အင်းလေး ဟိုတယ်ဇုန် သိမ်းဆည်းမြေများ ဂရန်လျှောက်ထားမှု မူလလယ်ပိုင်ရှင်များ ကန့်ကွက် - Property News in Myanmar from iMyanmarHouse.com
1154 Views

အင်းလေး ဟိုတယ်ဇုန် သိမ်းဆည်းမြေများ ဂရန်လျှောက်ထားမှု မူလလယ်ပိုင်ရှင်များ ကန့်ကွက်

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ သိမ်းယူထား သည့် လယ်မြေများအား ဂရန်လျှောက်ထားမှုကို ဒေသခံ မူလလယ် ပိုင်ရှင် များက ကန့်ကွက်ထားကြောင်း သိရသည်။

အင်းလေးဒေသ၌ ဟိုတယ်ဇုန် စီမံကိန်း အကောင်အထည် ဖော်ဆောင် မည်ဟုဆိုကာ ရှမ်းပြည်နယ်အစိုးရက ၂၀၁၂ ခုနှစ် တွင် သိမ်းယူခဲ့ကြောင်း၊ သို့သော် ဟိုတယ်ဇုန် အကောင်အထည်မဖော်ဘဲ စီးပွားရေး လုပ်ငန်းရှင်များ ထံ ရောင်းစားခဲ့ကြောင်း လယ်ပိုင်ရှင်များက ဧရာဝတီ ကို ပြောသည်။

ယခုအခါ ဝယ်ယူထားသူတချို့က မြေယာပိုင်ဆိုင်မှု ဂရန် လျှောက်ထားလာ သည့် အတွက် မူလ လယ်ပိုင်ရှင်များ ဖြစ်သော ၎င်းတို့က သက်ဆိုင်ရာ အာ ဏာပိုင်အဖွဲ့ထံ ကန့်ကွက်စာ ပေးပို့ထားကြောင်း အသိမ်းဆည်း ခံထားရေ သာ လယ်ပိုင်ရှင် တဦးဖြစ်သူ အင်ကြင်းကုန်း ကျေးရွာမှ ဦးအောင်ကျော် မျိုးက ပြောပြသည်။

ဦးအောင်ကျော်မျိုးက “သိမ်းထားတဲ့ မြေတွေအတွက် လျော်ကြေးငွေကို ကျေ န်ာတို့က လုံးဝ မယူထားပါဘူး၊ အဲဒီ မြေတွေ အတွက် ဂရန် လျှောက်ထား တာကို ကျနော်တို့က ကန့်ကွက်စာ တင်ထားတယ်၊ ကျနော်က ဧက ၂၀ အ သိမ်းခံထားရ တယ်၊ ကျနော်တို့ မြေတွေ အတွက်လည်းပဲ လျော်ကြေး ဘယ်ေ လာက် ပေးပေး လုံးဝ မယူပါဘူး”ဟု ပြောသည်။

ကန့်ကွက်ရာတွင် ပါဝင်သူ တဦးဖြစ်သည့် အင်ကြင်းကုန်း ကျေးရွာမှ လယ်ြေ မ ၁၀ ဧက သိမ်းဆည်း ခံထားရသော ဒေါ်နှောင်းနီ ကလည်း “အခုက လမ်းတွေလည်း ဖောက်လိုက်ပြီ ဆိုတော့ ကိုယ့်မြေအတိုင်း ပြန်ရဖို့ကလည်း မလွယ်ဘူး လေ၊ တန်ရာတန်ကြေး လျော်ကြေးတော့ လိုချင်တယ်” ဟု ပြော ဆိုသည်။

အင်းလေး ဟိုတယ်ဇုန် တည်ဆောက်ရန် သိမ်းယူထားသည့် လယ်မြေဧက စုစုပေါင်း ၆၂၀ ဝန်းကျင်ရှိကြောင်း၊ ထို လယ် မြေ များအား ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့က အဓမ္မသိမ်းယူခဲ့ခြင်း ဖြစ်ေ ကြာင်း၊ ထို့ကြောင့် ယခု အစိုးရ လက်ထက်တွင် ပိုင်ရှင်များထံ ပြန်လည် လွှဲေ ပးမည်ဟု မျှော်လင့်ကြောင်း လယ်သိမ်းခံထားရသည့် ဒေသခံများ က ပြော ဆိုကြသည်။

အင်းလေး ဟိုတယ်ဇုန်အတွက် လယ်မြေများ သိမ်းယူထားမှုသည် ဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း၊ ဟိုတယ်ဇုန် တည် ဆောက်မည်ဟု ပြောဆို သိမ်းယူ ခဲ့သော်လည်း လက်တွေ့ အကောင်အထည် ဖော်ဆောင်မှု မရှိကြောင်း၊ လက်ရှိ ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ အင်းသား တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာ ထွန်းလှိုင် က ဧရာဝတီ ကို ပြောသည်။

၎င်းက “မတရားသဖြင့် သိမ်းထားတယ်လို့ပဲ မြင်ပါတယ်၊ ဟိုတယ် ဆောက် မယ် ဆိုပြီးတော့ သိမ်းယူခဲ့ပေမယ့် တကယ် ဟို တယ် မဆောက်ဘဲ လုပ်ငန်း ရှင်တွေကို ရောင်းစားခဲ့တယ်၊ ကျနော် သိရသလောက်တော့ တဧကကို ကျပ် သိန်း ၆၀၀ ကနေ ၉၀၀ လောက်အထိ ဈေးနဲ့ရောင်းစားခဲ့တယ်လို့ သိရ တယ်၊ ဒီမြေတွေကို မူလပိုင်ရှင်တွေဆီ ပြန်ရောက်ဖို့ အတွက် လည်း ကျနော် အတတ်နိုင်ဆုံး ကူညီသွားမယ်”ဟု ပြောပြသည်။

