အလားအလာကောင်များနဲ့ အရှိန်စယူလာတဲ့ အိမ် ခြံ မြေ ဈေးကွက် - Property News in Myanmar from iMyanmarHouse.com
10833 Views

အလားအလာကောင်များနဲ့ အရှိန်စယူလာတဲ့ အိမ် ခြံ မြေ ဈေးကွက်

၂၀၁၇ ရဲ့ မေ လ အိမ်ခြံမြေ ဈေးကွက်ဟာ ၂၀၁၇ နှစ်စကနေ ဒီနေ့အချိန်အထိတော့ အားရစစာအကောင်ဆုံးလို့ပြောရမှာပါ။ထင်မထားတဲ့ စီးပွားရေးဆိုင်ရာပြောင်းလဲမှုတွေ ၊ အမှတ်မထင်ပျံ့နှံ့ခဲ့တဲ့ ဘဏ် ဂယက်တွေကနေတစ်ဆင့် အရှိန်တစ်ခုကိုအ အစပျိုးလိုက်နိုင်တဲ့ လ တစ်ခုဆိုလည်း မမှားပါဘူး။အချိန်ကြာမြင့်စွာအေးစက်နေခဲ့တဲ့ အိမ် ခြံ မြေ ဈေးကွက်ဟာ တစ်ကျော့ပြန်နိုးထလာဖို့အတွက် အဆင်သင့်ရှိနေတဲ့အနေအထားတွေကို မေလမှာ ပြန်လည်မြင်တွေ့ရနိုင်တဲ့ အနေအထားတစ်ရပ်ပါ။အရင်လက အငှာေးဈးကွက်ဟာ ၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အရောင်းဈေးကွက်ကတော့ ၂၅ ရာခိုင်နှုန်းပဲရှိလို့အငှာဈေးကွက်က
ဦးဆောင်နေခဲ့ပေမယ့် ယခုလမှာတော့ အငှားအားကောင်းတာနဲ့အမျှ
အရောင်းအဝယ်ဟာလည်း ထပ်တူလိုက်ပါလာပါတယ်။

ဒီလထဲမှာတော့ တိုက်ခန်းတွေအငှားအတော်ဖြစ်ခဲ့တယ်။တိုက်ခန်း ၊ လုံးချင်း ၊ ကွန်ဒိုတွေ အကုန်လုံးအငှားကပိုဖြစ်တယ်။အရောင်းအဝယ်ကတော့ ကောင်းလာတယ်။ဘယ်လိုနေရာတွေမှာဖြစ်သလဲဆိုရင်တော့ Developed Area၊ နဲ့ မြေရှိနေသေးတဲ့ မြို့နယ်တွေက ဦးဆောင်နေပါတယ်။

Down Town Area

ရန်ကုန့်မြို့ရဲ့ မြို့တွင်း ခြောက်မြို့နယ် ရဲ့ အနေအထားကတော့ အငှားပိုင်းမှာထိပ်ဆုံးကဦးဆောင်နေပါတယ်။စီးပွားရေးဆိုင်ရာ အငှားတွေ ၊ လူနေထိုင်ဖို့အငှားတွေနဲ့ အတူ မြိုင်မြိုင်ဆိုင်ဆိုင်အားကောင်းခဲ့တယ်လို့သိရပါတယ်။အရောင်းဖြစ်ထွန်းမှုအပိုင်းမှာတော့ အရှိန်ရစပြုနေပါပြီ။Downtown Area တွေမှာတော့ မြေပိုတွေမရှိတဲ့အတွက် တိုက်ခန်းအရောင်း အဝယ်သာ အနည်းငယ်ရှိခဲ့ပါတယ်။မြေနေရာကျန်ရှိနေသေးတဲ့ ပုစွန်တောင်လိုမြို့နယ်တွေမှာတော့ သိန်းတစ်ထောင်အထက်မြေကွက်အချို့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရှိရပါတယ်။

စီမံကိန်း ဧရိယာ များ

အရံမြို့သစ်ဖော်ဆောင်မယ်လို့ပြောဆိုထားမှုတွေရှိတဲ့ မြေနေရာတွေမှာ အရောင်းအဝယ်ဖြစ်မှုအားကောင်းနေပါတယ်။လတ်တလော အဖြစ်များတဲ့ စီမံကိန်း မြေဧရိယာတွေကတော့ ကော့မှုး၊ ကွမ်းခြံကုန်း ၊ တိုက်ကြီး အစရှိတဲ့မြေနေရာတွေဟာ အရောင်းအဝယ်ပုံမှန်ဖြစ်ထွန်းနေပြီး ရေရှည်ရင်းနှီးမြုပ်နှံလိုသူတွေမျက်စိကျနေတယ်လို့သိရပါတယ်။မြို့သစ်စီမံကိန်း ဖော်ဆောင်မှုနဲ့ပတ်သက်ပြီး ငြိမ်လှုပ်နေတာကြောင့်ထပ်မံ ရင်းနှီးမြုပ်နှံသူ နည်းသွားတာကိုတွေ့ရပါတယ်။

