အိမ်သစ်မှာ နေထိုင်တော့မယ်ဆိုရင် အရင်ဆုံးပြုပြင်ပြင်ဆင်ပြီး နေထိုင်ရမယ့် အရေးကြီးအစိတ်အပိုင်းတွေ… - Property Knowledge in Myanmar from iMyanmarHouse.com
2520 Views

အိမ်သစ်မှာ နေထိုင်တော့မယ်ဆိုရင် အရင်ဆုံးပြုပြင်ပြင်ဆင်ပြီး နေထိုင်ရမယ့် အရေးကြီးအစိတ်အပိုင်းတွေ…

Knowledge | Posted by Hnin Ei Khin

နေအိမ်နဲ့ နေရာထိုင်ခင်းအသစ်တစ်ခု ပြောင်းလဲပြီးတော့ နေထိုင်ဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ တစ်နေရာကနေတစ်နေရာကို ပြောင်းလဲပြီးတော့ နေထိုင်မယ်ဆိုရင် အစစအရာရာ အစကနေ အားလုံးပြင်ဆင်ပြီးတော့ နေထိုင်ရပါတယ်။
မိမိကိုယ်တိုင်ရော၊မိသားစုအတွက်ရော၊ နေရာထိုင်ခင်းအသစ် အိမ်အသစ် အတွက်ရော အားလုံးပြင်ဆင်ပြီး နေထိုင်ဖို့ ပြင်ဆင်ရပါလိမ့်မယ်။ နေစရာအသစ်တစ်ခုက မိမိနဲ့အဆင်ပြေမပြေနဲ့ နေထိုင်ဖို့ လုံခြုံစိတ် ချရမှု ရှိမရှိ အချက်တွေက အလွန်အရေးကြီးပါတယ်။

ဒါ့ကြောင့်မို့လို့ နေရာထိုင်ခင်း အသစ်တစ်ခုကို ပြောင်းရွှေ့နေထိုင်တော့မယ်ဆိုရင် အရေးကြီးတဲ့ ပြောင်းလဲပြင်ဆင်ထားရမယ့် အစိတ်အပိုင်းတွေအ ကြောင်း ဖော်ပြပေးလိုက်ပါတယ်….

၁။ နေအိမ်အသစ်ရဲ့ လုံခြုံရေး သော့တွေကို အသစ်ပြောင်းလဲတပ် ဆင်ပါ။ အရေးအကြီးဆုံးအချက်ပါပဲ။ ယခင်က တပ်ဆင်ထားတဲ့ သော့အဟောင်းတွေကိုလဲလှယ်ပြီး သော့အသစ်တွေ ပြောင်းလဲ တပ်ဆင်သင့်ပါတယ်။ အိမ်ရဲ့ခြံဝင်းတံခါးတွေ၊ တံခါးမကြီး၊ နောက် ဖေးဘက် တံခါးနဲ့ လိုအပ်လာလျှင် ပြတင်းတံခါးချပ်တွေက သော့ တွေ အားလုံးကို အသစ်တွေနဲ့ ပြောင်းလဲ တပ်ဆင်သင့်ပါတယ်။ ဒီ့ ထက်ပိုပြီး လုံခြုံစိတ်ချမှု ရှိချင်တယ်ဆိုပါကလည်း သိပ်ပြီးတော့ မခိုင်ခံ့တော့တဲ့ တံခါးချပ်တွေ၊ ခြံဝင်းတံခါးတွေကို အသစ်တွေ ပြောင်းလဲတပ်ဆင်လိုက်ပါ။

၂။ လုံခြုံရေးအချက်ပြစနစ်တွေ ပြောင်းလဲတပ်ဆင်ပါ။ ညဘက် လုံခြုံရေးမီး၊ မီးအချက်ပေးအလမ်း၊ တံခါးဘက်ထရီ၊ မီးအလင်း ရောင်အချက်ပြမီးစနစ်၊ အရေးပေါ်ခေါင်းလောင်း၊ အရေးပေါ် အချက်ပြမီးစနစ်၊ စသဖြင့် လုံခြုံရေးစနစ်တွေရဲ့ လျှပ်စစ်ဓာတ်အား အသစ်၊ ဓာတ်ခဲအသစ်၊ မီးအလင်း ဝါယာစနစ် စတာတွေကို အသစ် လဲလှယ်တပ်ဆင်ပြင်ဆင်သင့်ပါတယ်။

