နိုင်ငံခြားသားများအား ရှယ်ယာ ၃၅ ရာခိုင်နှုန်း ပါဝင်ခွင့် ပေးမည်ဖြစ်သည့် အတွက် စတော့ရှယ်ယာ ဈေးကွက်များ ယခင်နှစ်ထက် အရောင်းအဝယ် ပိုသွက်လာနိုင်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
1050 Views

နိုင်ငံခြားသားများအား ရှယ်ယာ ၃၅ ရာခိုင်နှုန်း ပါဝင်ခွင့် ပေးမည်ဖြစ်သည့် အတွက် စတော့ရှယ်ယာ ဈေးကွက်များ ယခင်နှစ်ထက် အရောင်းအဝယ် ပိုသွက်လာနိုင်ဟု ဆို

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်တွင် နိုင်ငံခြားသားများအား ပြည်တွင်း ကုမ္ပဏီများတွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်းပါ ဝင်ခွင့်ပေးမည် ဖြစ်သည့်အတွက် စတော့ ရှယ်ယာဈေးကွက် ယခင်နှစ်ထက် အရောင်းအဝယ်များ သွက်လာနို င်ကြောင်း စတော့ဈေးကွက် ကျွမ်းကျင်သူအချို့၏ ပြော ကြားချက်အရ သိရ သည်။ ရန်ကုန်စတော့အိတ်ချိန်းကို ၂ဝ၁၅ ဒီဇင်ဘာ ၉ ရက်က စတင်ဖွင့် လှစ်ရာ လက်ရှိ စာရင်းကုမ္ပဏီများအဖြစ် FMI ၊ MTS၊ မြန်မာနိုင်ငံ သား များ ဘဏ်(MCB)နှင့် ပထမ ပုဂ္ဂလိကဘဏ်(FPB)တို့က ရှယ်ယာ များအား အရောင်းအဝယ်ပြုလုပ်လျက် ရှိသော်လည်း အရောင်းအဝယ်များ မှာ အေး စက်လျက် ရှိသည်။


CB Insurance & CB Securities ကုမ္ပဏီ၏ Managing Director ဦးသောင်းဟန်က ''ဒီနှစ်ထဲမှာ ပြောင်းနိုင်တာကတော့ ကုမ္ပဏီ ဥပဒေ ကိုပြင်နေတယ်။ ဒီဟာက ၃၅ ရာခိုင်နှုန်းကို နိုင်ငံခြားသားကို ပါဝင် ခွင့်ပေးမယ်။ နိုင်ငံခြားသား ၃၅ ရာခိုင်နှုန်းပါရင်တောင် ပြည်တွင်း ကုမ္ပဏီ အဖြစ် သတ်မှတ်တယ် ဆိုတာက နိုင်ငံခြားက ငွေတွေက အလွယ်တ ကူ ပြည်တွင်းကုမ္ပဏီ တွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်မယ့် အနေအ ထားတွေ ဖြစ်လာရင် တိုင်းပြည်အတွက် ကြီးမားတဲ့ မျှော်လင့်ချက် တစ်ခု ဖြစ်လာမှာပါ။ ဒီဥပဒေကို စတော့အိတ်ချိန်းကို ကြီးကြပ်နေတဲ့ SECM က အိတ်ချိန်းပေါ်နေတဲ့ ကုမ္ပဏီတွေအထိ တရားဝင်ဖြစ်အောင် လုပ်ပေးနိုင်ရင် အိတ်ချိန်းပေါ်တက်တဲ့ ကုမ္ပဏီတွေကို လည်း နိုင်ငံခြား သားတွေကို ဝင်ရောက်ပြီး ရောင်းဝယ်ခွင့်ပြုမယ်ဆို ရင် ဒီဈေးကွက်အတွက် ဆုလာဘ် ကြီးဖြစ်လာမှာပါ''ဟုဆိုသည်။ ယင်းဥပဒေကို ရင်းနှီးမြှုပ်နှံ မှု နှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် ပြင်ဆင်ရေးဆွဲထားသည့် ဥပဒေမူကြမ်းကို ဇန်နဝါရီ ၅ ရက်ကအစိုးရအဖွဲ့မှာ အတည်ပြုကာ ဇန်နဝါရီ ၆ ရက်က လွှတ်တော်ကို ဆွေးနွေးနိုင်ရန်တင်ပြထားကြောင်း သိရသည်။


