မုတ္တမနှင့် စင်ကာပူ Oxley တို့ ဒေါ်လာသန်း ၂၅၀ တန် “ Min Residences” ကို တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
3028 Views

မုတ္တမနှင့် စင်ကာပူ Oxley တို့ ဒေါ်လာသန်း ၂၅၀ တန် “ Min Residences” ကို တည်ဆောက်မည်

ပြည်တွင်းကုန်သွယ်ရေး၊ ဟိုတယ်နှင့် ဆောက်လုပ်ရေး စီးပွားရေးလုပ်ငန်း အုပ်စုဖြစ်သည့် မုတ္တမဖွံ့ဖြိုးတိုးတက်ရေးအုပ်စု (Mottama Development Group) သည် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် အိမ်ရာဖွံ့ဖြိုးရေး ကုမ္ပဏီ
ဖြစ်သည့် Oxley Holdings လီမိတက်နှင့် ပူးပေါင်းကာ အမေရိကန်ဒေါ်လာ သန်း ၂၅၀ တန် အဆင့်မြင့် အိမ်ရာစီမံကိန်းတစ်ခုကို တည်ဆောက်သွား မည်ဖြစ်ကြောင်း ကုမ္ပဏီ ၂ ခုက သတင်းထုတ်ပြန်ထားသည်။

အိမ်ရာစီမံကိန်း ရင်းနှီးမြှုပ်နှံမှုအတွက် ၅၀-၅၀ တစ်ဝက်စီ ထည့်ဝင်သွား မည်ဖြစ်ကြောင်း ပြည်တွင်းရင်းနှီးမြှုပ်နှံသူဖြစ်သူ မုတ္တမဖွံ့ဖြိုးတိုးတက်ရေး အုပ်စု၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရောင်ဟိုက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ ၂ ယောက်က ၅၀-၅၀ ဆီရင်းမယ်၊ ၅၀-၅၀ စီ အကျိုးအမြတ် ခံစားမယ်” ဟု ဦးရောင်ဟိုက ပြောသည်။

အဆိုပါစီမံကိန်းကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ်တွင် တည်ဆောက်မည်ဖြစ်ကာ ယခုနှစ်မှစ၍ အချိန် ၃ နှစ်အတွင်း ဆောက် လုပ်ပြီးစီးမည်ဟု သိရသည်။

“Min Residences” အမည်ရှိ ယင်းစီမံကိန်းတွင် အဆင့်မြင့်လူနေအိမ်ခန်း များ၊ စီးပွားရေးသုံးနေရာများ၊ ရုံးခန်းနှင့် ဈေးဆိုင်ခန်းများ ပါဝင်မည်ဖြစ်ပြီး မြေ ညီထပ်အပါအ၀င် အထပ်ပေါင်း ၂၀ အမြင့် ရှိမည်ဖြစ်ကာ အခန်းအရေအ တွက် စုစုပေါင်း ၆၇၁ ခန်းရှိမည်ဟု သိရသည်။ စီမံကိန်းကို အစိုးရထံမှ ငှား ရမ်းခြင်းမဟုတ်ဘဲ နှစ် ၆၀ သက်တမ်းရှိ ဘိုးဘွားပိုင်မြေပေါ်တွင် တည်ေ ဆာက်မည် ဖြစ်ကာ မြေအသုံးပြုခ စားရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၅၉ သန်းနီးပါး (USD ၅၈.၉ သန်း) ကျခံရမည်ဖြစ်သည်။

ယင်း “Min Residences” စုပေါင်းအိမ်ရာစီမံကိန်းသည် မုတ္တမဖွံ့ဖြိုး တိုး တက်ရေးကုမ္ပဏီလီမိတက်၏ ပွဲဦးထွက် အဆင့်မြင့်အိမ်ရာ စီမံကိန်းတစ်ခု လည်း ဖြစ်သည်။

“ပထမတော့ ကျွန်တော်တို့ ကုမ္ပဏီက Construction ကုမ္ပဏီ၊ Developerေ တွ၊ ဘာတွေ မလုပ်တတ်ဘူး။ တတ်နိုင်တဲ့ဘက်က ကိုယ့်မြေရှိတဲ့ဟာကို Developer လုပ်ဖို့ စဉ်းစားတာ၊ ဒါပေမယ့် ကျွန်တော်တို့မှာက Developer လုပ်ပြီး သားသားနားနား ရောင်းဖို့ကျတော့ ကျွန်တော်တို့ မလုပ်တတ်ဘူး။ အဲဒါနဲ့ နိုင်ငံတကာအတွေ့အကြုံလည်းရှိပြီး ကျွန်တော်တို့ရဲ့ မိတ်ဆွေဖြစ်တဲ့ Oxley Holdings နဲ့ ပေါင်းပြီးလုပ်ဖြစ်သွားတာ” ဟု မုတ္တမဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရောင်ဟိုက ရှင်းပြသည်။

မုတ္တ၏ မိတ်ဘက် Oxley Holdings လီမိတက်အနေနှင့် ဥရောပ၊ အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသများတွင် အဆင့်မြင့်အိမ်ရာ စီမံကိန်း များ ဖော်ထုတ်ရာတွင် အတွေ့အကြုံရှိသည့် ကုမ္ပဏီဖြစ်ပြီး ယခုအခါတွင် မြန် မာနိုင်ငံဈေးကွက် သို့ ဦးတည်ပစ်မှတ်ထားလာသည်ဟု Oxley Holdings လီ မိတက်၏ အမှုဆောင်ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ ချင်ေ ချာက်ကွမ်က ပြောသည်။

“မြန်မာက ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်လာနေတယ်၊ ဒီနိုင်ငံမှာ ငယ်ရွယ်နုပျိုတဲ့ လူဦးရေတွေရှိပြီးတော့ လူလတ်တန်းစားအရေအတွက်ကလည်း တိုးတက် လာနေတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဒီမှာ လာပြီး ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ် ခဲ့ရတာဖြစ်ပါတယ်”

စီးပွားဖက် ကုမ္ပဏီ ၂ ခုပူးပေါင်းကာ ယခုအကောင်အထည်ဖော်မည့် အိမ် ရာစီမံကိန်းများအပြင် အလားအလာရှိသော နေရာများကို ရှာဖွေ ရင်းနှီးမြှုပ်နှံ သွားမည်ဟု သိရသည်။

“အဆင့်မြင့်အိမ်ရာစီမံကိန်းတွေအပြင် လူနေမှုအိမ်ရာတွေ၊ တန်ဘိုးသင့်တင့် အိမ်ရာတွေလုပ်ကိုင်ဖို့ ပြည်သူ့အစိုးရက တင်ဒါခေါ်မယ်ဆိုရင်လည်း အဲဒီ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ချင်ပါတယ်” ဟု မစ္စတာ ချင်ချောက်ကွမ်က မဇ္ဈိမကို ပြောသည်။

အဆိုပါ တည်ဆောက်သွားမည့် မင်းဓမ္မလမ်း “Min Residences” ရှိ လူနေ အိမ်ခန်းများကို ၁၂ နှစ်မှ ၁၅ နှစ် အထိ အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်အောင် ကမ္ဘောဇဘဏ်ဘက်က ကတိပေးထားသည်ဟု မြေပိုင်ရှင်ဖြစ်သည့် မုတ္တမ ဖွံ့ဖြိုးတိုး တက်ရေးကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရောင်ဟို က ပြောဆိုထားသည်။

Credit:Mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service