ပြည်ပသို့ ရွှေ တရားဝင် တင်ပို့မည် - Property News in Myanmar from iMyanmarHouse.com
1709 Views

ပြည်ပသို့ ရွှေ တရားဝင် တင်ပို့မည်

ရွှေလက်ဝတ်ရတနာများ ပြည်ပသို့ တရားမဝင် စီးဆင်းမှုများ ရှိနေ၍ သက်ဆိုင်ရာ ဌာနများနှင့် ညိုနိုင်း ဆောင်ရွက်နေပြီး ယခုနှစ်အတွင်း
တရားဝင် တင်ပို့နိုင်အောင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်
အတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီကို ပြောသည်။

ဦးခင်မောင်လွင်က “ရွှေလက်ဝတ်ရတနာတွေ တရားဝင် ဒီနှစ်ထဲမှာ တင်ပို့လို့ရအောင် ညိုနိုင်းဆွေးနွေး ဆောင်ရွက် နေပါတယ်။ အဓိက ဈေးကွက်က နယ်စပ်ဈေးကွက် တခုပဲ အားကိုးနေရတယ်။ ဒါကြောင့် ဒီနှစ်မှာဆိုရင် ဈေးကွက်သစ် ရှာတဲ့အခါ ဆန် ဆိုရင် တန်ချိန်တိုးပြီး ပင်လယ်ရေကြောင်းကနေ တင်ပို့နိုင်အောင် လုပ်မယ်။ နောက်ပြီး ပြောင်းဆိုရင် ပင်လယ်ရေကြောင်းကနေ မတင်ပို့နိုင်ဘူး။ ဒါကြောင့် ဗီယက်နမ်၊ မလေးရှား၊ ဟောင်ကောင်နဲ့ စင်ကာပူ စတဲ့ နိုင်ငံတွေကို တင်ပို့ နိုင်အောင် ဈေးကွက် ချိတ်ဆက် လုပ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

လက်ရှိတွင် ကုန်သွယ်မှုလိုငွေ လျှော့ချရန် ပို့ကုန်တိုးမြှင့်ခြင်းအပြင် တရားမဝင် ကုန်သွယ်မှုများကို တားဆီးနိုင်ရန် လိုင်စင် မလုပ်ဘဲ ခွင့်ပြုထားသည့် ကုန်ပစ္စည်း အမည်များကို လိုင်စင် ပြန်လည် သတ်မှတ်ခြင်း စသည်တို့ကို ညိုနိုင်း ဆောင်ရွက်နေကြောင်း သိရသည်။

ပြည်ပသို့ တရားဝင် တင်ပို့ ရောင်းချနိုင်သော ရွှေဗဟို ဈေးကွက်ကိုလည်း ယခု ၂၀၁၇ နှစ်လယ်ပိုင်းတွင် ပေါ်ပေါက်ရန် လုပ်ဆောင်နေပြီး ကျောက်မျက်ရတနာနှင့် ရွှေအရောင်းအဝယ် ပြုလုပ်နိုင်သော ပုဂ္ဂလိက ဈေးကွက်များ ဖွင့်လှစ် နိုင်ရန်လည်း MIC သို့ အဆိုပြုချက်များ တင်ပို့နိုင်ပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်း ဦးခင်မောင်ဟန်က “ မြန်မာ့ထုတ်ကုန် လိုတယ်။ အခုရွှေသာ ရောင်းနေကြတာ ၉၉၉ လား ဘာလားဆိုတာ သိဖို့လိုတယ်။

အရည်အသွေးကို အရင်လုပ်ရမယ်။ မြန်မာ့ စံချိန်စံညွန်းကို လုပ်နိုင်ရင် ကျနော်တို့ ရွှေကို ကျောက်မျက်နဲ့ ကပ်ပြီး နိုင်ငံတကာရောင်း တင်ပို့ရောင်းချမှာကို ဆွေးနွေးထားတာ အစိုးရဘက်က မူအားဖြင့် သဘောတူထားပါတယ်။ မြန်မာ့ရွှေနှင့်ကပ်သော လက်ဝတ်ရတနာအားလုံးကို ပြည်ပထွက်ခွင့်ပြုလိုက်ပါပြီ။ ဒါကြောင့် ပေါ်လစီရေးဆွဲနေပါတယ်’’ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “မကြာမီပေါ်ပေါက်လာမယ့် ရွှေဗဟိုဈေးကွက် ပေါ်လာရင် အဲဒီကနေ ရွှေ၊ ရွှေတုံး၊ ရွှေခဲ၊ ရွှေဒင်္ဂါးတွေ လည်း ပြည်ပကိုထွက်မယ်။ မြန်မာ့စံချိန်စံညွှန်းက ကမ္ဘာစံချိန်စံညွန်းကို ဝင်နိုင်ရမယ်။ ဒီကနေ လှမ်းချိတ်လိုက်တဲ့ သဘောဖြစ်တယ်။ မြန်မာ့လက်ဝတ်ရတနာ အားလုံးက ရွှေနဲ့ကပ်ပြီးဖြစ်စေ အိပ်စပို့ လုပ်သွားမှာ ဖြစ်တယ်။ အစိုးရကလည်း ခွင့်ပြုထားပါတယ်။ ဒါကြောင့် trade payment ဌာနဆိုင်ရာနဲ့ ညိုနိုင်းနေပါတယ်။ ချိန်ဆလုပ်ဆောင်နေ ပါတယ်။ ဒါက ၂၀၁၇ အလယ်မှာ ပြီးမယ်လို့ မှန်းထားပါတယ်’’ဟု ပြောသည်။

Credit: irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service