလို့ အခုလို စောလာခဲ့ ရတာပဲ ဆရာ” “အခုတလော အိမ်ခြံမြေ အရောင်းအ၀ယ်တွေ အေးနေေ တာ့ ဘယ်မှာ အရောင်းအ၀ယ်တွေ သွားလုပ်နေတုံး ညီမရဲ့” ဟု ကျွန်ုပ်က စကားစလိုက်သည်နှင့် အဲဒီအရောင်းအ၀ယ် ကိစ္စလာတာပဲ ဆရာဟု ပြော ကာ အသင့်ပါလာသော အိမ်ခြံမြေအရောင်းအ၀ယ်စာချုပ်များနှင့် ရောင်းသူ၏ မှတ်ပုံတင် မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင်အထွေထွေ ကိုယ်စား လှယ်လွှဲစာ လယ်မြေခွန် ပြေစာမိတ္တူနှင့် ရောင်းသူထံမှ စွန့်လွှတ်ရောင်းချေ ကြာင်း တရားရုံး ကျမ်းကျိန်လွှာတို့ကို ထုတ်ပြသည်။

ဥယျာဉ်ခြံမြေကို "G" အမျိုးအစားမြေလို့ သတ်မှတ်တယ်

“ဆရာ၊အဲဒီစာရွက်စာတမ်းတွေ ပြည့်စုံမှု ရှိမရှိ စစ်ဆေးပေးပါဦးရှင်” ကျွန်ုပ် လည်း မြေနှင့် အိမ် အရောင်းအ၀ယ် ပုလုပ်ထားသည့် စာရွက်စာတမ်းများ ဆက်စပ်မှု ရှိမရှိ ကွင်းဆက်မိ, မမိ တစ်ရွက်ချင်းလှန်လှောကြည့်နေမိသည်။ “မသူဇာ” ၀ယ်ထားသော မြေမှာ ဥယျာဉ်ခြံမြေ "G" အမျိုးအစားမြေမျိုး ဖြစ် သည်။

ထိုမြေမျိုးကို ရွာမြေများတွင် ပြေစာ ထုတ်ပေးသည်ကို တွေ့ရသည်။ ထို့ေ ကြာင့် ပါမစ်မြေ ဂရန်မြေ၊ဘိုးဘွားပိုင်မြေတို့ကဲ့သို့ ပိုင်ဆိုင်မှု စာချုပ်စာတမ်း များ အတိအကျ မရှိဘဲ အဆက်အစပ် ပြတ်နေသည်ကို တွေ့ရသည်။

တစ်ချိန်က လယ်မြေ ယခုတော့ ရွာမြေ

ဝယ်ထားသည့် မြေနှင့် အိမ်မှာ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် အလွန် ရန် ကုန်-ပြည် ကားလမ်းဘေးရှိ ရွာမြေဖြစ်သည်။ လယ်ပြေစာအရ အမည်ပေါက် လယ်သမားကြီး “ဦးလှ” ဖြစ်ပြီး မြေအကျယ် (၅၀)ဧက ဟု ဖော်ပြထားသည်။

ကွင်းအမှတ်ကို ကြည့်လိုက်ရာ ယင်းကွင်းမှာ ယခုအခါ ရွာကြီးတစ်ရွာ ဖြစ်နြေ ပန်သည်။လယ်သမားကြီး ဦးလှ အမည်ပေါက်ခဲ့သော လယ်ကွက်ကြီးမှာ ယခုအခါရွာကွက်ကြီး ဖြစ်နေပုံရသည်။ မြောက်ပိုင်းခရိုင်၊ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၁၉၉၂-၉၃ ခုနှစ်က ထုတ်ပေးခဲ့သော ပြေစာ မိတ္တူကို လည်း တွေ့ရသည်။

“မသူဇာ” ပြသသော အရောင်းအ၀ယ်စာချုပ်အရ “ဦးဘမောင်” ထံမှ “ဦးေ ရွှအောင်” က ၀ယ်ယူခဲ့ပြီး၊ ဦးရွှအောင်ထံမှ မအေးမြတ်သူဇာက နောက်ဆုံး ၀ယ်ယူထားသည့် စာချုပ်များကို တွေ့ရသည်။