၃။ ရေအသုံးပြုမှုနဲ့ပတ်သက်ပြီးတော့ ရေသွယ်တန်းမှု၊ ရေပိုက်သွယ် တန်းမှု၊ ရေထုတ်ယူမှု စတာတွေကိုလည်း စစ်ဆေးပြီး အသစ်ပြင်ဆင် ပြုပြင်တပ်ဆင်ပါ။ ရေမော်တာ၊ ရေစုပ်ယူမှု ကောင်းမကောင်း၊ ရေတင်ခန်း၊ ရေလှောင်ကန်၊ စသဖြင့် ရေအရင်းမြစ်ထုတ်ယူသုံးစွဲ မှု ပင်မနေရာတွေကို စစ်ဆေးသင့်ပါတယ်။ ရေပိုက်ခေါင်းတွေ၊ ရေစစ်၊ ရေမော်တာ၊ ခလုတ်၊ ရေလွှဲသအစရှိသဖြင့် အစိတ်အပိုင်းတွေကို စစ်ဆေးပါ။ ရေအသုံးပြုမှုကောင်းမွန်ခြင်းနဲ့ လုံလောက်တဲ့သုံးရေရ ရှိမှုက နေအိမ်တွေအတွက် အရေး ကြီးဆုံး အဓိကအကျ ဆုံးအ ချက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ တစ်အိမ်လုံးစာ ရေအသုံးပြု မှုအတွက် အဆင် ပြေနိုင်ဖို့ ရေအသုံးပြု မှုနဲ့ ရေရရှိမှု စနစ်တွေကို ပြန်လည် စစ်ဆေးပြီးပြုပြင်သင့်ပါတယ်။

၎။ မီး၊ လျှပ်စစ်ဓာတ်အားကြိုးသွယ်တန်း အသုံးပြုမှုတွေကိုလည်း စစ်ဆေးပါ။ မီးဘေးမတော်တဆမှုတွေနဲ့ လျှပ်စစ်ဓာတ်အားလုံခြုံစွာ ရရှိနိုင်ဖို့အတွက် ယခင်က မီးလျှပ်စစ်မီး အသုံးပြုမှုတွေကိုလည်း စစ်ဆေးသင့်ပါတယ်။ လျှပ်စစ်ဓာတ်အားပင်မကနေ မိမိအိမ်ဆီသို့ သွယ်တန်းဖြန့်ဖြူးရာအထိကို လုံခြုံမှုရှိမရှိ၊ လျှပ်စစ်ဓာတ်အားသွယ် တန်းတဲ့ ဝါယာကြိုးတွေ၊ ခလုတ်တွေ၊ ဆားကစ်တွေ၊ မော်တာ၊ မီး အားမြှင့်စက် အစရှိသဖြင့် လျှပ်စစ်ဓာတ်အားပေးစနစ်နဲ့ သက်ဆိုင် တဲ့ အစိတ်အပိုင်းတွေအားလုံးကို ပြုပြင် စစ်ဆေးသင့်ပါတယ်။

၅။ ရေတူးမြောင်းနဲ့ ရေဆိုးထွက်ပေါက် လမ်းကြောင်းတွေကို ရှင်းလင်းတူးဖော်ပါ။ ယခင် နေထိုင်ပြီးသား၊ ဒါမှမဟုတ် ကာလကြာရှည်စွာမတူးဖော်ရသေးတဲ့ ရေတူးမြောင်းအဟောင်းတွေကို ပြန်လည်တူးဖော်ပြီးတော့ အသစ်ဖောက်လုပ်ပါ။ ဒါမှသာ မိမိအိမ် တွင်းက စွန့်ပစ်တဲ့ ရေဆိုးနဲ့ အညစ်အကြေးတွေ အားလုံးကို ပြင်ပ သို့ စနစ်တကျ စွန့်ပစ်နိုင်မှာ ဖြစ်ပါတယ်။ ခြံဝင်းကနေ အိမ်ပြင်ပသို့ ရေစီးသွားရာလမ်းကြောင်းက အမှိုက်သရိုက်တွေကို ရှင်းလင်းပါ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service