တောင်ဥက္ကလာမြို့နယ်

တောင်ဥက္ကလာမြို့နယ်ထဲမှာတော့ အိမ် ၊ မြေ အရောင်း အငှားတွေအတော်အသင့်ကောင်းမွန်ခဲ့တယ်လို့သိရပါတယ်။အရောင်း အဝယ်ပိုင်းမှာ သိန်းထောင်ချီမြေကွက်တွေ၊ လမ်းမတန်း နဲ့ ထောင့်ကွက်တွေ အတော်အတန် အမေးများခဲ့သလို အလုပ်ဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။အရောင်းအဝယ်ဖြစ်ခဲ့တယ်ဆိုပေမယ့် ဈေးနှုန်းကို လျှော့ချရောင်းခဲ့တဲ့ အကွက်တွေပဲဖြစ်ခဲ့တာလို့လည်း တောင်ဥက္ကလာ အခြေစိုက် အကျိုးဆောင်များက ပြောပြပါတယ်။မြောက် ဥက္ကလာမှာတော့ အထပ်မြင့်အချို့ အရောင်း အဝယ်ရှိခဲ့သလို အငှားအားကတော့ အခြားမြို့နယ်များနည်းတူ အားကောင်းခဲ့တယ်လို့သိရပါတယ်။

ဗဟန်း

ဒီ မြို့နယ်ကတော့ မြေနေရာ အတော်များများကျန်ရှိနေသေးတာကြောင့် အရောင်းအဝယ်ဖြစ်မှုရှိနေပါတယ်။အငှား အားကောင်းသလို အရောင်းအဝယ်ပိုင်းမှာလည်း အတန်အသင့်ကောင်းမွန်ကြတယ်လို့ သိရပါတယ်။ဝယ်ယူသူအများစုကတော့ မြေနေရာကျယ်ဝန်းတဲ့ လုံးချင်းပုံစံတွေကို အဓိကထားဝယ်ယူကြတယ်လို့သိရပါတယ်။ဒီမြို့နယ်ထဲကနေရာအများစုမှာတော့ နေထိုင်လိုသူအချင်းချင်း လက်လွှဲရောင်းချတဲ့ပုံစံမျိုးနဲ့သာ သွားနေပါတယ်။ရင်းနှီးမြုပ်နှံလိုသူတွေ မျက်စိကျတဲ့ မြို့နယ်ထဲမှာတော့မပါဝင်ဘူးလို့သိရပါတယ်။

ဒဂုံလေးမြို့နယ်

ဒဂုံမြို့သစ် အရှေ့ ၊ တောင် ၊ မြောက် ၊ ဆိပ်ကမ်း အားလုံးမှာ အရောင်းအဝယ်အားကောင်း သလို အငှားလည်းအားကောင်းေ နပါတယ်။အရောင်းအဝယ်ပိုင်းမှာ သိန်း ၁၀၀၀ ဝန်းကျင်တွေအလုပ်ဖြစ်နေပြီး အငှားပိုင်းမှာတော့ တစ်သိန်း မှ ၃ သိန်း ဝန်းကျင်တွေ အားကောင်းနေပါတယ်။သိန်း ၁၅၀၀ မှ ၂၀၀၀ ကြား မြေကွက်တွေအရောင်းအဝယ်ဖြစ်မှုရှိသော်လည်း နည်းတယ်လို့ အခြေစိုက်အကျိုးဆောင်တွေကဆိုပါတယ်။

စက်မှုဇုန်

ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းပေါ်ပေါက်လာပြီးတာနဲ့အမျှ ဘယ်အချိန်ဈေးတက်မလဲ စောင့်ကြည့်နေရတဲ့ မြေနေရာတွေဖြစ်ပါတယ်။လက်ရှိမှာ ပြည်ပInvestor တွေ အင်တိုက်အားတိုက် ဝင်မလာသေးပေမယ့် စက်မှုဇုန်မြေနေရာ ပိုင်ဆိုင်ထားသူတွေကတော့ ဈေးနှုန်းသတ်မှတ်ချက်ကို သိန်းထောင် ဂဏန်းကနေ သောင်း ဂဏန်းလောက်အထိ ခေါ်ဆိုနေကြပါတယ်။ဒါပေမယ့် လက်ရှိအချိန်ကာလမှာတော့ အရောင်း အဝယ် အငှား အေးစက်နေဆဲပဲဖြစ်ပါတယ်။ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းမှာ ဆက်လက်ဖော်ဆောင်ဖို့ရှိနေတဲ့ စက်မှုဇုန် စီမံကိန်းသစ်တွေကြောင့် ယင်အပိုင်းမှာလည်း အားကောင်းလာနိုင်ခြေရှိကြောင်း တင်ပြလိုက်ရပါတယ်။


မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service