ထိုင်းနိုင်ငံရှိ ဘူတာရုံပေါင်း ၄၄၃ ခုကို ဖျက်သိမ်းမည်ဖြစ်ရာ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းလိုသူတို့က ဘူတာရုံ ၁၀ ခုကို နေရာရွှေ့ပြောင်းထိန်းသိမ်းထားမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1154 Views

ထိုင်းနိုင်ငံရှိ ဘူတာရုံပေါင်း ၄၄၃ ခုကို ဖျက်သိမ်းမည်ဖြစ်ရာ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းလိုသူတို့က ဘူတာရုံ ၁၀ ခုကို နေရာရွှေ့ပြောင်းထိန်းသိမ်းထားမည်ဟုဆို

ထိုင်းနိုင်ငံရှိ ဘူတာရုံပေါင်း ၄၄၃ ခုကို ဖျက်သိမ်းမည်ဖြစ်ရာ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းလိုသူတို့က ဘူတာရုံ ၁၀ ခုကို နေရာရွှေ့ပြောင်းထိန်းသိမ်းထားရန် စီစဉ်ကြလျက်ရှိကြောင်း ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ချီရာလမ်းမှ ခေါ်န်ကန်းသို့ ဆက်သွယ်သည့် လမ်းတစ်လျှောက်ရှိ လှပသော ဘူတာရုံ ၁၀ ခုကို ဒေသခံများက ထိန်းသိမ်းသွားကြရန် လှုပ်ရှားလျက်ရှိကြသည်။

ပြည်နယ်အာဏာပိုင်များနှင့် အဆိုပါဘူတာရုံ ၁၀ ခုအနီးဝန်းကျင်နေထိုင်သူတို့၏ သဘောတူညီချက်အရ ဒေသခံတို့သည် ဘူတာရုံ ရွှေ့ပြောင်းရန် ၊ ပြန်လည်နေရာချထားရန်နှင့် မူလပုံစံမပျက်ပြန်လည်တည်ဆောက်ရန်တို့အတွက် လိုအပ်သည့်ငွေကြေးကို ကိုယ်တိုင်ရန်ပုံငွေ ရှာဖွေကြရမည်ဖြစ်ကြောင်း သဘောတူထားကြသည်။

ထိုင်းနိုင်ငံတော်မီးရထားလမ်းဌာန (SRT) ၏ စီမံကိန်းအရ ဘူတာရုံဟောင်းပေါင်း ၄၄၃ ခုကို ဖျက်သိမ်းရန် စီစဉ်ထားခြင်းကို ဒေသခံတို့က ယဉ်ကျေးမှုနှင့် ဗိသုကာအမွေအနှစ်များ ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းကြခြင်းလည်း ဖြစ်သည်။

ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းလိုသူတို့က ယခုကဲ့သို့ ဘူတာများ ဖျက်သိမ်းခြင်းကို ကန့်ကွက်ထားပြီး မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရန်သာ တိုက်တွန်းတောင်းဆိုထားကြသည်။

ဖျက်သိမ်းမည့် ဘူတာရုံပေါင်း ၄၄၃ ခုအနက် ၂၀၀ ခန့်မှာ ယဉ်ကျေးမှုနှင့် ဗိသုကာဆိုင်ရာ သမိုင်းအမွေအနှစ်နေရာများအဖြစ် ထိန်းသိမ်းသင့်ကြောင်း ပြောဆိုကြသည်။

ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် နခွန် ရပ်ချာစီမာမှ အုပ်ချုပ်ရေးမှူး ဝီချီယန် ချန်တာရာနိုထိုင်းက ပြောကြားရာတွင် ဘူတာရုံဟောင်းများကို ဝယ်ယူရန်၊ ဖျက်သိမ်းရန်နှင့် ပြန်လည်တည်ဆောက်ရန်အတွက် ရန်ပုံငွေများ တည်ထောင်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။

အချို့ဘူတာရုံများကို စတင်ဖျက်သိမ်းနေပြီဖြစ်ပြီး ဘူတာရုံဟောင်းများကို ဓာတ်ပုံမှတ်တမ်းများရယူထားကာ ပြန်လည်တည်ဆောက် နိုင်ရန်အတွက် လိုအပ်သည့်အသေးစိတ် အချက်အလက် စာရွက်စာတမ်းများလည်း စုဆောင်းလျက်ရှိသည်။

ဘူတာရုံဟောင်းများကို ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့သို့ အခမဲ့လွှဲပြောင်းပေးရန် ဖြစ်နိုင်ချေကို SRT နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ဝီချီယန်က ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထိုင်းနိုင်ငံရှိ ဘူတာရုံပေါင်း ၄၄၃ ခုကို ဖျက်သိမ်းမည်ဖြစ်ရာ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းလိုသူတို့က ဘူတာရုံ ၁၀ ခုကို နေရာရွှေ့ပြောင်းထိန်းသိမ်းထားမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service