ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မြေနေရာများ "ဂရန်" ပေးဖို့ စီစဉ်ထား လက်မနှေးကြနဲ့ "'ဒို့ တောင်ဒဂုံသား" - Property News in Myanmar from iMyanmarHouse.com
3377 Views

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မြေနေရာများ "ဂရန်" ပေးဖို့ စီစဉ်ထား လက်မနှေးကြနဲ့ "'ဒို့ တောင်ဒဂုံသား"

ရန်ကုန်မြို့တော်တွင် လူဦးရေ ထူထပ်လာသည့်အတွက် နိုင်ငံတော် အစိုးရ အနေဖြင့် မြို့ကွက်သစ်များ ဖော်ထုပ်၍ မြေကွက်များ ချထားပေးခဲ့သည်။ ၁၉၈၉ ခုနှစ်မှ စ၍ မြို့သစ်များသို့ အများအပြား ရွှေ့ပြောင်းပေးခဲ့သည် ကို တွေ့ရသည်။ ယင်းသို့ ရွှေပြောင်းကြရာတွင် သာသနာ့မြေ၊ လူနေရပ် ကွက် နှင့် ဌာနဆိုင်ရာရုံးများအတွက်သာ မြေနေရာများ ချထားပေးခဲ့သည် ကို တွေ့မြင်ခဲ့ရသည်။ ဓမ္မာရုံမြေနေရာနှင့် ရဝတရုံး/ရယကရုံး/ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံး မြေနေရာများ မပါရှိသည်ကို လေ့လာကြည့်မိပါသည်။

"ရပ်ကွက်တစ်ခုတွင် ဓမ္မာရုံးနှင့် အုပ်ချုပ်ရေးမှူးရုံးက မရှိမဖြစ် လိုအပ်"

ထို့ကြောင့် နှစ်ပေါင်း (၃၀)နီးပါး ရှိပြီ ဖြစ်သည်။ ယနေ့တိုင်အောင် မြို့သစ် ရပ်ကွက်တိုး၍ ဓမ္မာရုံနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမျာ မြေနေရာ ခိုင်ခိုင် မာမာ မရှိကြသေးဘဲ ရပ်ကွက်အတွင်းရှိ မြေလွတ်၊ မြေရိုင်းများပေါ်တွင်သာ အဆင်ပြေသလို ဆောက်လုပ်ပြီး ရုံးဖွင့်လှစ်ဆောင်ရွက်နေကြရသည် ကို တွေ့မြင်ရပါသည်။ အမှန်တကယ်ဆိုရလျှင် ရပ်ကွက်တစ်ခုတွင် ဓမ္မာရုံ သည် မရှိမဖြစ် လိုအပ်သကဲ့သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာလည်း မဖြစ်မေ န လိုအပ်ပါသည်။

"လူအများ အသိက ဒဂုံတောင်တွင် ရပ်ကွက်ပေါင်း ၃၂ ရပ်ကွက် ရှိ"

ယခု အရပ်သား အစိုးရသစ်လက်ထက်တွင် ကွက်ကွက်ကွင်းကွင်း မြင်လာ ရုံ ပေါ်ပါသည်။လက်ရှိ အခြေအနေကို ရိပ်စားမိသော ဒဂုံမြို့သစ် တောင် ပိုင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်မှ ဒဂုံမြို့ သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ၃၂ ရပ်ကွက်၌ မြေချပါမစ်/မြေငှားဂရန် အမြန်ဆုံး ရရှိရေး ဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိ မေးမြန်းပေးခဲ့ပါသည်။ ထို့ အတူ လူမနေသေးသော ရပ်ကွက်(၁၂)ခုတွင် အုပ်ချုပ်ရေးမှူး ရုံးများ ထား ရှိ ဆောင်ရွက်နိုင်ရန် မြေနေရာ သတ်မှတ်ပြီး မြေချပါမစ်/ မြေငှားဂရန် ရရှိစေရေး ဆောင်ရွက်ပေးရန် ၂၂.၅.၂၀၁၇ နေ့ စတုတ္ထ ပုံမှန် အစည်းအေ ဝးတွင် မေးမြန်းထားခဲ့ပါသည်။

