ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး ယဉ်ကျေးမှု ဇုန်ပြင်ဆင်ရာတွင် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို မထိခိုက်အောင် ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
1924 Views

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး ယဉ်ကျေးမှု ဇုန်ပြင်ဆင်ရာတွင် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို မထိခိုက်အောင် ဆောင်ရွက်မည်

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ယဉ်ကျေးမှုဇုန် ပြင်ဆင် သတ်မှတ်ဆောင်ရွက်ရာ တွင် ဒေသခံပြည်သူ များ၏ အကျိုးစီးပွားကို မထိခိုက်အောင် ဆောင်ရွက် သွား မည်ဖြစ်ကြောင်း သိရသည်။

''ဇုန်ပြင်ဆင်သတ်မှတ်မှုနဲ့ ပတ်သက်ပြီး ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ တန့် ကြည်တောင်အထိ ဇုန်တိုးချဲ့သွား မှာ ဖြစ်ပါတယ်။ ဒီဘက်ခြမ်းမှာဆိုရင်ေ ညာင်ဦးမြို့နဲ့ ပုဂံမြို့ ရှိပါတယ်။ နောက်ပြီး ကျေးရွာပေါင်း ၁၉ ရွာလောက်ရှိ ပါမယ်။ အဲဒီမြို့ရွာတွေက အခုမှ ပေါ်ထွန်းလာတဲ့မြို့ရွာတွေ မဟုတ်ပါဘူး။ ပုဂံသမိုင်းကြောင်းနဲ့အတူ စီးမျောလာခဲ့တဲ့ သမိုင်းကြောင်း အမွေအနှစ်တွေ ပဲ ဖြစ်ပါတယ်။

ဇုန် ပြင်ဆင်သတ်မှတ်တဲ့နေရာမှာ မြို့ရွာတွေရွှေ့ခြင်း၊ ဆောက်ပြီးသား ဟို တယ်၊ မိုတယ်နဲ့ စားသောက်ဆိုင်တွေ ဖျက်ခြင်းလုံးဝ မလုပ်ပါဘူး။ ပုဂံရှေးေ ဟာင်းယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းတဲ့အခါမှာ ဇုန်ပြင်ဆင်သတ်မှတ်တာတွေပါမယ်။ ဥပဒေပြဋ္ဌာန်းမှုတွေ ပါမယ်။ အားလုံး ဟာ ဒေသခံလူထုရဲ့အကျိုးစီးပွားကို ဦးထိပ်ထားပြီး ဒေသခံတွေရဲ့အကျိုး စီး ပွားကို မဆန့်ကျင် စေရဘူး။ အကျိုးစီးပွားပိုမိုဖြစ်ထွန်းတဲ့ ကောင်းမွန်တဲ့ အ နာဂတ်ဖြစ်ပေါ်လာစေဖို့ အတွက် ဥပဒေတွေပါရေးဆွဲ ဆောင်ရွက်မယ်။ေ ဒသခံ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေလည်း ထူထောင်ခွင့်ရမှာ ဖြစ်ပါတယ်။

ဇုန်ပြင်ဆင်သတ်မှတ်မယ် ဆိုရင် ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားကို ပို မိုအကာ အကွယ်ပေးနိုင်ဖို့ အတွက်ကိုပဲ သတ်မှတ်သွားမှာပါ'' ဟု သာသ နာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို က ပြောကြားခဲ့သည်။

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းေ ရး လုပ်ငန်းများကို ၂ဝ၁၅ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ် စက် တင်ဘာလတွင် အဆိုပြုစာတွဲ(မူကြမ်း) Nomination Dossier (Draft) ကို တင်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုလက်ရှိ ၆ဝ ရာခိုင်နှုန်း ခန့်ေ ဆာင်ရွက်ပြီးစီးပြီဖြစ်သည်။

ယဉ်ကျေးမှုဇုန်ပြင်ဆင်ခြင်း လုပ်ငန်းများကို မန္တလေး တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဦးစီးဆောင်ရွက်လျက်ရှိပြီး ဇုန်ပြင်ဆင်ရာတွင် ဒေသခံပြည်သူ များ ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသခံစီးပွားရေးလုပ်ငန်းများအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက်မှုမရှိစေဘဲ တစ်နိုင် တစ်ပိုင်စီးပွားရေး လုပ်ငန်းများဆောင်ရွက်လာနိုင်စေရေး ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း ယဉ်ကျေးမှုအမွေအနှစ် များကို ပိုမိုထိရောက်စွာထိန်းသိမ်းကာကွယ်နိုင်ရေး အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရာတွင် ပိုမိုထိရောက်ပြီး ပြည်သူ တို့၏ လူမှုစီးပွားဘဝ တိုး တက်စေရေး မြို့ရွာများမရွှေ့ ပြောင်းဘဲ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြို့ရွာ သစ်များကို လည်း ဇုန်နှင့်လွတ်ကင်းသည့်နေရာများတွင် တည်ထောင် ပေး မည်ဖြစ်ကြောင်းနှင့် ဇုန်ထဲရှိ မြို့ရွာများကို လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေ ရန် ယဉ်ကျေးမှုအမွေအနှစ်ကိုမထိခိုက် စေဘဲ အသေးစား၊ အလတ်စား စီးပွားေ ရး လုပ်ငန်းများကို လည်း ခွင့်ပြုပေးမည်ဖြစ်ကြောင်းနှင့် အကြီးစား စက်မှု လုပ်ငန်းများကို ခွင့်ပြုပေးမည်မဟုတ်ကြောင်း သိရသည်။

