ရန်ကုန်တိုင်းအတွက် အခွန်တံဆိပ်ခေါင်း ဝယ်ယူသုံးစွဲမှုကနေ တစ်လကို ကျပ် ၉၅၃ သန်း ရရှိ - Property News in Myanmar from iMyanmarHouse.com
3047 Views

ရန်ကုန်တိုင်းအတွက် အခွန်တံဆိပ်ခေါင်း ဝယ်ယူသုံးစွဲမှုကနေ တစ်လကို ကျပ် ၉၅၃ သန်း ရရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်တံဆိပ်ခေါင်းဝယ်ယူသုံးစွဲတာကနေ တစ်လကို ဝင်ငွေကျပ် ၉၅၃ သန်းရရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ် ။

သည်နေ့ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ လှိုင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းရဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန် တံဆိပ်ခေါင်းဝယ်ယူသုံးစွဲတဲ့ ဆိုင်မည်မျှရှိသနည်းနဲ့ တစ်လ တံဆိပ်ခေါင်း မည်မျှရောင်းရလဲဆိုတဲ့ မေးခွန်းကို ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ် ။

အခွန်တံဆိပ်ခေါင်းများ ကပ်တဲ့ ဥပဒေကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၁၅ - ၂၀၁၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်တံဆိပ်ခေါင်း ၁၅၀၈ ဆိုင်ရှိခဲ့ပြီး ၂၀၁၆ - ၂၀၁၇ ခုနှစ်မှာ တံဆိပ်ခေါင်း အသုံးပြုတဲ့ဆိုင် ၂၂၆၅ ဆိုင် ရှိခဲ့ပါတယ်။ တံဆိပ်ခေါင်းအသုံးပြုတဲ့ဆိုင် ၇၅၇ ဆိုင် တိုးတက်ခဲ့တယ် လို့ သိရပါတယ် ။ သည်နှစ်အတွက် တံဆိပ်ခေါင်းခွန် ကောက်ခံရရှိငွေက ကျပ် ၁၁ ဘီလျံကျော် ရရှိခဲ့တာ ဖြစ်ပါတယ် ။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်တံဆိပ်ခေါင်း အသုံးပြုတဲ့ ဆိုင်များ ရှိေ နသော်လည်း စားသုံးသူ ပြည်သူများအပေါ် မှန်မှန်ကန်ကန် ဆောင်ရွက်ြ ခင်း မရှိတဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ထိထိရောက်ေ ရာက် အရေးယူဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အခွန်ငွေ ပိုမိုရရှိရန် ဆောင် ရွက်သင့်ကြောင့် ဦးကျော်ကျော်ထွန်းက ပြောပါတယ် ။

လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ‘စားသောက် ဆိုင် ၊ ဘီယာဆိုင် ၊ ထမင်းဆိုင်ကြီးများမှာ လာရောက်စားသုံးသူတွေက စားသုံးလိုက်တဲ့ ကုန်ကျငွေရဲ့ ငါးရာခိုင်နှုန်းကို အခွန်အဖြစ် ပေးဆောင်နေ ရတာ ဖြစ်ပါတယ် ၊ အခွန်တံဆိပ်ခေါင်း ကပ်ပေးဆောင်နေကြတာ ဖြစ်ပါ တယ် ၊ ဆိုင်ရှင်တွေကတာဝန်ယူ ကောက်ခံရာမှာ ဆိုင်ရှင်တွေက စားသုံးသူ များထံက အမြတ်ရရှိပြီးလဲ ဖြစ်ပါတယ် ၊ ဝန်ဆောင်ခအနေနဲ့ ၁၀ ရာခိုင်နှုန်း ထပ်မံကောက်ခံနေတဲ့ ဆိုင်တွေလဲ ရှိပါတယ် ၊ အဆိုးဆုံးကတော့ စားသုံး သူတွေက အစိုးရထံကို ပေးဆောင်ရသော အခွန်တံဆိပ်ခေါင်းတွေကို မှန် မှန်ကန်ကန် ကပ်ပေးမှုမရှိခြင်းပဲ ဖြစ်ပါတယ်၊ တချို့ဆိုင်တွေက လုံးဝ ကပ် မပေးခြင်းလဲ ရှိပါတယ်’ လို့ ပြောပါတယ် ။

တချို့ဆိုင်တွေက အလွယ်တကူ ပြန်လည်ခွာယူပြီးတော့ သုံးစွဲလို့ရအောင် ကပ်ပါတယ် ။ စားသုံးသူ တော်တော်များများက ပြေစာတွေ ကို ပြန်မယူ သွားတဲ့ အတွက် တံဆိပ်ခေါင်းတွေကို ပြန်လည်အသုံးချတယ်လို့ ဆိုင်ဝန် ထမ်းတွေရဲ့ ပြောပြချက်အရ သိရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ဆက်လက်ပြောကြားပါတယ် ။

အခွန်ငါးရာခိုင်နှုန်း ပေးဆောင်တဲ့ တံဆိပ်ခေါင်းတွေက ပေးပြီးကြောင်း တံဆိပ်နှိပ်တာ ၊ ဘောပင်နဲ့ခြစ်တာတွေ ဆောင်ရွက်ပေမဲ့ သည်လိုမျိုး လုပ်ေ ဆာင်ထားခြင်းမတွေ့ရဘူးလို့ သိရပါတယ် ။ စားသုံးသူတွေက ဘယ်ေ လာက်ကျကြောင်း ဘောက်ချာကို တောင်းလေ့တောင်းထမရှိလို့ ငွေရှင်းထားတဲ့ ဘောက်ချာက အခွန်တံဆိပ်ခေါင်းတွေကို ပြန်အသုံးပြုတာတွေလည်း ရှိနေပြီး ဆိုင်တချို့က စားသုံးသူနဲ့ အစိုးရကြားမှာ အခွန်ဆောင်တဲ့ဟာကို ကြားကနေ အမြတ်ထုတ်နေတဲ့ ပုံစံဖြစ်နေတယ်လို့ လွှတ်တော်မှာ ဝေဖန်ေ ထာက်ပြခဲ့ပါတယ် ။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ‘အခွန်ကောက်ခံတဲ့ နေရာ မှာ အခွန်ကောက်ခံမှုမြေစာ ထုတ်မပေးတဲ့ ဆိုင်တွေလဲ ရှိပါတယ် ၊ အခွန် တံဆိပ်ခေါင်းကို မကပ်တာတွေလဲ ရှိတယ် ၊ ဖြစ်သလို လုပ်ဆောင်မှုတွေေ ကြာင့် အခွန်ငွေလေလွင့်မှုတချို့လဲ ရှိနေတယ် ၊ ဒါကြောင့် စစ်ဆေးရေးအဖွဲ့ သုံးဖွဲ့ဖွဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ အရ အရေးယူခဲ့တာတွေ လဲ ရှိတယ်’ လို့ ပြောပါတယ် ။


Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်က
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်က
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ruby
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service