“မသူဇာ”မှ စာချုပ်ခိုင်မာမှု ရှိရန် ဆိုကာ အရပ်ကတိဖြင့် ချုပ်ဆိုထားသော အိမ်နှင့်မြေ အရောင်းအ၀ယ် စာချုပ်အပြင် ရောင်းသူ ဦးရွှေအောင်ထံမှ အပြီး အပိုင် ရောင်းချခြင်းဖြစ်ကြောင်း ကျမ်းကျိန်လွှာ လုပ်ပေးထားသည်။ ထိုထက် ပို၍ ခိုင်မာအောင်ဟု ဆိုကာ ရန်ကုန်မြို့စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ဦးရွှေအောင်က အထွေထွေကိုယ်စားလှယ်လွှဲစာ လုပ်၍ “မအေးမြတ်သူဇာ” အား လွှဲပေးထားသေးသည်ကိုလည်း တွေ့ရသည်။

အဆိုပါ အထောက်အထားမျိုးမှာ ရောင်းသူ “ဦးရွှေအောင်” အမည်ပေါက် ပါမစ်၊ဂရန်များကို ၀ယ်ယူသည့်အခါ ရောင်းသူကိုယ်စား ဆောင်ရွက်နိုင်ရန် "SP" "GP" ပါဝါ ယူထားတာမျိုး လုပ်သည့် ပုံစံဖြစ်သည်။

ယခုမြေနှင့် အိမ် အရောင်းအ၀ယ်စာချုပ်မှာ ရောင်းသူထံက GP ပါဝါ ယူ ထားသော်လည်း ယင်း GP ပါဝါမှာ ၀ယ်ထားသော မြေနှင့် တိုက်ရိုက် မသက် ဆိုင်ဘဲ ရောင်းသူပိုင် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း၊မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းအားလုံး သက်ဆိုင်နေသဖြင့် ယခုဝယ်ယူသော မြေနှင့်အိမ်အတွက် တိုက်ရိုက်လွှဲအပ်သည်ဟု မဆိုနိုင် သွယ်ဝိုက်သည့် သဘောသာ ရှိသည်။

သို့သော် အဆိုပါ မြေနှင့်အိမ်ကို ရောင်းသူဝယ်သူသို့ အပြီးအပိုင် ရောင်းချ ပြီးဖြစ်၍ ရောင်းသူ ပိုင်ပစ္စည်း မဟုတ်တော့ကြောင်း ၀ယ်သူပိုင်မြေနှင့် အိမ်ြ ဖစ်သွားပြီဖြစ်ကြောင်း ရောင်းသူက ကျမ်းကျိန်ချက် ပါဝင်နေ၍ ရောင်းသူေ ပးထားသော SP ပါဝါကို ထောက်ခံပေးထားသည်ကို တွေ့ရသဖြင့် အားကိုး အားထားတစ်ခုတော့ ရသည်။အမှန်တကယ်မှာယင်းသို့ SP ပါဝါပေး သည့်ေ န့က ကျမ်းကျိန်ပါတွဲ၍ မှတ်ပုံတင်ထားသင့်သည်။

ယင်းသို့ ကျမ်းကျိန်ကို စာချုပ်ရုံး၌ မှတ်ပုံတင်သွင်းထားလိုက်လျင် ၀ယ်သူအဖို့ သက်သေခံ အထောက်အထား ပိုမိုခိုင်မာသွားပါသည်။ (အိမ်ခြံမြေရောင်း ၀ယ်သူများ မှတ်သားထားသင့်သော အချက်ဖြစ်သည်။ အပိုစကားချပ်။)
နှစ်ဦး သဘောတူ မြေနှင့်အိမ် အရောင်းအ၀ယ်စာချုပ်ကိုမူ တစ်နယ်ထဲ တစ်မြို့ထဲသားများဖြစ်၍ ဟုဆိုကာအသိသက်သေ (၂)ဦးရှေ့တွင် ချုပ်ဆိုထား သည်ဟု ဆိုသည်။

