ရွှေထည် လက်ဝတ်ရတနာများ အပေါ် အခွန်ကောက်ခံမှု တံဆိပ်ခေါင်း မရှိသဖြင့် ရွှေဆိုင်များ အခက်အခဲရှိနေ ဟုဆို - Property News in Myanmar from iMyanmarHouse.com
4488 Views

ရွှေထည် လက်ဝတ်ရတနာများ အပေါ် အခွန်ကောက်ခံမှု တံဆိပ်ခေါင်း မရှိသဖြင့် ရွှေဆိုင်များ အခက်အခဲရှိနေ ဟုဆို

ရွှေထည်လက်ဝတ်ရတနာများအပေါ် ကုန်သွယ်လုပ်ငန်း ခွန်ကောက်ခံရာတွင် အခွန်တံဆိပ်ခေါင်းမရှိသည့်အတွက် ရွှေဆိုင်များအနေဖြင့် အခက်အခဲရှိနေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ဧပြီလ ၁ ရက်မှစတင်ကာ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံရန် ညွှန်ကြားထားသော်လည်း ယင်းအတွက် ရွှေဆိုင်များမှာ အခွန်တံဆိပ်ခေါင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ဆိုသည်။

ဦးကျော်ဝင်းက ''အခွန်တံဆိပ်ခေါင်း မရှိသေးတဲ့အတွက် အခွန်ဆောင်တဲ့ သူတွေကလည်း ဒီ ငွေတွေ နိုင်ငံတော်ကို တကယ်ကို ရောက်ရဲ့လားဆိုပြီး တချို့လည်း သံသယရှိတာပေါ့။ အဲဒါကြောင့် အများကြီး ရှင်းပြရတယ်။ ရွှေဆိုင်တွေအတွက် တော်တော်လေး အခက်အခဲ ရှိပါတယ်။ တံဆိပ် ခေါင်းနဲ့ ပတ်သက်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနကို ဆက်သွယ်မေးမြန်းတော့ ဒီလထဲရအောင် စီစဉ်နေပါတယ်လို့ ပြောပါတယ်''ဟု မေ ၁ ရက်က ဒီမိုကရေစီတူဒေးကို ပြောသည်။ ယင်းကဲ့သို့ ရွှေထည်လက်ဝတ်ရတနာများအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံမှုကြောင့် ရွှေအရောင်းအဝယ်များ ကျဆင်းမှုများရှိနေပြီး တချို့ရွှေဆိုင်များအနေဖြင့် ဝယ်ယူသူထံမှ ကောက်ခံခြင်းမပြုဘဲ ကိုယ်စားပေးဆောင်ရန် စီစဉ်ထားမှုများ ရှိနေကြောင်း သိရသည်။

တိတ်စိန်ရွှေဆိုင်မှ ဦးဇော်ဇော်အောင်က '' အခွန်တံဆိပ်ခေါင်း မရသေးပေမယ့် တချို့ဆိုင် တွေလည်း အခွန်စပြီးကောက်ခံနေတာရှိသလို တချို့လည်းကောက်ခံခြင်းမရှိပါဘူး။ တချို့ဆိုင်အနေနဲ့လည်း ဝယ်သူထံက မကောက်ဘဲ ကိုယ့် ဘာသာ ကိုယ်ဆောင်ပေးဖို့ စီစဉ်ထားတယ်။ ကျွန် တော်တို့ ဆိုင်အနေနဲ့လည်း ဝယ်သူဆီက မကောက်ဘူး။ ကိုယ်ဘာသာကိုယ်ဆောင်ပေးမယ်။ အခွန်တံဆိပ်ခေါင်းထွက်လို့ မကပ်ရင် ဒဏ်ကြေးပေးရ မှာဖြစ်တဲ့အတွက် နောက်ပိုင်းအခွန်တံဆိပ်ကောင်းရရင် အခွန်တံဆိပ်ကောင်းတော့ကပ်ပေးမယ်။ ပြည်တွင်းအခွန်ကတော့ မေလလယ်ထဲမှာ အခွန်တံဆိပ်ခေါင်း ရမယ်လို့တော့ ပြောထားတယ်''ဟု ဆိုသည်။

ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းထွဋ်က ''လက်ရှိအခွန်တံဆိပ် ကောင်းတွေကို ကုမ္ပဏီကနေမှာ ထားပါတယ်။ ဒီလထဲမှာရောက်လာရင် ဖြန့်ဖြူးပေးသွားမှာပါ။ အခွန်တံဆိပ်ကောင်းတွေက ကျပ် ၁ဝဝ တန်၊ ၂ဝဝ တန်ကနေ ၅ဝဝဝ တန်၊ တစ်သောင်းတန် အထိပါဝင်မှာပါ''ဟု ဆိုသည်။ လက်ရှိအခွန်ဥပဒေအရ မီးလင်းရွှေ (ရွှေ တုံး၊ ရွှေခဲ)အနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ငါး ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ပြီး အဆိုပါအခွန် ကောက်ခံမှု ဆိုင်းငံ့ပေးရန်အတွက် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းအနေဖြင့် ပြည်တွင်း အခွန်များဦးစီးဌာနသို့ မေတ္တာရပ်ခံစာပေးပို့ထား ကြောင်း သိရသည်။


Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service