"ငိုတတ်သည့် ကလေး "နို့စို့ရ" မေးသာ မေးပါဗျ"

ဤသို့ မေးမြန်းခဲ့သဖြင့် ပြန်လည် ဖြေကြားချက်အရ ဒဂုံတောင်တွင် ရပ်ကွက် ၃၈-ရပ်ကွက်ရှိပြီး (၇) ရပ်ကွက်၌ လူမနေသည်ကို သိရသည်။ ရွာကြီး(၅) ရွာမှာ ရပ်ကွက်အတွင်း ပါရှိလာပြီး ၂၃/၆၅/၁၄၀ ရပ်ကွက်တို့မှာ ရယ က မြေနေရာ မှတ်သားထားသည်ဟု သိလာရသည်။ ကျန်သည့်ရပ်ကွက် (၂၀)မှာ ထိုမြေစာရင်းတွင် မပါရှိသေးဘဲ မြေလွတ်မြေရိုင်း အဆင့်သာ ရှိေ သးကြောင်း သိရသည်။ သို့သော မကြာမီ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ရပ်ကွက်အုပ်ချုပ်ရေး မြေဂရန်များ ပြုလုပ်ပေးတော့ မည် ဖြစ်ေ ကြာင်း မှတ်သား သိရှိရပါသည်။

ဒဂုံတောင်တွင် ရပ်ကွက်ပေါင်း ၃၈ ရပ်ကွက်ရှိ ၇-ရပ်ကွက်က လူမနေ

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ရပ်ကွက် စုစုပေါင်း ၃၈-ရပ်ကွက် ရှိ သည့်အနက် လူနေထိုင်မှု မရှိသော ရပ်ကွက် ၇-ရပ်ကွက် ရှိသည်ဟု သိရ သည်။ လူနေထိုင်မှု ရှိပြီး စီမံခန့်ခွဲမှု ဆောင်ရွက်နေသည့် မြို့နယ်များ မှာ မြေတိုင်းရပ်ကွက် အသီးသီးတွင် ရှိနေပြီး မြို့ပြမြေကွက်များတွင်လည်း အုပ်ချုပ်ရေးမှူးရုံးများကို တွေ့ရှိရသည်။

"ရွာကြီး(၅) ရွာမှာ ရပ်ကွက်အတွင်း ပါဝင်လာ အခြား(၄) ရပ်ကွက် မှာ မြေချ ပါမစ် အမည်မပါသေး"

ရပ်ကွက်(၃၀) ခုနှင့် အခြား(၄)ရပ်ကွက်တို့သည် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ စာရင်းတွင် မြေချပါမစ် သီးခြား အမည်ပေါက် ပါရှိသည်ကို တွေ့ရှိရသည်။ "လေးထောင့်ကန်" ၊ "ကျီးစု" ၊ "ရှမ်းတဲကြီး"၊ "ရွာ သာကြီး" ၊ "သုံးခွ" စသည့်ရပ်ကွက်များသည် ရပ်ကွက် (၃၀)အတွင်း ပါဝင်ပြီး ရပ်ကွက်အမှတ် ၂၀၊ ၂၅၊ ၇၁၊ ၇၂ တို့မှာ မြေချပါမစ် အမည်ပေါက် မှတ် တမ်းထားရှိပြီး ဖြစ်ကြောင်း သိရပြီး မြေပိုင်ဆိုင်မှု ဂရန် အမည်ပေါက် ဆောင် ရွက်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

"၂၃/၆၅/၁၄၀ ရပ်ကွက်တို့မှာ မြို့တော် မြေငှားခစားရင်း၌ "ရယက" ဟု အ မှတ်မထားပါ"

