ပါမစ်မြေ ဝယ်မှာလား ဂရန်မြေ ဝယ်မှာလား သတိတော့ထား - Property News in Myanmar from iMyanmarHouse.com
2683 Views

ပါမစ်မြေ ဝယ်မှာလား ဂရန်မြေ ဝယ်မှာလား သတိတော့ထား

ယခုနှစ်ဆန်းပိုင်းမှစ၍ အိမ်ခြံမြေ အရောင်းအဝယ် လုပ်ငန်းများ လှုပ်ရှားစ ပြုလာပြီး ဖြစ်သည်။

ရန်ကုန်မြို့တွင် ဈေးကွက်အခြေအနေကို မသိနိုင်သော်လည်း မြို့သစ်များ ဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေပေါက်ကံမြို့သစ်၊ ဒဂုံမြို့သစ် မြောက်ပိုင်း/ တောင်ပိုင်း/ အရှေ့ပိုင်း နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် များတွင် ဝယ်ယူလိုသူများနှင့် ကွင်းဆင်းလေ့လာနေသူများကို မြင်တွေ့ နေရသည်။

မြေဈေးများ ပြန်ကောင်းလာမည့် အလားအလာ အကျိုးဆောင်များ လှုပ်ရှားနေတာလွန်ခဲ့သော (၂)နှစ်ခန့်မှစ၍ ငုတ်တုတ်ထိုင် ၍ ငေးငိုင်နေ ခဲ့သော အိမ်ခြံမြေ အကျိုးဆောင်များမှာ ယခု အခါတွင်မူ တွေးမှိုင်နေစရာ မလိုတော့ဘဲ ဝယ်ဖို့ မြေကွက်ရှာနေသူများ စုံစမ်းနေသူများအတွက် taxi ကားဖြင့်တစ်သွယ် ဆိုင်ကယ်စီး၍ တစ်မျိုး ရပ်ကွက်အတွင်း၊ အပြင် မြေကွက်များကို အပြေးအလွှား ရှာဖွေပေးနေသည်ကို တွေ့ရသည်။

"သိန်း(၅၀) နှင့် (၁၀၀) အထက်နား မြေကွက်များ ဝယ်သူအများ စိတ်ဝင်စား"

မြေကွက်ဝယ်လိုသူများမှာ များသောအားဖြင့် မြေကွက်လွတ်များကို ပိုမို ကြိုက်နှစ်သက်သူ များနေသဖြင့် မြို့ပြင်လယ်ကွက်များဆီသို့ ခေါ်ဆောင်၍ လိုက်လံ ပြသနေသည်ကိုလည်း မြင်တွေ့ရသည်။ မြေကွက် ဝယ်လို သူများ မှာ သိန်းထောင်ကျော်တန် မြေကွက်များထက် ဈေးအနည်းဆုံး သိန်း ငါးဆယ် ခန့် နှင့် ရနိုင်သည့် မြေကွက်များသိန်းတစ်ရာတန် မြေကွက်များနှင့်
သိန်းတစ်ရာထက် နည်းနည်းပိုသည့် မြေကွက်များကိုသာ ဝယ်လိုသည့် ဆန္ဒများ ရှိကြသည်။

"မြေချပါမစ် ကြိုက်သူများ ယခုအခါ ခေါင်းခဲ ဝေဒနာ ထပ်တိုးလာ "

မြေကွက် ဝယ်သည့်အခါတွင်လည်း ထုံစံအတိုင်း မြေချပါမစ် ကို ပိုမို ကြိုက်နှစ်သက်ကြသည်။ သို့သော် ယနေ့အချိန်အခါတွင် မြေချပါမစ်များကို ဝယ်ယူပြီး ကိုင်ထားသော်လည်း ပိုင်ဆိုင်မှု စိတ်မချရ သည်ကို တွေ့မြင် လာရသည်။ လွန်ခဲ့သည့် အနှစ် ၂၀ က မြေချပါမစ် မူရင်းဝယ်၍ အိမ်ဆောက်နေထိုင်လာခဲ့သူများပင် ခေါင်းခဲရသည့် ပြဿနာများနှင့် ကြုံတွေ့နေရပြီဖြစ်သည်။

"ဂရန်သစ် လျှောက်ထားလျင် မှန်ကန်မှု ရှိမရှိ မြေပြင်ကွင်းဆင်းကြည့်မှ သိ"

လူစည်းကားပြီး ရပ်ကွက်အတွင်း နေထိုင်သူပင် ဖြစ်စေကာမူ သူတစ်ပါး အမည်ပေါက် မြေချပါမစ် မူရင်းကိုင်ထားပြီး အနှစ်(၆၀) ဂရန် သစ် မလျှောက်ထားခဲ့မှုကြောင့် တစ်ချိန်က မြေချပါမစ် အမည်ပေါက်သူက လက်ရှိနေထိုင်သူ မသိဘဲ မြို့တော်စည်ပင်တွင် ပါမစ်ပျောက်ဖြင့် ဂရန် သစ် လျှောက်ထားကြသူများလည်း ရှိနေသည်။ သို့ရာတွင် ဂရန်သစ် လျှောက်ထားသူ၏ မြေတိုင်းရပ်ကွက် နှင့် မြေကွက်တည်နေရာ မှန်ကန်ခြင်း ရှိမရှိ မြို့တော်စည်ပင် မြေတိုင်းဌာနမှ လာရောက် စစ်ဆေးသည့်အခါမှ မြေချပါမစ် မူရင်းကိုင်ထားပြီး လက်ရှိနေထိုင်သူ ပိုင်ရှင်အစစ်ကို တွေ့ရတော့သည်။

