နိုင်ငံတကာအဆင့်မီ လက်ကားဈေးတည်ဆောက်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
1170 Views

နိုင်ငံတကာအဆင့်မီ လက်ကားဈေးတည်ဆောက်ရန် စီစဉ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ မေ ၅ ရက်
နံနက် ၉ နာရီခွဲက ပဲခူးမြို့ ကလိကျေးရွာအနီး
ရန်ကုန်-မန္တလေးကားလမ်းနှင့် မြို့ရှောင်လမ်းထောင့်တွင် နိုင်ငံတကာအဆင့်မီ လက်ကားဈေး (Whole Sale Center) တည်ဆောက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

အဆိုပါအခမ်းအနား၌ ဝန်ကြီးချုပ်က ပဲခူးမြို့သည် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကြောင့် ကုန်စည်စီးဆင်းမှုများ ပိုမိုများပြားလာမည် ဖြစ်ကြောင်း၊ လူဦးရေများပြားခြင်းနှင့်အတူ ယာဉ်ကြောကြပ်တည်းမှုများ မဖြစ်ပေါ်စေရေးတို့အတွက် နိုင်ငံတကာအဆင့်မီ ဈေးသစ်ကြီးများအား မြို့ပြင်ဘက်တွင် ကြိုတင်နေရာပေး စီစဉ်ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ကြောင်း၊ နိုင်ငံတကာ အဆင့်မီ
လက်ကားဈေးဆောက်လုပ်မည့် ကုမ္ပဏီသည် ရန်ကုန်မြို့တွင်း၌ အဆင့်မြင့်ဈေးများ၊ Super Market များ ဆောက်လုပ်လျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်၍ အတွေ့အကြုံများစွာရှိနေကြောင်း၊ ပဲခူးမြို့အတွက် အမှန်တကယ်လိုအပ်သည့် ဈေးသစ်ကြီးတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လက်ကားဈေးတည်ဆောက်ရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က Grand Style Co., Ltd က အဆိုပြုတင်ပြလာသည့် ဈေးတည်ဆောက်မည့် ဒီဇိုင်းပုံစံ နှင့်ပတ်သက်ပြီး စည်းကမ်းချက်များကိုလည်းကောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းက ဈေးသစ်ကြီးတည်ဆောက်ရာတွင် စားသောက်ဆိုင်
များ၊ ဟိုတယ်များ၊ Express Gate များ၊ ယာဉ်ရပ်နားစခန်းငယ်များလည်း ထည့်သွင်းစေလိုကြောင်း၊ Grand Style Co., Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေ
လင်းဦးနှင့် ဒုတိယဒါရိုက်တာ ဦးမြတ်သူတို့က နိုင်ငံတကာအဆင့်မီ လက်ကားဈေး(Whole Sale Center) တည်ဆောက်မည့် အဆောက်အအုံပုံစံများ၊ ဆိုင်ခန်းများအတွက် ပံ့ပိုးပေးထားသည့် အပိုင်းများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

ပဲခူးမြို့ ကလိကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းနှင့် မြို့ရှောင်လမ်းထောင့်တွင် နိုင်ငံတကာအဆင့်မီ လက်ကားဈေး (Whole Sale Center)နှစ်ထပ်အဆောက်အအုံအား ၁၈ လနှင့် အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ၁၅ ပေ x ပေ ၄ဝ (၁၂)ခန်းတွဲ ၁၉ လုံး၊ ၁၅ ပေx ပေ ၄ဝ (၁ဝ) ခန်းတွဲ နှစ်
လုံး၊ ၁၅ ပေx ပေ ၄ဝ ၂၄ ခန်းတွဲ တစ်လုံး စုစုပေါင်း ဆိုင်ခန်း ၂၇၂ ခန်း ပါဝင်မည် ဖြစ်သည့်အပြင် ယာဉ်အစီးရေ ၇ဝဝ ထိ ရပ်နားနိုင်သော Car Parkingတစ်ခုလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service