ရန်ကုန် အိမ်ခြံမြေဈေးကွက် ပြန်လည်ငြိမ်သက် - Property News in Myanmar from iMyanmarHouse.com
2766 Views

ရန်ကုန် အိမ်ခြံမြေဈေးကွက် ပြန်လည်ငြိမ်သက်

အရောင်းအ၀ယ် အနည်းငယ်ပြန်လည် လှုပ်ရှားလာသော ရန်ကုန် အိမ်ခြံြေ မ ဈေးကွက်သည် ၂၀၁၇ ပြည်ထောင်စု၏ အခွန်အ ကောက်ဥပဒေ စတင်
ပြဋ္ဌာန်းချိန်၌ ဈေးကွက်ပြန်လည်ငြိမ်သက်သွားသည်ဟု စီးပွားရေးလုပ်ငန်း ရှင်များကပြောသည်။

အိမ်ခြံမြေ ရောင်းဝယ်ရာ တွင် ပေးဆောင်ရသော ၀င်ငွေခွန် နှုန်းထာြးေ ပာင်းလဲနိုင်သည်ဟု ယူ ဆချက်ဖြင့် ၂၀၁၇ ဇန်န၀ါရီလ ဆန်းကစတင်၍ တန်ဖိုးကျပ်သိန်း လေးထောင်မှ ငါးထောင်ကြားအိမ်ခြံမြေများ အရောင်းအ ၀ယ် အနည်းငယ်ဖြစ်လာသည်။ သို့သော် ဖေဖော်ဝါရီလလယ်က စတင်ပြီး ၂၀၁၇ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို နိုင်ငံပိုင် သတင်း စာများတွင် ဖော်ပြပြီး နောက်ပိုင်း၌အရောင်းအ၀ယ် ပြန်လည်အေးသွားသည်ဟု စီးပွား ရေးလုပ်ငန်းရှင်အချို့ကဆိုသည်။

၂၀၁၇ ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေအပြင် ဖေ ဖော်ဝါရီ လကုန် တွင် ဖြစ်ပေါ်ခဲ့ သည့် ရွှေဈေးရုတ်တရက်မြင့် တက်လာမှု၊ စတော့ ရှယ် ယာဈေး ကွက်၌ ကုမ္ပဏီအချို့၏ အစုရှယ် ယာတန်ဖိုးမြင့်တက်မှုကလည်း အိမ်ခြံမြေအရောင်းအ၀ယ် အေးစေသည့် အကြောင်းအချက် တစ်ခု ဖြစ် သည်ဟု အထက်ပါပုဂ္ဂိုလ် များကဆိုသည်။

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေး ကွက်အခြေအနေသည် မြန်မာနိုင်ငံ ရင်းနှီးမြှု ပ်နှံမှု ဥပဒေအသစ် နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြဋ္ဌာန်းမည့် နည်း ဥပဒေများကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင် ပြီး အိမ်ခြံမြေဈေးကွက်မှာလည်း အလားအလာကောင်းများ ရှိလာ မည်ဟု အိမ်ခြံမြေအကျိုးဆောင် များက ဖေဖော်ဝါရီလဆန်းတွင် ခန့်မှန်းခဲ့သည်။

‘‘အစိုးရက အိမ်ခြံမြေတန်ဖိုး ဖောင်းပွတာ၊ ဈေးမြင့်တက်တာကို ထိန်းဖို့ ဆန္ဒ ရှိနေတယ်။ အဲဒါကြောင့် ဈေးကွက် သိပ်မျှော်လင့်လို့ မရ ဘူး’’ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦး ကပြော သည်။

လက်ရှိအစိုးရသည် အိမ်ခြံ မြေဈေးနှုန်းများကျဆင်းပြီး တည် ငြိမ်သောဈေး ကွက်တစ်ခုဖြစ်ပေါ် စေရေးပိုင်ဆိုင်မှု အခွန်ကောက် ခံရန် ဥပဒေပြဋ္ဌာန်းရန် စီစဉ်နေ သည်။ လက်ရှိရန်ကုန်မြို့ရှိ အိမ်ခြံမြေတန်ဖိုးသည် သုံးနှစ်အတွင်း ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအကြား ဈေးနှုန်းကျဆင်းခြင်းကြောင့် ဘဏ် လုပ်ငန်းရှင်များ သတိထား စရာဖြစ်လာကြောင်း စီးပွားရေး လုပ်ငန်းရှင် အ ချို့က သုံးသပ်ပြော ကြားသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service