ရတနာနှင်းဆီအဆင့်မြင့် အိမ်ရာ အခန်း ၁၃၀ ကျော်ရောင်းချထားပြီးဟု ဆို - Property News in Myanmar from iMyanmarHouse.com
1612 Views

ရတနာနှင်းဆီအဆင့်မြင့် အိမ်ရာ အခန်း ၁၃၀ ကျော်ရောင်းချထားပြီးဟု ဆို

ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်တွင် စတင်ဖွင့်လှစ်လိုက် သည့် ရတနာနှင်းဆီအဆင့်မြင့် အိမ်ရာမှ အခန်းထက်ဝက်ကျော် ကို ရက်ပိုင်းအတွင်း ရောင်းချနိုင် ခဲ့ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။

အခန်းများ ရောင်းချနေ သည့် ရတနာနှင်းဆီအိမ်ရာစီမံ ကိန်းသည် ဒီဇင်ဘာ ၂၄ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် အခမ်းအနားဖြင့် တက် ရောက်ဖွင့်လှစ်ခဲ့သည့် အိမ်ရာစီမံကိန်းဖြစ်သည်။

တစ်ခန်းလျှင် ကျပ်သိန်း ၆၀၀ နှင့် ကျပ်သိန်း ၁,၂၀၀ သတ် မှတ်ရောင်းချထားသည့် ရတနာ နှင်းဆီအိမ်ရာစီမံကိန်းမှာ အခန်း ပေါင်း ၂၇၀ ကျော် ရောင်းချရန် စီစဉ်ထားရာ ၁၀ ရက်အတွင်း (ဇန်န၀ါရီ ၃ ရက်အထိ) အခန်း ပေါင်း ၁၃၀ ကျော်ရောင်းချပြီး ဖြစ်သည်ဟု အိမ်ရာစီမံကိန်း အရောင်းပြခန်းမှအဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

၁၈ ထပ်အမြင့်ရှိ အ ဆောက်အအုံ နှစ်လုံးတွင် အခန်း ပေါင်း ၂၇၀ ကျော်ပါဝင်သည့် ရတနာနှင်းဆီအိမ်ရာကို တရား ၀င်မဖွင့်လှစ်မီကပင် ကြိုတင် ရောင်းချမှုများ ပြုလုပ်ခဲ့၍ စိတ်ဝင်စားမှု မြင့်တက်လာခြင်းဖြစ်သည်။

၆၀၀ စတုရန်းပေကျယ်ဝန်း သည့် အခန်းကို ကျပ်သိန်း ၆၀၀၊ ၁,၂၀၀ စတုရန်းပေကျယ်ဝန်း သည့် အခန်းကို ကျပ်သိန်း ၁,၂၀၀ဖြင့် သတ်မှတ်ရောင်းချနေ ကြောင်း သိရသည်။

အခန်းဝယ်ယူသူအများစု မှာ ဈေးကစားရန်ဝယ်ယူသူများ မဟုတ်ဘဲ အမှန်တကယ်နေထိုင် မည့်သူများ အဓိက၀ယ်ယူနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တိုက်ခန်းကို အရစ်ကျဝယ် ယူခြင်းထက် ငွေအကျေပေးဝယ် ယူသူ ပိုမိုများပြားသည်ဟု အိမ်ရာစီမံကိန်းမှ တာဝန်ရှိသူက ဆိုသည်။

အရစ်ကျဝယ်ယူလိုသူများ သည် ဆောက်လုပ်ရေးနှင် အိမ် ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက် ပြီး ၀ယ်ယူမှုများ ပြုလုပ်နိုင် ကြောင်း သိရသည်။

ရတနာနှင်းဆီအဆင့်မြင့် အိမ်ရာစီမံကိန်းတွင် ၀ယ်ယူထား သူများအနေဖြင့် ငွေသွင်းထား သည့် ရာခိုင်နှုန်းပေါ် မူတည်ပြီး လူနေထိုင်ခွင့်ကို ၂၀၁၇ နှစ်လယ် တွင် စတင်ခွင့်ပြုမည်ဖြစ်သည်။



Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service