ပိုင်ရိုက်ခြင်း လုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်ထုတ်ပေးသည့် ကုမ္ပဏီ ၅၀ကျော်ရှိလာ - Property News in Myanmar from iMyanmarHouse.com
2254 Views

ပိုင်ရိုက်ခြင်း လုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်ထုတ်ပေးသည့် ကုမ္ပဏီ ၅၀ကျော်ရှိလာ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပိုင်ရိုက်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးလျှက်ရှိရာ စုစုပေါင်း ကုမ္ပဏီ၅၀ အထိ လိုင်စင် ထုတ်ပေးထားပြီဖြစ်ကြောင်း အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်း ကြီးကြပ်စစ်ဆေးရေး ပညာရှင် အဖွဲ့မှသတင်းရရှိသည်။

၂၀၁၆ နှစ်ကုန်ပိုင်း အထိကုမ္ပဏီ ၄၃ ခုကို လိုင်စင် ထုတ်ပေးထား ရာ ဇန်န၀ါရီ လပထမပတ် က ထပ်မံပြီး ကုမ္ပဏီ ၇ခုကို လိုင်စင် ထုတ်ပေးလိုက်ပြီဖြစ်သောကြောင့် စုစုပေါင်း ကုမ္ပဏီ ၅၀ အထိ လိုင်စင်ထုတ်ပေးထားပြီဖြစ်သည်။

ပိုင်ရိုက်ခြင်း လုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသည့် ကုမ္ပဏီများထဲတွင် အများစုမှာ ပိုင်ရိုက်ခြင်း လုပ်ငန်းကိုသီးသန့် လုပ်ကိုင်သည့် ကုမ္ပဏီနည်းပါးပြီး ဆောက်လုပ်ရေး လုပ်ငန်း ကိုပါ တွဲဖက် လုပ်ကိုင်သည့် ကုမ္ပဏီများက အများဆုံးပါဝင်လာကြောင်းသိရသည်။

ပိုင်ရိုက်ခြင်း လုပ်ငန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် လိုင်စင်လာရောက်မလုပ်ကိုင်ပါက ဆောက်လုပ်ရေးလုပ်ငန်းများတွင်ဆောင်ရွက်ခွင့်မရှိဟု ၂၀၁၆ ခုနှစ်ကစတင်သတ်မှတ်ထားခြင်းဖြစ်သည်။

အထပ်မြင့် အဆောက်အဦးတည်ဆောက်သူများ အနေဖြင့်လည်း ပိုင်ရိုက်ခြင်း ကိုစည်ပင် အသိအမှတ်ပြုလိုင်စင်မရှိသည့်ကုမ္ပဏီနှင့် လုပ်ဆောင်ခြင်းကို ကန့်သတ်ထားသည်။

' ပိုင်ရိုက်တဲ့ကုမ္ပဏီတွေများလာပေမဲ့ တကယ် လုပ်ငန်း လုပ်နေရတာ တော်တော်နည်းသေးတယ် အထပ်မြင့်တွေဆောက်တာ လျော့လာတော့ ပိုင်ရိုက်တဲ့ ကုမ္ပဏီတွေလည်း လုပ်ငန်း မကောင်း ဘူး " ဟု breweery Pile မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးကြီးပြောသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ပိုင်ရိုက် သည့် လုပ်ငန်းများအား လိုင်စင်ထုတ်ပေးခြင်းအပြင် မြေသားများ စမ်းသပ်သည့် Soil Test ကုမ္ပဏီများကိုလည်း လိုင်စင်ထုတ်ပေးထားသည်မှာ ကုမ္ပဏီ ၁၁ ခုအထိရှိသွားပြီ ဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service