မြို့သစ်ဖော်ဆောင်ဖို့ လိုသလား........ - Property News in Myanmar from iMyanmarHouse.com
967 Views

မြို့သစ်ဖော်ဆောင်ဖို့ လိုသလား........

ရန်ကုန်တိုင်းဒေသကြီးမှာ မြို့သစ်စီမံကိန်းတွေဖော်ဆောင်သွားမယ်လို့ အရင်အစိုးရလက်ထက်ကတည်းက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီလို သတင်းတွေထွက်ပေါ်လာတာနဲ့အမျှ ဒီသတင်းတွေအပေါ်မှာ ဖော်ဆောင်သင့် ၊ မသင့် နဲ့ ပတ်သက်လို့ သုံးသပ်မှုတွေလည်း ကြားရပါတယ်။သို့သော်ငြား မြို့သစ်စီမံကိန်းကတော့ ကနေ့အထိ လှုပ်ရှားသက်ဝင်ခြင်းမရှိသေးပါဘူး။

မြို့သစ်စီမံကိန်းတကယ်လိုအပ်သလားဆိုတဲ့ မေးခွန်းကတော့ ယနေ့ကာလအထိ ကျယ်ကျယ်လောင်လောင်ကြားနေရဆဲဖြစ်ပါတယ်။ဒီလိုမေးခွန်းတွေနဲ့ပတ်သက်လို့ အိမ် ခြံ မြေ ကဏ္ဍက သက်ဆိုင်သူတစ်ချို့ကိုမေးကြည့်ရာမှာလည်း တချို့အချက်တွေကြောင့်လိုအပ်ကြောင်း ပြောဆိုကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အိမ် ခြံမြေ လုပ်ငန်းရှင်များအသင်း ဥက္ကဌကတော့ မြို့သစ်လိုအပ်ကြောင်းကို အခုလိုပြောပြထားပါတယ်။"""ရန်ကုန်မြို့သစ်စီမံကိန်းက မလိုဘူးလားဆိုတော့ တကယ်ကိုလိုအပ်ပါတယ်။ဘယ်နေရာမှာပဲဖြစ်ဖြစ် ဖော်ဆောင်ဖို့လိုအပ်နေပြီလို့ပြောရမှာပါ။ဘာကြောင့်လဲဆိုရင် လက်ရှိမြို့ဟောင်းရဲ့ အခြေအနေတွေကြောင့်ပါ။ကျွန်တော်တို့ မြို့ဟောင်းမှာ မြေနေရာအနေအထားတွေအရ သိပ် မကျန်တော့ပါဘူး။ဒါက တစ်အချက်ပါ။ နောက်ပြီး လိုအပ်ချက်တွေကအများကြီးရှိပါတယ်။နောက်တစ်ခါ လူဦးရေ ခုနှစ်သန်းလောက်အတွက် လက်ရှိရှိနေတဲ့ မြို့အင်္ဂါရပ်နဲ့ မလုံလောက်တော့ပါဘူး။ Land and population တဖြည်းဖြည်း အချိုးမညီဖြစ်လာတာနဲ့အမျှ လက်ရှိမြို့ဟောင်းရဲ့ မြေဈေးတွေက ကြီးမြင့်နေပါတယ်။ဒါတွေကိုလျှော့ချဖို့အတွက် မြို့သစ်စီမံကိန်းကတော့ လိုအပ်ပါတယ်။""လို့သုံးသပ်ထားပါတယ်။

အရင်အစိုးရလက်ထက်မှာကတည်းက ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ မြို့သစ်ဖော်ဆောင်မယ်လို့ ဆိုခဲ့တာတွေရှိပေမယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညို ညို သင်း ကကန့်ကွက်ခဲ့ရာကတစ်ဆင့်ရပ်ဆိုင်းထားခဲ့ရတာပါ။ဒီလို ကန့်ကွက်ခဲ့တာကလည်း ကာလတန်ကြေးအရ များပြားလွန်းတဲ့ပမာဏကို တင်ဒါခေါ်ယူတာမျိုးမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်တို့ကို လက်သိပ်ထိုးပေးတဲ့ပုံစံကြောင့် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ကန့်ကွက်မှုအသံတွေ မပေါ်ထွက်သေးခင်ကာလမှာတော့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းကမြေနေရာတွေဟာ ဈေးနှုန်းကြီးမြင့်စွာနဲ့ ရုတ်တရက်အရောင်းအဝယ်ကောင်းခဲ့ပါတယ်။စီးပွားရေးသမားအများစုကလည်း ဝယ်ယူမြုပ်နှံထားခဲပါတယ်။ဒါပေမယ့် ယခင်အစိုးရလက်ထက်မှာ မြို့သစ်စီမံကိန်းက အကောင်အထည်ဖော်မဆောင်ရွက်နိုင်ခဲ့ပါဘူး။

လက်ရှိအစိုးရသစ်လက်ထက်မှာလည်း ရန်ကုန်တိုင်းလွှတ်တော်မှာ စီမံကိန်း ကိစ္စရပ်တွေနဲ့ ပတ်သက်လို့အများစု သဘောတူထားကြပေမယ့် မြို့သစ်စီမံကိန်းဖော်ဆောင်မှုအတွက်တော့ သဘောတူညီမှုမရသေးပါဘူး။ဒီလိုအခြေအနေတွေမတိုင်ခင်ကတည်းက မြို့သစ်စီမံကိန်း ဧရိယာနေရာမှာ ဝယ်ယူရင်းနှီးမြုပ်နှံထားတဲ့သူတွေကတော့ လတ်တလောမှာ ငွေသေနေတယ်လို့ပဲသုံးသပ်ရမှာပါ။

မြို့သစ်ကိုဖော်ဆောင်ဖို့လိုတယ်ဆိုပေမယ့် အမှန်တကယ် လူနေမှုစနစ်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်တဲ့ မြို့တစ်မြို့ဖြစ်ဖို့လည်းလိုပါတယ်။မြို့သစ်တွေဖော်ဆောင်ခဲ့တာရှိပါတယ်။ဒါပေမယ့် အခြေခံ အဆောက်အအုံမပြည့်စုံမှုတွေကို လုံးဝ မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ဒီလို ပုံစံမျိုးတွေ ထပ်မံဖော်ဆောင်မယ့် မြို့သစ်တွေမှာဖြစ်မလာဖို့ လိုပါတယ်။

ထပ်မံတည်ဆောက်မယ့် မြို့သစ်နေရာတွေမှာ ကျန်းမာရေးဝန်ဆောင်မှု၊လျှပ်စစ်ဓာတ်အား ပြည့်စုံမှု ၊ ပညာရေးဝန်ဆောင်မှု စတာတွေကအစ လုံလောက်စွာပြည့်စုံဖို့လိုအပ်ပါတယ်။အစစအရာရာပြည့်စုံတဲ့ မြို့သစ်တွေပေါ်ပေါက်လာရင် လက်ရှိမြို့ဟောင်းကလည်း ဈေးကျသွားပါမယ်။ရင်းနှီးမြုပ်နှံသူတွေလည်း မြို့သစ်ဘက်ကို သွားရောက်ရင်းနှီးမြုပ်နှံနိုင်ပါမယ်။စီးပွားရေးအရလည်း နေရာသစ်တွေပေါ်ပေါက်လာပါမယ်။တကယ်လို့ အထက်မှာဖော်ပြထားသလို မြို့သစ်မျိုးတွေပေါ်လာနိုင်မယ်ဆိုရင်တော့ ဖော်ဆောင်သင့်ကြောင်း တင်ပြလိုက်ရပါတယ်။

မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service