ညဈေး ၊ ပလက်ဖောင်းဈေးကွက် နှင့် ခေတ်သစ်အရင်းရှင်များ - Property News in Myanmar from iMyanmarHouse.com
5533 Views

ညဈေး ၊ ပလက်ဖောင်းဈေးကွက် နှင့် ခေတ်သစ်အရင်းရှင်များ

မဟာရန်ကုန်ရဲ့ အထင်ကရ လမ်းမကြီး ၁၁ လမ်းမှာ ဈေးသည်တွေကြောင့် ကားတွေပိတ်တယ် ၊ သွားမရဘူး ၊ ပလက်ဖောင်းလမ်းလျှောက်သူတွေ အတွက် အခက်အခဲ ဖြစ်စေတယ် ဆိုပြီး ဈေးသည်တွေကို ကမ်းနားလမ်းညဈေးကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ရွှေ့ပြောင်းနေရာချထားပေးခဲ့တာ အားလုံးလည်းအသိဘဲဖြစ်ပါတယ် ။

ရုတ်တရက် ပြောင်းရွှေ့လိုက်တဲ့ အတွက် ဈေးရောင်းမကောင်းတာတို့ ၊ ၀ယ်သူတွေ လာရတာ ဝေးလို့ အဆင်မပြေပါဘူး ဆိုတဲ့ complain တွေ တက်ကြပေမယ့် နောက်ပိုင်း တစ်ဖြည်းဖြည်း အခြေကျလာရင်တော့ အတိုင်းအတာ တစ်ခုအထိ ပြေလည်သွားမှာ သေချာပါတယ် ။

ဈေးသည်ပေါင်း ၆၀၀၀ ကျော် တိတိကျကျ ပြောရရင်စည်ပင်စာရင်းအရ ဈေးသည် ၆၀၄၁ ဦးရှိပေမယ့်လည်း ကမ်းနားလမ်းမှာ နေရာချထားပေးလိုက်တဲ့ ညဈေးမှာတော့ ဈေးသည်ပေါင်း ၁၆၀၀ ကျော်သာ နေရာချထားပေးနိုင်ခဲ့ပါတယ် ၊ ကျန်တဲ့ ဈေးသည်တွေကတော့ အတွင်းလမ်းတွေထဲကို အဆင်ပြေသလို ၀င်ရောင်းခိုင်းလိုက်တဲ့ အတွက် ပြသနာတွေ အခုထက်ထိ ဖြေရှင်းလို့ မရနိုင်သေးတဲ့ အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ ၊ စည်ပင်တာဝန်ရှိသူတွေ အခုထက်ထိ ရှင်းလင်းလို့ မပြီးနိုင်မစီးနိုင်ဖြစ်နေပါတယ်။ နောက်ပိုင်းမှာတော့ တစ်ဖြည်းဖြည်း အသားကျသွားမယ်လို့ယူဆပါတယ် ။

ဈေးသည်တွေ အကြားမှာလည်း နေရာရတဲ့ ဈေးသည်နဲ့ အရင်မူလကတတည်းက ရောင်းပါတယ်ဆိုတဲ့ ဈေးသည်တွေနဲ့ နေရာဈေးဗန်းအတွက် ချကြနှက်ကြလို့ ရုံးရောက်ဂတ်ရောက်နဲ့ ပြသနာတွေကလည်း ခဏခဏ ဖြစ်နေဆဲဖြစ်ပါတယ်။ ပြသနာမဖြစ်ချင်ရင်တော့ တိုးတိုးတိတ်တိတ် ဈေးညှိပြီး အလုပ်ဖြစ်အောင် လုပ်လိုက်ကြတာဘဲဖြစ်ပါတယ် ။ ပလက်ဖောင်းဈေးဗန်းနေရာ ဈေးကွက်ကတော့ ခေတ်အဆက်ဆက်မှာပန်းပန်နေဆဲဖြစ်ပါတယ် ။ မယုံရင် ကိုယ်တိုင်ဈေးဗန်းလေးတစ်ဗန်းယူပြီး အဆင်ပြေမယ့် နေရာတစ်ခုခုမှာ သွားရောင်းကြည့်လိုက်ရင် မကြာခင် ပလက်ဖောင်းဈေးဗန်းနေရာမှာ ပိုင်ရှင်ရှိတယ်လို့ ပြောမယ့်သူတွေ ၊ ခေတ်အဆက်ဆက် ဘိုးစဉ်ဘောင်ဆက် ရောင်းစားလာတဲ့ သူတွေ အလျှိလျှိ ပေါ်လာမှာဖြစ်ပြီး အဆင်မပြေရင် တုတ်ဆွဲဓားဆွဲ နဲ့ ပြသနာဖြစ်မှာ မြေကြီးလက်ခတ် မလွှဲသေချာပါတယ် ။

နိုင်ငံတကာမှာ ညဈေးတန်းတွေ အများကြီး ရှိသလို ရန်ကုန်မှာလည်း ညဈေးတန်းတွေ ဖြစ်သင့်တာ ကြာလှပါပြီ ၊ အရင် ရှိခဲ့တဲ့ ညဈေးတန်း အဟောင်းတွေကလည်း ခေတ်ဆိုးစနစ်ဆိုးမှာ အကြောင်းပြချက် မျိုးစုံနဲ့ တိမ်မြုပ်ပျောက်ကွယ်ခဲ့ရပါတယ် ၊ ဈေးသည် ၆၀၀၀ ကျော်မှာ ဈေးသည် ၁၆၀၀ ကျော်ကိုဘဲ နေရာချထားပေးနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေကို အပြစ်ဆိုဖို့ ခက်ပါတယ် ၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကိုယ်တိုင်လည်း နေရာရှာပါးတဲ့ မဟာရန်ကုန်မြို့ကြီးမှာ အတက်နိုင်ဆုံး ကြိုးစား ဖြေရှင်းပေးနေတယ်လို့ ဘဲ ယူဆပါတယ် ၊ ဈေးသည် ခြောက်ထောင်ကျော်လုံးကို တစ်နေရာတည်းမှာ နေရာ ချပြီး ရောင်းခိုင်းဖို့ ဆိုတဲ့ ကျယ်ဝန်းတဲ့ မြေနေရာ တွေကလည်း ရန်ကုန် မြို့မှာ မရှိသလောက် ရှားပါးသွားခဲ့တာ အားလုံး အသိဘဲဖြစ်ပါတယ် ။

