ရန်ကုန်တိုင်းဒေသန္တရ စီမံကိန်းဥပဒေကြမ်း အတည်ပြုခြင်းသည် မြို့သစ်စီမံကိန်းကဲ့သို့ စီမံကိန်းလုပ်ငန်းများကို အတည်ပြုခြင်း မဟုတ်ဟု ဒေါ်စန္ဒာမင်းပြော - Property News in Myanmar from iMyanmarHouse.com
1354 Views

ရန်ကုန်တိုင်းဒေသန္တရ စီမံကိန်းဥပဒေကြမ်း အတည်ပြုခြင်းသည် မြို့သစ်စီမံကိန်းကဲ့သို့ စီမံကိန်းလုပ်ငန်းများကို အတည်ပြုခြင်း မဟုတ်ဟု ဒေါ်စန္ဒာမင်းပြော

ရန်ကုန်တိုင်းဒေသကြီး ၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ဒေသန္တ ရစီမံကိန်းဥပဒေ ကြမ်းကိုအတည် ပြုခြင်းသည် မြို့သစ်စီမံကိန်းကဲ့ သို့သော် စီမံကိန်း လုပ် ငန်းများကို အတည်ပြုခြင်းမဟုတ်ကြောင်း ဒေါ်စန္ဒာမင်းကပြောသည်။

အဆိုပါဥပဒေကြမ်းကိုလွှတ် တော်ကိုယ်စားလှယ်များက မတ် လ ၂၃ ရက် တွင် ဆွေးနွေးပြီး ၂၈ ရက်၌ တိုင်း ဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က ပြန်လည်ရှင်းလင်းခဲ့ပြီး လွှတ် တော်၏ အဆုံးအဖြတ် ရယူခဲ့ သည်။

လွှတ်တော်၏ အတည်ပြု ချက်ရယူရန် ကြေညာစဉ်ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဒေါ်စန္ဒာမင်းက ထိုင်ခုံမှ မတ်တတ်ထရပ်၍ အ ထက်ပါအ တိုင်း သတိပေးပြောကြားသည်။

‘‘ကျွန်မတို့အနေနဲ့ ရန်ကုန် တိုင်းဒေသကြီး ဒေသန္တရဥပဒေ ကြမ်းကို အ တည်ပြုလို့ရပါတယ်။ ဒါပေမဲ့ ဥပဒေကြမ်းမှာ နောက် ဆက်တွဲပါဝင်တဲ့ စီမံ ကိန်းပရော ဂျက်အခြေအနေတွေကိုကျွန်မ တို့ အတည်မပြုသေးပါဘူး။ ဟို
နေ့က လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ဆွေးနွေးသွားပါ တယ်။ ဥပဒေကြမ်းနဲ့ပရောဂျက် ရောထွေးနေတာဖြစ်တဲ့အတွက် ဥပဒေကြမ်းကို ကျွန်မတို့အတည် ပြုပါတယ်။ ပရောဂျက်ကို အ တည်မပြုသေးပါဘူး’’ဟု ၎င်း က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက စီမံကိန်းလုပ် ငန်းများကို ဥပဒေကြမ်း တင်သွင်းစဉ် ဖော်ပြထားခြင်း သည် လွှတ်တော် ကိုယ်စားလှယ် များကို အခြေခံအကြောင်းအရာ များ သိရှိအောင် အသိပေး သည့် အနေဖြင့် တင်ပြခြင်းဖြစ်ပြီး ဥပ ဒေကြမ်းကို အတည်ပြုစေလို
ကြောင်း ပြန်လည်ရှင်းလင်းခဲ့ သည်။

၂၀၁၇-၁၈ ရန်ကုန်တိုင်း ဒေသကြီး၏ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်း ဥပေ ဒကြမ်းတွင် ရန်ကုန် မြို့သစ်စီမံကိန်းနှင့် ပတ်သက် သော အကြောင်း အရာ များကို တစ်စိတ်တစ်ပိုင်းသာ ဖော်ပြ ထားပြီး စီမံကိန်းလုပ်ငန်းတစ်ခု လုံးကို လွှတ်တော်သို့တင်ပြရန် လွှတ်တော် ကိုယ်စားလှယ်များက တောင်းဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်း၌ တိုင်းဒေသကြီးအစိုးရဘက်မှ ရင်း နှီးမြှုပ်နှံမည့် အထဲတွင် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးပါဝင်မည်ဟု သိရှိထားခြင်းကြောင့် ယင်းကိစ္စ ရပ်အပေါ် လက်မခံနိုင်ကြောင်း ဒေါ်စန္ဒာမင်းက ပြီးခဲ့သည့်ရက် ပိုင်းအတွင်း လွှတ်တော်တွင် ကန့် ကွက်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ရန်ကုန်မြို့သစ် စီမံကိန်းကို တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ရှယ်ယာ ၅၁ ရာခိုင်နှုန်း ထည့်ဝင် ကာ အ ကောင်းဆုံးနှင့်အဖြစ်သင့်ဆုံးပုံစံ ဖြင့် အကောင်အထည်ဖော်ေ ဆာင်ရွက်မည်ဟု ဥပဒေကြမ်း နှင့်ပတ်သက်၍ ရှင်းလင်းစဉ် ထည့်သွင်းပြော ကြားသည်။

သို့သော် ဒေါ်စန္ဒာမင်းကန့် ကွက်ပြောကြားခဲ့သည့် အစိုးရ အဖွဲ့ဘက်မှ လုပ်ငန်းရှင်တစ်ဦးပါ ၀င်မည်ဆိုသည့် ကိစ္စကိုမူ ထည့် သွင်းရှင်းလင်းခြင်း မရှိပေ။

ဒေသန္တရစီမံကိန်းဥပဒေ ကြမ်းဆိုသည်မှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ သက်ဆိုင် ရာဌာနများအလိုက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း လုပ်ေ ဆာင် ရန် လျာထားသတ်မှတ်ထားသည့် ကဏ္ဍများကို ထည့်သွင်းဖော်ပြ ထားသည့် ဥပဒေတစ်ရပ်ဖြစ် ကြောင်း ဥပဒေကြမ်းကော်မတီအ ဖွဲ့ဝင် ဦးသော်တာအောင်က ပြောသည်။

‘‘ဘယ်ဌာနတွေက ဒီဘဏ္ဍာ နှစ်ထဲမှာ ဘာတွေလုပ်မယ်။ တိုး တက်ဆောင် ရွက်နိုင်မှုရာခိုင်နှုန်း လျာထားချက် ဘယ်လောက်ရှိ မယ်၊ လုပ်ငန်းခေါင်းစဉ် တစ်ခုချင်း အလိုက် အခြေအနေတွေကို ဖော် ပြထားတာဖြစ်ပါတယ်’’ဟု ၎င်း ကပြောသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
shwe-wutthmone
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service