ပုဂံယဉ်ကျေးမှုနယ်မြေ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာခဲ့ပါက ဒေသခြံ ပည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာမည်ဖြစ် သည့်အပြင် ဒေသ တွင်းရှိ ရိုးရာလက်မှုပညာများနှင့် မြန်မာ့ယဉ်ကျေးမှု အေ မွအနှစ်များကိုလည်း ကမ္ဘာကသိရှိလာမည်ဖြစ်သည်။

ထို့ပြင် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးမှုကြောင့် နိုင်ငံခြား ဝင်ငွေပိုမိုရရှိလာခြင်း၊ များပြားလာသောပြည်တွင်းခရီးသွား ဧည့်သည်များကြောင့် ဒေသခံများ ဝင်ငွေပိုမိုရရှိခြင်း၊ နိုင်ငံတော်အနေဖြင့်လည်း ပုဂံယဉ်ကျေးမှု အမွေအနှ စ် ဒေသသည် ကမ္ဘာပေါ်တွင်အရေးကြီးဆုံးသော ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာနေရာတစ်ခုဖြစ်ကြောင်း၊ အမွှမ်းတင် ဂုဏ်ပြုနိုင်ရန် အခွင့်အလမ်း ရရှိခြင်း၊ ပုဂံရှေးဟောင်းအမွေ အနှစ်ဒေသ၏ ရှေးဟောင်း အဆောက် အ အုံများ ဒြပ်ရှိ ဒြပ်မဲ့အမွေအနှစ်များနှင့် ယဉ်ကျေးမှုသဘာဝပတ်ဝန်းကျင် တို့ အား ကမ္ဘာ့အဆင့်မီ ကာကွယ်ထိန်းသိမ်းနိုင်ခြင်း၊ ပုဂံ ဒေသရှိ အမွေအနှစ် များအား ကာကွယ်ထိန်းသိမ်းရန် အတွက် နိုင်ငံတကာမှ နည်းပညာနှင့်ေ ငွကြေးအထောက် အပံ့များရရှိလာခြင်းတို့ကို ရရှိစေမည်ဖြစ်ကြောင်း သိရ သည်။

Monument Zone(MZ)၊ Ancient Zone(AZ)၊ Protective Zone(PZ)ဟု ရှိရာတွင် ညောင်ဦးနှင့်ပုဂံသည်Monument Zone(MZ)ထဲတွင်ရှိပြီး MZ အတွင်းမှ Protective Zone(PZ)ထဲသို့ ပြောင်းဆွဲလိုက်မည်ဆိုပါက ပုဂံနှင့်ေ ညာင်ဦးတို့၏ ရပ်တည်မှုသည် ပိုမိုခိုင်မာလာမည် ဖြစ်ပြီး မြို့သူမြို့သား များ အနေဖြင့်လည်း စိုးရိမ်ပူပန် ကြောင့်ကြမှုကင်းကင်းဖြင့် ဆက်လက် ရှင်သ န်နိုင်မည် ဖြစ်ကြောင်း သိရသည်။

MZ နှင့် AZ ထဲတွင် ဆောက်လက်စဟိုတယ် ၂၅ လုံး၊ မဆောက်ရသေး သည့် ဟိုတယ် ၁၇ လုံးရှိပြီး ဆောက်လက်စဟိုတယ်ကို သတ်မှတ်ထား သည့်အမြင့် ပေ ၃ဝ မကျော်ရန်နှင့် ရှေးဟောင်းအဆောက်အအုံများနှင့် ပေ ၁၂ဝ အကွာ အပြင်ဘက်တွင်ရှိပါက ဆက်လက် ဆောက်ခွင့်ပြု မည်ဖြစ်ေ ကြာင်း၊ မဆောက်ရသေးသည့် ဟိုတယ် ၁၇ လုံးကို ဆက်မဆောက်ရန်နှင့် ဟိုတယ်ဇုန် သီးသန့်သတ်မှတ်မည်ဖြစ်ကြောင်း၊ ဟိုတယ်ဇုန်ကိုလည်း MZ၊ AZ တို့နှင့် ငါးကီလိုမီတာအကွာတွင် သတ်မှတ်မည် ဖြစ်ကြောင်း ပြည်ေ ထာင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service