မန္တလေးမြို့မှာ ၂၀၁၇ ကစပြီး အိမ်ငှားပိုင်ခွင့် လုပ်ငန်း လိုင်စင် လျှောက်ရမည် - Property News in Myanmar from iMyanmarHouse.com
1661 Views

မန္တလေးမြို့မှာ ၂၀၁၇ ကစပြီး အိမ်ငှားပိုင်ခွင့် လုပ်ငန်း လိုင်စင် လျှောက်ရမည်

မန္တလေးမြို့အတွင်း အဆောက်အအုံတွေနဲ့ အိမ်ခြံမြေ ငှားရမ်းနေတဲ့ အိမ်ပိုင်ရှင်တွေ အားလုံး အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်တွေကို ၂၀၁၇ ခုနှစ် မတ်လက စတင်ပြီး လျှောက်ထားရမယ်လို့ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီက သိရပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက “မန္တလေးမြို့ တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ(၇၆)၊ အဆောက်အအုံများဆိုင်ရာ နည်းဥပဒေ(၃)အရ အိမ်ပိုင်ရှင်တွေ က အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားရမှာဖြစ်ပြီး စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အိမ်ငှား လုပ်ငန်း လုပ်ကိုင်နေရာတဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေနဲ့ အငှားချထားတဲ့ လူနေအိမ်၊ ဘော်ဒါဆောင်နဲ့ အခြားအဆောက်အအုံတွေအတွက် အိမ်ငှားရမ်း လုပ်ကိုင်ခွင့် လိုင်စင်တွေကို ဒီနှစ် မတ်လအတွင်း စပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အိမ်ငှားလုပ်ငန်း လုပ်ကိုင်နေတဲ့ အိမ်ပိုင်ရှင်တွေအနေနဲ့ လုပ်ငန်းလိုင်စင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ငှား ရမ်းတာ၊ မြေငှားရမ်းတာတွေ ပြုလုပ်နေတာကို စစ်ဆေးတွေ့ရှိပါက စည်ပင်သာယာ ဥပဒေပုဒ်မ ၁၀၉၉(က) အ ရ အရေးယူ ဆိုင်ရွက်နိုင်တယ်လို့လည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက တွဲဖက်အတွင်း ရေးမှူး ဦးသက်နိုင်ထွန်းက ဆက်ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ အကျိုးဆောင်များအဖွဲ့က အလုပ်အမှုဆောင် ဦးတင်ဝင်းက “အမှန်တကယ် ပြောရရင် ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ရဲ့ အိမ်ခြံမြေ အကျိုးဆောင် အဖွဲ့တွေကို အစည်းအဝေး ခေါ်ထား ပါတယ်။ စည်းဝေးဆုံးဖြတ်ချက်ကလဲ မပြီးသေးတော့ သေချာတော့ မသိသေးပါဘူး၊ အိမ်ငှားရင် လိုင်စင် လျှောက်ရမယ်ဆိုတာလဲ အခုမှပါ။ ဘယ်သူတွေက လုပ်ငန်းလိုင်စင် လုပ်ထားတယ် ဆိုတာကို အတိအကျ သိ မှာလဲ၊ အိမ်ရှင်တွေအနေနဲ့ လုပ်ငန်းလိုင်စင် လုပ်ရမယ်ဆိုတာကလဲ မြေနေရာနဲ့ ဈေးနှုန်းအပေါ် မူတည်ပြီး ကောက်မယ်လို့တော့ ထင်ပါတယ်” လို့ ပြောပါတယ်။

လုပ်ငန်းလိုင်စင် လျှောက်ထားရမယ့် ကိစ္စနဲ့ ပတ်သတ်ပြီး ရုံးခန်းနဲ့ အိမ်တွေ ငှားရမ်းမှု များပြားတဲ့ မြန်မာနိုင်ငံမှာ အိမ်ငှားရမ်းခွင့် လိုင်စင်ပြုလုပ်ဖို့ မလွယ်ကူနိုင်တဲ့အပြင် အိမ်ပိုင်ရှင်တွေကလဲ အိမ်ငှားရမ်းတာတွေနဲ့ စာချုပ် တွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွေမှာသာ ချုပ်ဆိုနေကြတယ်လို့ သိရပါတယ်။

အမှန်တကယ် လုပ်ဆောင်မယ်ဆိုပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး ပူးပေါင်း ညှိနှိုင်းမှာသာ အဆင်ပြေနိုင်မယ့်အပြင် လက်ရှိ အိမ်ငှားရမ်းခ ဈေးနှုန်းတွေလည်း မြင့်တတ်လာနိုင်တယ်လို့ မန္တလေးအိမ်ခြံမြေအဖွဲ့တွေဆီက သိရပါတယ်။


Credit: Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service