ယင်းအပြင်လာမည့် ဘဏ္ဍာနှစ်အတွက် အခွန်ဥပဒေတွင် စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီများအား အခွန်ဆိုင်ရာ သက်သာခွင့်များ ပေးအပ်မည့် အချက်ပါဝင် နေခြင်းနှင့် ယခုနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်းတွင် Listed လုပ်မည့် ကုမ္ပဏီအနေဖြင့် ရှယ်ယာသစ်များ ထုတ်ရောင်းမည့် အခြေအနေများကြောင့် ရှယ်ယာဈေးကွက်မှာ ကောင်းမွန်လာနိုင်ကြောင်း သိရသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း)ဒေါက်တာ မောင်မောင်သိမ်း''အခုရောင်းနေတဲ့ ကုမ္ပဏီတွေက ရှယ်ယာသစ် ထုတ်ရောင်းတာ မဟုတ်ဘူး။ ရှယ်ယာဟောင်းတွေပဲ ရောင်းနေတယ်။ အခုထပ်ဝင်လာမယ့် ကုမ္ပဏီဂရိတ်ဟော်ခမ်းဆိုရင် ရှယ်ယာသစ်တွေ ထုတ်ရောင်းမယ့် သဘောရှိတယ်။ ရှယ်ယာသစ်တွေ ရောင်းမယ်ဆိုတော့ မြန်မာပြည်ရဲ့ ရှယ်ယာမားကက်ကြီးဟာ ပြောင်း ကောင်းပြောင်းသွားနိုင်တယ်။ နတ် ရေကန်ထဲ ပစ်ချသလို ချက်ချင်းမ ကြီးထွားနိုင်ပေမယ့် ကောင်းတဲ့ဘက်မှာတော့ရှိပါတယ်''ဟုဆိုသည်။ ရန်ကုန်စတော့အိတ်ချိန်းအား စတင်ဖွင့်ချိန်က စာရင်းဝင်ကုမ္ပဏီ ခြောက်ခုအားရွေးချယ်ခဲ့သော်လည်း လက်ရှိအချိန်တွင် စာရင်းဝင်ကုမ္ပ ဏီလေးခုမှ ရှယ်ယာအရောင်းအ ဝယ်များပြုလုပ်လျက်ရှိသော်လည်း စိတ်ဝင်စားမှုနည်းပါးသဖြင့် စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ သိသိသာသာကျဆင်းမှုများရှိ နေပြီး ရှယ်ယာများကိုရေရှည်ရင်း နှီးမြှုပ်နှံရန်အတွက် သေချာစွာလေ့ လာကာဝယ်ယူသင့်ကြောင်း စတော့ ဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။


ဦးသောင်းဟန်က''စဖွင့်ကာစသုံးလမှာတော့ ဖွင့်ဖွင့်ချင်း မရရတဲ့ ဈေးနဲ့ဝယ်မယ်။ ဘယ်လိုမှ တားလို့ မရဘူး။ ဈေးတွေ တော်တော်လေး မြင့်နေပြီ သတိထားကြပါဆိုလည်း မရဘူး။ ဝယ်မပေးရင်ဘဲ ပြဿနာ လုပ်မယ့်ပုံစံမျိုးဆိုတော့ ဘယ်လိုမှ ပြောလို့မရဘူး။ ဝယ်လိုအား၊ ရောင်း လိုအားမမျှတော့ ရှယ်ယာဈေးတွေ ကတက်ကုန်ရော၊ တက်ကုန်ပြီးတော့မှဝယ်လိုအားလည်း ကုန်သွားရော ရင်းနှီးမြှုပ်နှံသူတွေတော်တော်များများ၊ ၉ဝ ရာခိုင်နှုန်းပေါ့ ရှုံးကုန်တယ်။ စတော့မားကက်မှာ ရင်းနှီးမြှုပ်နှံတယ်ဆိုတာသည် ရေတိုပေါ့။ ဒီနေ့ဝယ်မယ် နောက်နေ့ရောင်းမယ်ဆိုတဲ့အ နေအထားမဟုတ်ပါဘူး။ သေချာလေးကို ဝင်ငွေတွေ၊ အကျိုးအမြတ်တွေ၊ သူတို့ရဲ့အချက်အလက်တွေကို လေ့လာဖို့လိုပါတယ်''ဟု ဆိုသည်။ အဆိုပါစာရင်းဝင်ကုမ္ပဏီများ၏ အသေးစိတ်အချက်အလက်များ ရန်ကုန်စတော့အိတ်ချိန်း၏ Website တွင်လေ့လာနိုင်ကြောင်း ဦးသောင်းဟန်က ဖေဖော်ဝါရီ ၅ ရက်က ကုန် သည်စက်မှုအသင်းချုပ်တွင် MIND Investment Institute မှ ကြီးမှူးကျင်းပသည့် ၂ဝ၁၇ အကြိုဘဏ္ဍာ ရေးစကားဝိုင်းဟောပြောပွဲတွင် ပြော ကြားခဲ့သည်။


Credit: Democracy Today

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

ruby
myat-ingyin

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service