ပုဂံဇုန်နယ်နိမိတ် ပြည်သူလက်ခံမှုရရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား - Property News in Myanmar from iMyanmarHouse.com
2081 Views

ပုဂံဇုန်နယ်နိမိတ် ပြည်သူလက်ခံမှုရရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ဇုန်နယ်နိမိတ်များကို ပြင်ဆင် သတ်မှတ်မည်ဖြစ်ရာ အများပြည်သူ လက်ခံနိုင်သည့် ဇုန်ဖြစ်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားလိုက်သည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိခဲ့ပြီး မန္တလေး တိုင်းအစိုးရအဖွဲ့၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပုဂံပြတိုက်တွင်
တွေ့ဆုံရာ၌ ဇုန်နယ်နိမိတ် ကိစ္စနှင့် စပ်လျဉ်း၍ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ပြည်သူကို သေသေချာချာ ရှင်းပြပြီးတော့ အကျိုးအကြောင်း ညီညွတ်လို့ ရှိရင် အများပြည်သူက လက်ခံမှာပါ။ ဒါကြောင့်မို့လို့ ဒီ ဇုန်သတ်မှတ်တဲ့ဟာကို အဆောတလျင်နဲ့ မြန်မြန်ပြီးပြီးရော မလုပ်ပါနဲ့၊ ပွင့်လင်းမြင်သာမှု ဆိုတာတော့ ၁၀ဝ ရာခိုင်နှုန်း ရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ ဖုံးကွယ်ထားလို့ရတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဖုံးကွယ်ထားသင့်တဲ့ကိစ္စလည်းမဟုတ်ပါဘူး။
ပြည်သူကိုချပြပြီးမှ ဒီဇုန်တွေကို သတ်မှတ်ဖို့ အရေးကြီးပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က
မှတ်ချက်ပြုခဲ့သည်။

လက်ရှိ ဇုန်နယ်နိမိတ် သတ်မှတ်သည့်ကိစ္စတွင် အခက်အခဲ အနည်းငယ် ရှိနေသည်ဟု နားလည်ကြောင်း၊ ယင်း အခက်အခဲ ပြေလည်စေရန်အတွက် ဒေသခံပြည်သူများ လက်ခံနိုင်သည့် ပုံစံဖြင့် ပြုလုပ်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ ပြည်သူများ လက်ခံလာအောင် ရှင်းပြရမည်ဖြစ်ကြောင်း၊ ပြည်သူလုထုသည် စဉ်းစားဉာဏ်ရှိသဖြင့် ရှင်းပြလျှင် အကောင်းဆုံးအဖြေကို လက်ခံမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျောင်းနေဖက်ဖြစ်သူ ဘူတန်ဘုရင်၏ ဒွေးတော်၊ ယခင်ဘူတန်ဘုရင်၏ ပထမမြောက် မိဖုရား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ပုဂံဒေသသို့
လိုက်လံ ပို့ဆောင်ခြင်းဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီပုထိုးများ ပြင်ဆင်နေမှုကို သွားရောက်ကြည့်ရှု ဖူးမြော်ခဲ့ကာ မြန်မာရိုးရာ လက်မှုအနုပညာ ပစ္စည်းများကို
လေ့လာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

ပုဂံယဉ်ကျေးမှု ဒေသအတွင်း ဇုန်နယ်နိမိတ်များ သတ်မှတ်ခြင်းကို ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဒေသဆိုင်ရာ အမိန့်ကြော်ငြာစာ အမှတ် ၁/၉၄ ဖြင့် စတင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက “ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ”ကို ပြဋ္ဌာန်းခဲ့ပြီး ၂၀ဝ၉ ခုနှစ်တွင် ယဉ်ကျေးမှု အမွေအနှစ် ဒေသများကို ကာကွယ်ထိန်းသိမ်းသည့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် ၂၀၁၁ ခုနှစ်တွင် နည်းဥပဒေကို ထပ်မံ အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းသည့် ဥပဒေကို ပြဋ္ဌာန်းပြီး ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၁/၉၉ ဖြင့် ပုဂံယဉ်ကျေးမှုဒေသကို
ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် (၇၆၈၅ ဧက)၊ ရှေးဟောင်းနေရာ တည်ရှိရာဇုန် (၆၄၁၇ ဧက)၊ ကာကွယ် ထိန်းသိမ်းထားသောဇုန် (၂၇,၉၇၀ ဧက) ဟု ခွဲခြား သတ်မှတ်ခဲ့ကာ လက်ရှိတွင် တန့်ကြည့်တောင်နှင့် ယုန်လွှတ်ကျွန်းနေရာတို့ကိုပါ ထည့်သွင်းထိန်းသိမ်းရန် ပြင်ဆင်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရှိရသည်။

ပုဂံ-ညောင်ဦး ဒေသအတွင်း ဇုန်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ခြင်းအပေါ် ဆန္ဒသဘောထား ရယူသည့် အစည်းအဝေးကို ဇန်နဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ရာ တက်ရောက်လာသည့် ပြည်သူ ကိုယ်စားပြု အဖွဲ့အစည်းများ အားလုံးက ကန့်ကွက်ထားကြောင်း၊ တာဝန်ရှိသူများ အနေနှင့် အတိုင်းအတာ နယ်နိမိတ်ကို ပွင့်လင်းမြင်သာစွာ ချမပြနိုင်သောကြောင့် ကန့်ကွက်နေခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ် ကိုယ်စားပြု မန္တလေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

Credit: The VOice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
shwe-wutthmone
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service