ပေးကမ်းခြင်းနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
1986 Views

ပေးကမ်းခြင်းနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

Knowledge | Posted by Shwe Zin Win

ပေးကမ်းခြင်းဆိုသည်မှာ တည်ရှိသည့် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း(သို့) မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်စုံတစ်ရာကို ပေးသူ(Donor) က လက်ခံ ရယူသူ (Donee)သို့ အဖိုးစားနားမပါဘဲ မေတ္တာသက်ဝင်၍ အလိုအလျောက် လွှဲပြောင်းပေး၍ လက်ခံယူသူက(သို့) ၎င်း၏ ကိုယ်စားလှယ်က လက်ခံ ရ ယူလျှင် ထိုသို့လွှဲပြောင်းပေးခြင်းကို ပေးကမ်းခြင်းဟု ခေါ်သည်။

ထိုသို့ ပေးကမ်းခြင်းကို လက်ခံယူမည့်သူ အသက်ရှိနေစဉ် လက်ခံယူခြင်ြး ဖစ်ရမည်။ လက်ခံယူခြင်းမပြုမီ လက်ခံမည့်သူ သေဆုံးလျှင် ပေးကမ်းခြင်း ပျက်ပြယ်သည်။ (ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ-၁၂၂)

၁၉၂၂ ခုနှစ်၊ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအရ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်စုံတစ်ရာကို ပေးကမ်းလိုလျှင် ပုဒ်မ-၁၂၂ အရ ပေးကမ်းခြင်း အထမြောက်ရန်အလို့ငှာ-

➢ ပေးကမ်းသူနှင့် လက်ခံသူ ရှိရမည်။
➢ ပေးကမ်းသည့် ပစ္စည်းသည် ပေးကမ်းသူ၏ လက်ရှိပစ္စည်းဖြစ်ရမည်။
➢ ပေးကမ်းသူက အလိုအလျောက် အဖိုးစားနားမရှိဘဲ ပေးကမ်းခြင်းဖြစ်ရမည်။
➢ ပေးကမ်းသူက မိမိပိုင်ပစ္စည်းကို လွှဲပြောင်းပေးရမည်။
➢ ပေးကမ်းသောပစ္စည်းကို လက်ခံသူက ပေးသူအသက်ရှင်ဆဲ ပေးနိုင်သည့် အခြေအနေရှိစဉ်က လက်ခံရမည်။
➢ ပေးကမ်းခြင်းကို မှတ်ပုံတင် စာချုပ်ဖြင့် ပြုလုပ်၍ အသိသက်သေနှစ်ဦး လက်မှတ်ရေးထိုးရပါမည်။

စိန်၊ ရွှေ အစရှိသော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းကို ပေးကမ်းလျှင် စာချုပ်ပြုလုပ်၍ဖြစ်စေ၊
လက်ရောက်ဖြစ်စေ ပေးပါက ခိုင်မာတည်မြဲပါသည်။

ပေးကမ်းခြင်းနှင့် လှူဒါန်းခြင်းမှာ အတူတူဖြစ်၍ လှူဒါန်းခြင်းကိုလည်း ပေးကမ်းခြင်းအတိုင်း ဆောင်ရွက်ရပါမည်။

ပေးကမ်းခြင်းကို အောက်ပါကိစ္စများပေါ်ပေါက်က ရပ်ဆိုင်း/ဖျက်သိမ်းနိုင်သည်။

➢ ပေးကမ်းသူ၏ ဆန္ဒအရမဟုတ်ဘဲ အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်က ပေးကမ်းခြင်းကို ရုပ်သိမ်းနိုင်သည်ဟု သဘောတူညီထားခြင်း။
➢ ပေးကမ်းသူတစ်ဦးတည်း၏ ဆန္ဒအရ အားလုံးသော်လည်းကောင်း၊ တစ်ချို့တစ်ဝက်သော်လည်းကောင်း ပျက်ပြယ်စေရန် သဘောတူညီချက်ဖြင့် ပေးကမ်းခြင်း။
➢ ပျက်ပြယ်စေနိုင်သော ပဋိညာဉ်ပါ အကြောင်းတစ်ရပ်ရပ်ကြောင့် ပြုလုပ်ခဲ့ရလျှင် (ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ-၁၂၆)

တံဆိပ်ခေါင်းဥပဒေအရ တန်းဖိုးငွေအလိုက် မိသာစုခံဝန်ချုပ်ဖြင့် ပေးကမ်းခြင်း ၁.၅% ထမ်းဆောင်
ရမည်။

မှတ်ပုံတင်ခမှာ စာချုပ်တန်ဖိုးငွေ၏ ပထမ ၁၀၀၀၀၀ိ/- အတွက် (၃၁၀ိ/-)နှင့် ကျန်တန်ဖိုးငွေများကို ၁၀၀၀ိ/- လျှင် (၂ိ/-) နှုန်းဖြင့် ပေးဆောင်ရပါမည်။

မှတ်ပုံတင် စာချုပ်စာတမ်းပြုလုပ်၍ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေနှင့်အညီ ပေးကမ်းသော်လည်း
အမွေခံ အမွေစားများ၏ အခွင့်အရေးဆုံးရှုံးလောက်အောင် ရှိသမျှပစ္စည်းအားလုံးကိုမူကား မပေးကမ်းနိုင်။(ဒေါ်သိုင်းနှင့် ဒေါ်ငွတ်၊ ၁၉၄၉ ၊ မတစ၊ လွှတ်တော် ၄၇၁)

မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်ခုခုကို မှတ်ပုံတင်စာချုပ်မပြုလုပ်ဘဲ ပေးကမ်းလျှင် တရားမဝင်၊ ပစ္စည်းရသူသည် မှတ်ပုံတင်စာချုပ်မရှိဘဲ ပစ္စည်းကို တောင်းဆိုပိုင်ခွင့်မရှိပေ။ (မောင်ပုနှင့် ဦးသာပြေ၊ ၁၉၄၈၊ မတစ၊ ၇၁၇)


Credit : U Myint Lwin

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
ruby
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service