ဝယ်သူဘက်မှထိုထက်ပို၍ ရိုးသားလွန်းသည်ကား ရောင်းသူများကို (တစ်နှစ် ) တိတိအခမဲ့ နေထိုင်ခွင့်ပြုသည့် စာချုပ်ချုပ်ဆို၍ အဆိုပါ ရောင်းသည့်မြေနှင့် အိမ်ပေါ်တွင် နေခွင့်ပြုထားခြင်းပင် ဖြစ်သည်။ထိုစာချုပ်ကို တွေ့သည်နှင့် ကျွန်ုပ် မအေးမြတ်သူဇာတို့အတွက် အလွန်အမင်း စိတ်ပူသွားသည်။

“မသူဇာရယ်၊ ကိုယ်ဝယ်ထားတဲ့ မြေနဲ့အိမ်ပေါ်မှာ ရောင်းသူတွေကို ဘာလို့ “အခမဲ့” တစ်နှစ်ပြန်ထားရတာလဲ ဟု ကရုဏာဒေါသောဖြင့် မေးကြည့်လိုက် သည့်အခါ "ရောင်းသူက လောလောဆယ် နေရာအရွှေ့အပြောင်း အခက်အ ခဲရှိလို့ အိမ်ကို ဒီအတိုင်း ပစ်ထားမယ့်အစား ညီမတို့ လာမနေနိုင်ခင်စပ်ကြား အိမ်စောင့်ပေးရင်း တစ်နှစ်လောက်နေပါရစေ လို့ တောင်းပန်တာနဲ့ ကျွန်မ တို့လည်း ကိုယ်သွားပြီး မနေနိုင်သေးခင် နေခွင့်ပြုလိုက်တာပဲရှင်”

ကျွန်ုပ်လည်း ဘာမှမပြောနိုင်တော့ဘဲ အတော်သဘောထားပြည့်တဲ့ လူင ယ်တွေပဲလို့ ကောက်ချက်ချနေမိသည်။ ကျွန်ုပ် တွေဝေသွားသည်ကို အကဲ ခတ်မိသော “မအေးမြတ်သူဇာ” က “ဆရာရယ် ဥပဒေကြောင်းအရ ခိုင်လုံ ပါ့မလား၊ အခမဲ့” နေထိုင်ခွင့်ပြုတဲ့ စာချုပ်ကကော ပြည့်စုံရဲ့လားရှင်” ““အင်း အခုကြည့်ရတဲ့ စာချုပ်အဆက်အစပ်တွေအရ အတော်ပြည့်စုံပါတယ်။ အညာ သူ ၊ အညာသားတွေဖြစ်လို့ ကတိတည်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်”
ဒါပေမဲ့ လူဆိုတာ ပုထုဇဉ်မျိုးတွေ လောဘသား တွေဆိုတော့ အိမ်က ဆင်း မပေးကြလို့ တရားရုံးမှာ တရားစွဲပြီး ဖယ်ခိုင်းရတဲ့ အဖြစ်အပျက်စီရင်ထုံး သာဓကတွေလည်း ဥပဒေမှာ အထင်အရှား ရှိနေတယ်ကွ။ “ဆရာကို မေးေ တာ့လည်း ပြောရတာပေါ့ မသူဇာနဲ့ ဦးရွှေအောင် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ေ တွမှာ သူ့ဘက် ကိုယ့်ဘက် ပါလာတဲ့ သက်သေ နှစ်ယောက်က လွဲလို့ အခြား သက်သေပါတာ မတွေ့ရဘူး။ တကယ်တမ်းကျတော့ ဒီအိမ်နှင့်မြေကို မိမိ တို့က တန်ဖိုးကြီးပေးပြီး တရားဝင် ၀ယ်ထားတာ အမှန်ပဲ။ စာချုပ်စာတမ်း ဥ ပဒေအရ သက်သေနှစ်ယောက်ရဲ့ ရှေ့ မှာ ချုပ်ဆိုတာဖြစ်တဲ့အတွက် ဥပဒေ နဲ့ ညီပါတယ်။

