နိုင်ငံတကာမှချေးငွေများရရှိပါက တန်ဖိုးနည်းအိမ်ရာဝယ်ယူလိုသူများကို ငွေပိုမိုချေးပေးနိုင်မည် - Property News in Myanmar from iMyanmarHouse.com
975 Views

နိုင်ငံတကာမှချေးငွေများရရှိပါက တန်ဖိုးနည်းအိမ်ရာဝယ်ယူလိုသူများကို ငွေပိုမိုချေးပေးနိုင်မည်

နိုင်ငံတကာမှ ချေးငွေများရရှိပါက တန်ဖိုးနည်းအိမ်ရာများ ၀ယ်ယူရာတွင် ကနဦးပေးသွင်းရ မည့် အရစ်ကျစနစ်ဖြင့်ဝယ်ယူသူများ အတွက် ချေးငွေပေးသွင်းရမည့်ကာလကို ပြင်ဆင်ပေးမည်ဖြစ်ကြောင်းဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သတင်းရရှိသည်။

"အတိုးနှုန်းသက်သက်သာသာနဲ့ပြည်သူတွေကိုပေးနိုင်ဖို့ကျနော်တို့
စီစဉ်နေတယ် ရအောင်လဲကြိုးစားပေးမယ် " ဟု ၄င်းဘဏ်ဒါရိုက်တာဦးဝင်းဇော်ကပြောသည်။

လက်ရှိ တွင် တန်ဖိုးနည်းအိမ်ရာကို အရစ်ကျစနစ်ဖြင့်ဝယ်ယူပါက ချေးငွေပမာဏမှာ ၈နှစ်အတွင်းပြန်လည်ပေးဆက်နေရသောကြောင့် ယင်းကာလထက် ကာလကြာပေးဆပ်ရသည့် ပုံစံမျိုးဖြစ်စေရန် ဆောင်ရွက်ပေးမည်ဟု ဦးဝင်းဇော်ကဆိုသည်။

အစိုးရချင်းချေးငွေရရှိရန် ပြောဆိုထားမှုများနှင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများနှင့်တွေ့ဆုံ ညှိုနှိုင်းထားမှုများအရ မကြာခင်တွင် ပြည်သူများကိုအိမ်ရာဝယ်ယူရာတွင်ချေးပေးနိုင်မည့် အထောက်အပံ့မျာရရှိတော့မည်ဖြစ်ကြောင်း ဦးဝင်းဇော်ကဆိုသည်။

လက်ရှိတွင် ကနဦးပေးသွင်းရမည့် ငွေလျော့ကျစေရေူးနှင့်နှစ်၃၀ငွေပေး ချေသည့်စနစ်ရရှိစေရေးအတွက် ရန်ကုန်တိုင်း အစိုးရကရောင်းချရန်ပြင်ဆင်နေသည့် တန်ဖိုးနည်း အခန်းရေ ၁၅၀၀ကျော်တွင်စတင်ရန် အစိုးရအဖွဲ့ကရည်ရွယ်ထားသည်။

ချေးငွေကာလသည် ရှစ်နှစ်မှ ဆယ်နှစ်အထိသာ အများဆုံး ခွင့်ပြုထားခြင်းကြောင့် ၀င်ငွေ နည်းပြည်သူများအတွက် အခက်အခဲရှိသဖြင့် လျော့ချပေးရန်ပြည်ထောင်စုအစိုးရအဖွဲ့ကလည်းစီစဉ် လျှက်ရှိသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service