ထို့အတူ ရပ်ကွက်အမှတ် ၂၃/၆၅/၁၄၀ တို့မှာလည်း ရန်ကုန်မြို့တော် စည် ပင်သာယာရေး ကော်မတီ၏ မြေငှားခ စည်းကြပ်မှု စာရင်းတွင် မူလက ရယက ဟု မှတ်သားပါရှိသည့်အတွက် အထွေထွေ အုပ်ချုပ်ရေးမှူး အမည်ေ ပါက် မှတ်သားပေးတော့မည် ဖြစ်ကြောင်း သိရသည်။ ယင်းတို့နှင့် လူနေ ရပ်ကွက်အဖြစ် တည်ရှိသော ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် အခြေစိုက် တည်ရှိသည်။ ကျန်နေသည့် ရပ်ကွက်အမှတ် ၁၇/၁၈/၁၉/၂၁/၂၄/၅၃/၅၄/၅၅/၅၆/၆၄/၆၅/ ၉၀/၁၀၄/၁၀၅/ရွာသာကြီး/သုံးခွ/လေးထောင့်ကန်/ ကျီစု /ရှမ်းတဲကြီး ရပ်ကွက်များ၏ အုပ်ချုပ်ရေး မှူး အခြေစိုက် မြေနေရာများမှာ ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ မြေငှားခ စည်းကြပ်မှု စာရင်း တွင် မြို့မြေစာရင်းတွင် အမည်ပေါက် မှတ်သားထားခြင်း မရှိသည့် မြေ လွတ် မြေရိုင်းများ ဖြစ်နေသည်ကို တွေ့ရသည်။

"ကျန်သည့် ရပ်ကွက်အများအပြား မြေလွတ်မြေရိုင်း စာရင်းတွင် ပါဝင်သွား"

အဆိုပါ ရပ်ကွက်ပေါင်း ၂၀ အား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အထွေေ ထွ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ အမည်ပေါက် မှတ်တမ်း ဆောင်ရွက်ပေး မည် ဖြစ်ကြောင်း သိရသည်။ မူလကပင် ရယကရုံးအဖြစ် မှတ်သားထား ပြီး မြေနေရာများကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး အမည်ပေါက် ဆောင်ရွက်ပေးမည်ဟု သိရသည်။

"မြို့မြေစာရင်းတွင် ရှာကြည့်ငြား ရပ်ကွက်ပေါင်း ၂၀ ၏ အမည်စာရင်းကို မတွေ့ပါလား"

ထို့အတူ ရပ်ကွက်အမှတ် ၁၇/၁၈/၁၉/၂၁/၂၄/၅၃/၅၄/၅၅/၅၆/၆၄/၆၅/ ၉၀/၁၀၄/၁၀၅/ရွာသာကြီး/သုံးခွ/လေးထောင့်ကန်/ ကျီစု/ရှမ်းတဲကြီး ရပ် ကွက်များသည် မြို့မြေစာရင်းတွင် အမည်ပေါက် ပါဝင်ခြင်း မရှိသည်ကို တွေ့ ရသည်။ ယင်းမြို့ကွက်မြေနေရာ Block Map တွင် မြေကွက်အမှတ် ရေး ထိုးထားခြင်း မရှိသည့်အတွက် အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး မြေနေ ရာများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အေ ထွထွေ အုပ်ချုပ်ရေးရုံးများအဖြစ် ဆောင်ရွက်ပေးတော့မည်ဟု သိရသည်။ ထို့အပြင် မြေချပါမစ် ဂရန်ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိ အတည်ပြုချက် ရယူ ကာ ဆောင်ရွက်ပေးသွားတော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာေ၇း ဝန်ကြီးဌာန ဦးမောင်မောင်စိုးက ဖြေကြားသွားသည် ကို တွေ့ရသည်။

"ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများ ဂရန်လျှောက်၍ ရတော့မည်ဖြစ်၍ "ဦးသိန်းနို င်" ကို ကျေးဇူးတင်"

ယင်းသို့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ ရယကရုံး/ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများအတွက် မြေချပါမစ်နှင့် မြေငှားဂရန်စာချုပ်များ အမြန်ဆုံး ဆောင်ရွက်ေ ပးနိုင်ရန် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တောင် စတုတ္ထပုံမှန် အစည်းအဝေး(၁၆)ရက်နေ့၌ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်က (၂၂.၅.၂၀၁၇)တွင် မေးမြန်းပေးခဲ့သဖြင့် သိရှိ ရခြင်း ဖြစ်ပါသည်။

ဒဂုံတောင်နေပြည်သူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဝမ်းသာစရာ သ တင်းကောင်း ဖြစ်ပါသည်။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service