ရန်ကုန်တိုင်းအတွင်းရှိ ပြည်တွင်း၊ ပြည်ပအသေးစား၊ အလတ်စား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် မြေယာဈေနှုန်း သက်သာစွာ ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
2148 Views

ရန်ကုန်တိုင်းအတွင်းရှိ ပြည်တွင်း၊ ပြည်ပအသေးစား၊ အလတ်စား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် မြေယာဈေနှုန်း သက်သာစွာ ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်တွင်း၊ ပြည်ပအသေးစား၊ အလတ် စား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် မြေယာဈေးနှုန်း သက်သာစွာ ရ ရှိနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း ဧပြီ ၃ ရက်တွင် ပြုလုပ်သည့် ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (ပဉ္စ မနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

အဆိုပါကိစ္စအား ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) လွှတ်ေ တာ် ကိုယ်စားလှယ် ဒေါ်မြလှစံမှ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အသေး စား၊ အလတ်စား စက်မှုဇုန် လုပ်ငန်းများတိုးတက်ရန် လိုအပ်သော အခြေခံ အချက်အလက်များ စနစ်တကျ ဖြည့်ဆည်း အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် မည်သို့စီမံ ဆောင်ရွက်ထားသည်နှင့် ပတ်သက်ပြီး မေြး မန်းရာတွင် ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“နောက်မြေယာနဲ့ပတ်သက်လို့ မြေယာဈေးနှုန်း ကြီးမြင့်တဲ့ကိစ္စကိုတော့ ကျွန်မတို့ကို SME လုပ်လိုသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ကိုယ်တိုင် လည်း လာရောက်ဆွေးနွေးပါတယ်။ ဒီ့အတွက် ပြည်တွင်း လုပ်ငန်းရှင် များရော နိုင်ငံခြားမှ အသေးစား၊ အလတ်စား ရင်းနှီးမြှုပ်နှံလိုသူများ အဆ င်ပြေစေရေး အတွက် မြေယာကို ဈေးနှုန်းသက်သာစွာ ရရှိရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒေါ်နီလာကျော်က ပြောကြားသည်။

ထို့ပြင် စက်မှုဇုန်များ အဆင့်မြှင့်တင်ရေးအတွက် အမှိုက်စွန့် ပစ်ခြင်း၊ ရေ ဆိုးစွန့်ပစ်ခြင်း၊ ရေသန့်ရရှိရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင် ရန်အတွက် စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားေ ကြာင်း၊ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကိုလည်း ကျင်းပပြုလုပ် ပေးခဲ့ကြောင်း ၎င်းက ဆက် လက် ပြောကြားသည်။

“စက်မှုဇုန်များ အဆင့်မြှင့်တင်ရေးအတွက် အမှိုက်စွန့်ပစ်ရေး၊ ရေဆိုးစွန့် ပစ်ရေး လုပ်ငန်းများ ရေသန့်ရရှိရေး လုပ်ငန်းများ အားလုံးကို စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန် စက်မှုဇုန်များ ကြီးကြပ်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးတော့ လက်ရှိကော်မတီတွေကို စီစဉ်ဆောင်ရွက်ပေးမယ့် စက်မှု ဇုန် ကြီးကြပ်ရေး ကော်မတီ တစ်ရပ်ကိုလဲ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ထိုကော်မတီကနေပြီးတော့ စက်မှုဇုန်လုပ်ငန်းတွေကို အဆင်ပြေ စွာ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးဖို့ စီစဉ်ထားပါတယ်” ဟု ဒေါ်နီလာကျော်က ပြောကြားသည်။

ထို့ပြင် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အသေးစား၊ အလတ်စား စီပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျကြောင်း၊ စက်ရုံ ကြီးတစ်ရုံတည် ဆောက်ရေးထက် အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အဓိက အလေးပေး ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။


Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်က
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်က
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအာ
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအာ
shwe-wutthmone
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service