ငွေကိုမြေလိုထားချင်သူတွေကြောင့် အရောင်းသွက်လာတဲ့ မြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
5078 Views

ငွေကိုမြေလိုထားချင်သူတွေကြောင့် အရောင်းသွက်လာတဲ့ မြေဈေးကွက်

အရောင်းအဝယ်အေးစက်မှု အချိန်ကာလတစ်နှစ်နီးပါးကို အိမ် ခြံ မြေ လောကသားတွေကြုံတွေ့ရင်ဆိုင်ခဲ့ရပါတယ်။ဒီလိုကြုံတွေ့ခဲ့ရမှုဟာ ၂၀၁၅ နှစ်ကုန်ပိုင်းမှာကတည်းက ကြုံတွေ့ခဲ့ကြရတာပါ။

၂၀၁၅ နဲ့ ၂၀၁၇ ကြား ကြားကာလတွေမှာတော့ ကွက်ကြားမိုးလို ခေတ္တခဏ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ဒီလိုဖြစ်ပေမယ့်လည်း ကြာရှည်ဖြစ်တာမျိုးမဟုတ်ဘဲ အနိမ့်ဆုံး တစ်ပတ် ကနေ အများဆုံး နှစ်ပတ်ဝန်းကျင်လောက်ပဲ အရောင်းအဝယ်ဖြစ်ခဲ့တာပါ။

ဒီလို ဖြစ်ခဲ့တာတွေ အများစုကိုပြန်ကြည့်မယ်ဆိုရင်လည်း ရင်းနှီးမြုပ်နှံလိုသူတွေကြောင့် ဖြစ်ခဲ့တဲ့ပုံစံမျိုးနည်းပါတယ်။နေထိုင်ဖို့ဝယ်ယူတဲ့ ပုံစံမျိုးနဲ့ပဲ မကြာခဏဖြစ်ခဲ့တာပါ။မေလ ရဲ့ ပထမဆုံးသီတင်းပတ်မှာတော့ ဒီလိုအခြေအနေတွေကနေ တစ်ဆစ်ချိုးပုံစံပြန်လည်ပြောင်းလဲလာပါတယ်။

ဒီလို တစ်ဆစ်ချိုးပုံစံပြောင်းလဲလာတာရဲ့ အဓိကအကြောင်းအရင်းကတော့ ငွေကိုမြေလိုထားချင်သူတွေကြောင့်ပဲဖြစ်ပါတယ်။ရေရှည်ရင်းနှီးမြုပ်နှံမှုမှာ အလေအလွင့်အများဆုံးနဲ့ အကျိုးမယုတ်ပဲတည်ရှိနေနိုင်တာကတော့ မြေဈေးကွက်ပဲဖြစ်ပါတယ်။ဒီအချက်ကြောင့်ပဲ ငွေကိုခိုင်မာစွာထားချင်သူတွေက မြေဘက်ကိုပြန်လှည့်လာခြင်းပဲဖြစ်ပါတယ်။ဘဏ်နဲ့ပတ်သက်တဲ့ကောလာဟလတွေ ထွက်လာပြီးနောက်ပိုင်းမှာ ငွေကိုခိုင်ခိုင်မာမာထားချင်တဲ့သူတွေဟာ မြေကိုဦးတည်ရွေးချယ်ပြီး ဝယ်ယူလာကြပါတယ်။

ရေရှည်ရင်းနှီးမြုပ်နှံနိုင်စရာစီးပွားရေးအခွင့်အလမ်းနည်းပါးနေမှုတွေကလည်း အိမ်ခြံမြေ ကို အားပေးသလိုဖြစ်စေခဲ့ပါတယ်။အစာမကျွေး ၊ ရေမတိုက်ပဲ မွေးထားလို့ရတယ်၊ အရှုံးမရှိဘူးဆိုတဲ့ ဝေါဟာရနဲ့အတူ ဈေးကွက်ဟာတကျော့ပြန်ခေါင်းမော့လာခဲ့တာပါ။

အိမ် ခြံ မြေ ဈေးကွက်ရယ်လို့ တစ်ပေါင်းတည်းပြောဆိုနေကြတဲ့အနက် ရင်းနှီးမြုပ်နှံလိုသူတွေကတော့ မြေ ကိုသာ အဓိကထားရင်းနှီးမြုပ်နှံကြတာပါ။လက်ရှိမှာလည်း မြေဈေးကွက်ဟာ အားကောင်းမောင်းသန် ခေါင်းမော့နေတာပါ။""အခုက ဘယ်လိုဖြစ်သွားလဲဆိုတော့ ကောလာဟလတွေကြောင့် လန့်ပြီးငွေတွေထုတ်လာတဲ့သူတွေက မြေတွေလိုက်ဝယ်ကြတယ်။မြေကတော့ မြုပ်နှံလို့အကောင်ဆုံးဖြစ်တာလည်းပါတယ်။နောက်ပြီး တန်ဖိုးကြီးအကွက်ကြီးဝယ်ပြီး မြုပ်နှံတဲ့ပုံစံမျိုးမဟုတ်ကြတော့ဘူး။မြေပေါတဲ့ မြို့နယ်တွေမှာ အကွက်များများ ဝယ်ယူပြီးမြုပ်နှံလာကြတယ်။မြေကတော့ ဘယ်ဘက်ကပဲကြည့်ကြည့် ဆိုးဝါးသွားစရာသိပ်မရှိဘူး။ဒီလိုအခြေအနေက လူတိုင်းတွက်လို့ရတယ်။ဒါကြောင့်လည်း တဖြေးဖြေးပြန်ဖြစ်လာတာ။နောက်လည်း ဖြစ်နေဦးမှာဘဲ။ဒါကိုက မြေဈေးကွက်ရဲ့ သဘောတရားပဲ။""လို့ ဝါရင့်အိမ် ခြံ မြေ အကျိုးဆောင်တစ်ဦးကပြောပြထားပါတယ်။

ဘယ်လိုကြောင့်ပဲဆိုဆို အားကောင်းလာတဲ့မြေအရောင်းအဝယ်ဈေးကွက် ဆက်လက်သွက်လက်လာစေဖို့အတွက် ကနဦးအစကတော့ ငွေကိုမြေလိုထားချင်သူတွေများလာတာကြောင့်ဆိုတာတင်ပြလိုက်ရပါတယ်။

မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service