မြေသိမ်း၊ ယာသိမ်း ဥပဒေအရ နိုင်ငံတော် စီမံကိန်းများ အတွက် သိမ်းယူ နိုင်သော်လည်း၊ လက်ရှိ သိမ်းယူထားသည့် လယ် မြေများသည် ဥပဒေနှင့် လုံးဝ မညီကြောင်း၊ ထို့အတူ နိုင်ငံတော် စီမံကိန်းအတွက် သိမ်းယူခြင်း မ ဟုတ်သည့်အပြင် လုပ်ငန်း ရှင်များထံ ပြန်လည် ရောင်းစားခြင်းသည် လုံးဝ မဖြစ်သင့်ကြောင်းလည်း ဝန်ကြီး က ပြောဆိုသည်။

ထို့အတူ အသိမ်းခံထားရသည့် မြေများတွင် သာသနာ့မြေများ ပါဝင်နေ၍ ဘုန်းတော်ကြီးများကလည်း လယ်သမားများနှင့် အတူ ကန့်ကွက်ခဲ့ကြေ ကာင်း၊ သို့သော် ခြိမ်းခြောက်၍ သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အတူ ထိုမြေ များတွင် ဟိုတယ်ဇုန် တည်ဆောက်မည် ဆိုပါကလည်း သဘာဝ ပတ်ဝန်း ကျင်ကို ထိခိုက် ပျက်စီးနိုင်သည့်အတွက် လုံးဝ အကောင်အထည် မ ဖော်ေ ဆာင် သင့်ကြောင်း ဝန်ကြီး ဒေါက်တာ ထွန်းလှိုင် က ပြောသည်။

သိမ်းဆည်းမြေများအား ဂရန်လျှောက်ထားသူသည် ရန်ကုန်မြို့မှ ဦးခင်ထွေးနှ င့် ဦးကိုကိုကြီး ဆိုသူတို့ဖြစ်ကြောင်း၊ ယင်း ဂရန် လျှောက်ထားခြင်းအား လယ် သမား ၇၄ ဦးက ဂရန်လျှောက်ထားသော ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက ပင် ကန့်ကွက်စာ တင်ထားကြောင်း သိရသည်။

ကန့်ကွက်သူများထဲမှ လယ်ပိုင်ရှင် ၅ ဦးကို မြို့နယ် အာဏာပိုင် အဖွဲ့က မေ လ ၁၁ ရက်က ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့ ကြောင်း စစ်ဆေး ခံရသူများတွင် ပါဝင်သည့် ဦးအောင်ကျော်မျိုး က ပြောသည်။

၎င်းက “မြို့နယ် ဒုအုပ်ချုပ်ရေးမှူးက ကျနော်တို့ကို စစ်ဆေးတာပါ၊ ကျနော်တို့ လယ်တွေရဲ့ပိုင်ဆိုင်မှု အထောက်အထားတွေ ရှိလား၊ ဘယ်လို ပိုင်ဆိုင်တာ လဲ ဆိုတာတွေကို မေးပါတယ်၊ ကျနော်တို့ လယ်မြေတွေက ဘိုးဘွားပိုင်တွေ ပါ၊ ဒီဒေသတွေ မှာ က ဂရန်လည်း မရှိကြပါဘူး” ဟု ဆိုသည်။

သိမ်းဆည်းထားသည့် လယ်မြေများနှင့် ပတ်သက်၍ ဒေသခံ လယ်သမားများ သည် ယခင်အစိုးရ လက်ထက်တွင်လည်း အ ကြိမ်ကြိမ် ကန့်ကွက်၍ ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း၊ သို့သော် ပြေလည်မှု မရခဲ့၍ လက်ရှိ အစိုးရ လက် ထက်တွင် ဆက် လက် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဒေသခံများ က ပြော သည်။

သိမ်းဆည်းမြေ ဧက ၆၀၀ ကျော်တွင် လယ်ယာမြေ၊ ဥယာဉ်ခြံမြေ၊ သီးနှံခြံ များ၊ ဝါးခင်း၊ သစ်တောမြေများ ပါဝင်ကြောင်း၊ သီးနှံလျော်ကြေး ယူသူတချို့ ရှိသော်လည်း ထိုမြေများအတွက် လျော်ကြေးငွေ လုံးဝ မရယူခဲ့ကြကြောင်း၊ သိမ်းယူစဉ်က ပိုင်ရှင်လယ်သမား များအား အသိပေးမှု လုံးဝ မရှိခဲ့ကြောင်း၊ စီမံကိန်း လုပ်ဆောင်မည်ဟု ပြောဆိုပြီး မြေကြီးများအား တူးဖော်မှသာ အြ ပန် အလှန် ပြဿနာတက်၍ ယနေ့အထိ ရပ်တန့်ထားခြင်းဖြစ်ကြောင်း သိရ သည်။

လယ်ယာမြေ အသိမ်းခံထားရသော ကျေးရွာများမှာ အင်ကြင်းကုန်း၊ ကန် ပဲ့၊ ချောင်းပါး၊ ဘုရားဖြူ၊ ညောင်ဝမ်း နှင့် ဝက်သားကင် ရွာများ ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service