သို့ပေမယ့် ရွာမြေ/ ဥယျာဉ်ခြံမြေ အဆင့်ပဲ ရှိသေးတယ်ဆိုတော့ စာချုပ်ရုံး မှာ မှတ်ပုံတင်ချုပ်ဆိုဖို့ စာရွက်စာတမ်း၊အထောက်အထား မပြည့်စုံဘူးလေ။ အမှန်တကယ်ကတော့ ဒီလိုအရပ်ကတိ အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုရင်း လူသိရှင်ကြား ဖြစ်ဖို့ လိုတယ်လေ။ အိမ်နီးနားချင်းတွေ အသိသက်သေ ခေါ်ဖို့ အခက်အခဲရှိရင် လမ်းမှူးတို့၊ကျေးရွာအုပ်ချုပ်ရေးမှူး တို့ပါ အသိသက်သေ လက်မှတ်ထိုးပေးရင် ပိုပြီး ပြည့်စုံတာပေါ့။ ဒီတော့ ဒီစာချုပ်တွေ ယူသွားပြီး မင်္ဂလာဒုံမြို့နယ်က အဲဒီရွာကို သွားပါ။

ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးရှေ့မှာ ရောင်း သူနဲ့ ၀ယ်ယူရော သက်သေတွေ မျက်နှာ စုံညီတွေ့ဆုံပါ။အမှန်တကယ် အေ ရာင်းအ၀ယ် ပြုလုပ်တာဖြစ်ပြီး အမှန်တကယ် အခမဲ့ နေထိုင်ခွင့်ပြု တာဖြစ်တဲ့ အကြောင်း ရှင်းပြရမယ် အုပ်ချုပ်ရေးမှူးက မြေနဲ့အိမ် အရောင်းအ၀ယ်စာချုပ်နဲ့ အခမဲ့နေထိုင်ခွင့်ပြုတဲ့ စာချုပ်တွေပေါ်မှာ နှစ်ဦးသဘောတူ အရောင်းအ၀ယ်ြ ပုလုပ်ပြီး လာရောက် အကြောင်းကြားလို့ သိရှိကြောင်း မှတ်တမ်းတင်ထား လိမ့်မယ် ပြီးတော့ မြေနဲ့အိမ်ဝယ်တဲ့ လမ်းက ရာအိမ်မှူးကပါ အသိသက်သေ လက်မှတ်ထိုးပေးလိမ့်မယ်။ ဒါဆိုရင် လူသိရှင်ကြား ဖြစ်သွားပြီ။ စာချုပ်တွေ မိတ္တူတစ်စုံစီ ပေးခဲ့ပေါ့။ “ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မေးကြည့် ပါ မြေပိုင်ဆိုင်မှု စာချုပ်အဆက်အစပ်နဲ့ ဦးပိုင်မြေ အမည်ပေါက်သူရဲ့ မြေ ဧရိယာအတွင်း ပါမပါ။

မိမိအမည်ပေါက်ဖြစ်ချင်ရင် မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာတွေ တစ်ခါတည်း မေးမြန်းရမယ်။ ထော က်ခံချက် လိုအပ်ရင် အုပ်ချုပ်ရေးမှူးထံမှ တစ်ခါတည်း တောင်းယူခဲ့ပေါ့။ ဒါဆို ရင် မိမိ တကယ်တန်း သွားရောက် နေထိုင်တဲ့အခါကျရင် အားလုံးဆွေမျိုးတွေ လို ဖြစ်သွားတာပေါ့” “ကောင်းပါပြီရှင် ဆရာပြောတဲ့အတိုင်း ဆောင်ရွက်နို င်အောင် ဒီနေ့ပဲ ကျွန်မအမျိုးသား ခေါ်သွားပြီး သွားလိုက်ပါမယ်ရှင်”ဟု က တိပြုပြီး အမြန်ပြန်သွားပါတော့သည်။

“ပဏ္ဍိတာနဉ္စ၊ သေ၀နာ” To associate with wise
“ပညာရှိ လူလိမ္မာကို မှီဝဲ ပေါင်းသင်းခြင်း” သည်လည်း မင်္ဂလာမည်ပါပေသည်။

ခေတ္တရာမြင့်အောင် (LLB.,DML) မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service