"ပါမစ်ပျောက်ဖြင့် ဂရန် လိမ်လည်လျှောက်ထားသူ များပြား"

ဤတွင်မှ ဖြစ်ကြောင်းကုန်စင်ကို မြို့တော်စည်ပင်မှ သိရှိပြီး နောက် ပါမစ်ပျောက်ဖြင့် ဂရန် လျှောက်ထားသူ၏ လိမ်လည်လျှောက်ထားမှုကို ပယ်ချ လိုက်တော့သည်။ ယခုဖြစ်စဉ်မျိုးမှာ လူနေထိုင်သည့် ရပ်ကွက် အတွင်းမို့ လိမ်လည်သူက နောက်ဆုတ်သွားခြင်း ဖြစ်သည်။ အကယ်၍
လူမစည်ကားသေးသည့် လယ်ကွင်းဖြစ်ပါက ပါမစ် ကိုင်ထားသူများအဖို့ ရင်မအေးနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။ အမှန်တကယ် ဝယ်ထားသူ မသိရှိလိုက်ရဘဲ မူလအမည်ပေါက်သူက ဂရန်သစ်ထုတ်ယူသွားနိုင်သည်ကို သတိထားရမည် ဖြစ်သည်။

"မြေကွက်ပေါ်မှာ အိမ်ဆောက်ထားလျှင် သတိထား ဝယ်ပါ"

ယနေ့အခါ သမာယတွင် မြေချပါမစ် မြေကွက် ဝယ်တော့မယ် ဆိုလျှင် ပစ် မထားဘဲ အမြဲ စောင့်ကြည့်ဖို့တော့ လိုသည်။ ထို့ပြင် ကံဆိုး၊ ကံကောင်း (၂)မျိုး နှင့်လည်း ကြုံတွေ့နိုင်သေးသည်။ယခု အခါ ရန်ကုန်မြို့တော်စည်ပင်မှ ပါမစ်ပျောက်ဖြင့် ဂရန်သစ် လျှောက်ထားတော့မည် သူများ ကို မြေကွက် အတွင်း အိမ်ဆောက်ထားမှသာလျှင် ဂရန်သစ် ချပေးသည်ဟု သိရသည်။

သို့ရာတွင် မြေကွက် ဝယ်ရန် သွားရောက်ကြည့်သည့်အခါ အိမ်ဆောက် ထားသည့် မြေကွက် တွေ့လျှင် ပါမစ်ပျောက်ဖြင့် ဂရန် သစ် လျှောက် ထားခြင်းလား၊ ဝယ်ထားသူမှာ အမှန်တကယ် နေဖို့အ တွက် ဆောက် ထားခြင်းလား စဉ်းစားရတော့မည်။ လူစည်ကားသည့် ရပ်ကွက်အနီး
မြေကွက်တွင် အိမ်ဆောက်ထားလျှင် ပိုင်ရှင်ကိုယ်တိုင် နေရန်ဖြစ်စေ၊ ငှားစားရန်ဖြစ်စေ ဆောက်လုပ်ထားခြင်း ဖြစ်နိုင်သည်။

အကယ်၍ လူနေကျဲသည့် ကွင်းလယ်ခေါင်တွင် မော်လမြိုင်ခေါင်း ဖြင့် ဒယိမ်းဒယိုင် ဆောက်ထားသည်ကို တွေ့ရလျှင် ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်ထားခြင်းလား အိမ်ဆောက်ပြမှ ဂရန်သစ်ထုတ်ပေးမည်ဖြစ်၍ အိမ်ဆောက်ပြခြင်းမျိုး ဖြစ်သည်။

"မြေကွက် ဝယ်ထားသူများ မကြာခဏ သွားကြည့်ကြပါလား"

သို့အတွက် ယခုလို ပွင့်လင်းရာသီ တွင် မြေကွက်ဝယ်ယူ ရန် လေ့လာနေသူ များနှင့် ရင်းနှီးမြှုပ်နှံရန် စိုင်းပြင်းနေသူများသို့ အသိပေးလိုသည်များ ပါမစ် ကိုင်ထားတိုင်းလည်း စိတ်မချရသလို ဂရန်သစ် ကိုင်ထားတိုင်းလည်း တစ်သတ်လုံး စိတ်ချလို့ မဖြစ်ပါ။ ဝယ်မည်ဆိုပါက အိုးအိမ်ဖြစ်စေ၊ စည်ပင်ဖြစ်စေ သွားရောက် စုံစမ်းလိုသည့် မိမိဝယ်ယူ မည့် မြေကွက် ရာဇဝင်ကိုလည်း လေ့လာထားသင့်သည်။ မကြာမကြာ မြေကွက်ကိုလည်း သွားကြည့်ပေးကြပါရန် တိုက်တွန်းရေးလိုက်ရပါသည်။


လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service