ဂျပန်နိုင်ငံမှ မန္တလေးမြို့သို့ လေကြောင်း တိုက်ရိုက် ပြေးဆွဲရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
2127 Views

ဂျပန်နိုင်ငံမှ မန္တလေးမြို့သို့ လေကြောင်း တိုက်ရိုက် ပြေးဆွဲရန် စီစဉ်

နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံမှ မန္တလေးမြို့သို့ လေကြောင်း တိုက်ရိုက် ပျံသန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

“မန္တလေး လေဆိပ်က အင်တာနေရှင်နယ် လေဆိပ်ပဲလေ။ ဆင်းမယ်ဆို ဆင်းလို့ရတယ်။ လေကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းရမဲ့ အပိုင်းလေးတွေတော့ ရှိသေးတယ်”ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန သတင်းပြန်ကြားရေး ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောကြားသည်။

လက်ရှိတွင် ဂျပန်နိုင်ငံနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး လေကြောင်းလိုင်း တိုးချဲ့ပျံသန်းမည်ဆိုပါက မည်သည့် လေကြောင်းလိုင်းဖြင့် ပျံသန်း ပြေးဆွဲမည်ကို ညှိနှိုင်းပြီးမှသာ အတိအကျ သိရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဂျပန်နိုင်ငံ ဆာကူရာဖောင်ဒေးရှင်း၏ ဖိတ်ကြားချက်အရ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဧပြီလ ၈ ရက်မှ ၁၆ ရက်အထိ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဂျပန်-မြန်မာ တိုက်ရိုက် လေကြောင်းလိုင်း တိုးချဲ့ ပြေးဆွဲနိုင်ရန် အဆိုပြု ဆွေးနွေးခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ယင်းအပြင် ဂျပန်နိုင်ငံ Osaka University of Tourism က အမေရိကန် ဒေါ်လာသန်း ၂၀ဝ အကုန်ကျခံ၍ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း တက္ကသိုလ် တည်ဆောက်ရန်လည်း ရှိနေကြောင်း၊ လတ်တလောတွင် မြန်မာနိုင်ငံ အနေနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ MoU ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ဂျပန်နိုင်ငံတွင် လေယာဉ်ကွင်း ၆၇ ခုရှိရာ ဂျပန်နိုင်ငံအခြေစိုက် All Nippon Airline (ANA) လေကြောင်းလိုင်းသည် ၂၀၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ နေ့စဉ် တိုက်ရိုက် ပြေးဆွဲလျက်ရှိသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service