ကမ်နားလမ်း ညဈေးတင်မကဘဲ အခုနောက်ပိုင်းမှာ ဈေးသည်တွေရဲ့ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဘားလမ်းလို့ ခေါ်တဲ့ မဟာဗန္ဓုလ ပန်းခြံလမ်းမှာပါ ညဈေးအဖြစ် ဈေးရောင်းခွင့်ပြုလိုက်ပါတယ် ၊ ဒါပေမယ့်လည်း ကျန်နေတဲ့ ဈေးသည် လေးထောင်ကျော် အတွက် အလုပ်ဖြစ်နိုင်တဲ့ နေရာလေးတွေ လိုအပ်နေဆဲဖြစ်ပါတယ် ၊ တိုးတိုးတိတ်တိတ် ဈေးကွက်အနေအထားအရ ဘားလမ်းက ဆိုင်ခုံအတွက် ရထားတဲ့ လေးပေဆိုတဲ့ ပလက်ဖောင်းမြေနေရာ အတွက် ကျပ်သိန်း ၃၀ အထက် တန်ကြေးရှိပြီး ရောင်းတဲ့လူလည်းအနည်းအကျဉ်းဘဲ ရှိပါတယ် ၊ ၀ယ်သူကတော့အဆင်သင့်ရှိပါတယ်
အရင်တုံးကတော့ ရန်ကုန်ရဲ့ အထင်ကရ ပလက်ဖောင်းဈေးကွက်ဖြစ်တဲ့ အန်ာရထာ နှင့် မဟာဗန္ဓုလလမ်းက အကွက်အကွင်းလည်းကျမယ် ၊ ဈေးလည်းရောင်းကောင်းမယ့် နေရာဖြစ်မယ် ဆိုရင် လေးပေပတ်လည် ပလက်ဖောင်း ဈေးဗန်းတစ်နေရာစာ အတွက် ကျပ်သိန်းတစ်ရာ ၀န်းကျင်လောက်ရှိပြီး ပလက်ဖောင်းနေရာ ဌားစားမယ်ဆိုရင်လည်း လစဉ် သိန်းနဲ့ ချီ ဌားခပေးပြီးမှ ဈေးရောင်းခွင့်ရရှိတာဖြစ်ပါတယ် ၊ ပလက်ဖောင်းမေးတင်ထားတဲ့ မြေညီထပ် တိုက်ခန်းရှင်တွေကဘဲဖြစ်ဖြစ် ၊ ဘိုးစဉ်ဘောင်ဆက် အစဉ်အဆက် ဈေးရောင်းစားခဲ့တဲ့ လူတွေကဘဲဖြစ်ဖြစ် ဘာစာရွက်စာတမ်းမှ မရှိပေမယ့်လည်း ထာဝရ ပိုင်ရှင်လို့ သတ်မှတ်ပြီး ဈေးသည်တွေဆီက ငွေကြေးကောက်ခံခဲ့ကြတာဖြစ်ပါတယ် ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဘက်ကတော့ ပလက်ဖောင်းမြေနေရာတွေကို ဘယ်သူ့ကိုမှ နေရာချထားပေးဖြခင်းမရှိပါဘူးလို့ ဆိုင်းဘုတ်တွေ လိုက်ကပ်ကြေညာနေပေမယ့်လည်း အိမ်ရှင်တွေ မြေညီထပ် တိုက်ခန်းရှင်တွေ ဘက်ကတော့ တောင်းမြဲတောင်းနေဆဲဖြစ်ပါတယ် ။ အခုတော့ အထင်ကရ လမ်းတွေပေါ်မှာလည်း ဈေးရောင်းခွင့်မပေးတော့ဘူးဆိုတဲ့ အကြောင်း စည်ပင်ဘက်က တရားဝင်ကြေညာချက်ထုတ်ထားသလို အတွင်းလမ်းတွေက လမ်းသူလမ်းသားဆိုသူတွေကလည်း ဈေးသည်တွေ လမ်းထဲ ၀င်ဈေးရောင်းတာကို တားမြစ်တာတွေ လုပ်လာတဲ့ အတွက် ဈေးသည်တော်တော်များများကတော့ မူလရောင်းချနေတဲ့ နေရာတွေ ဖြစ်တဲ့ အထင်ကရလမ်းတွေ ပေါ်မှာဘဲ ရင်တထိတ်ထိတ် နဲ့ ယူနီဖောင်းဝတ်တွေ လာတိုင်း ဈေးဗန်းမပြီး ပြေးရမလိုလို နဲ့ ကျီးလန့်စားစား ဖြစ်နေကြပါပြီ။

ဈေးသည်အချို့ရဲ့ ရင်ဖွင့်ချက်အရလည်း အတွင်းလမ်းတွေမှာ ဈေးဝင်ရောင်းမယ်ဆိုရင် အိမ်ရှင်တွေက သုံးပေပတ်လည် ပလက်ဖောင်းဈေးဗန်းတစ်ဗန်းစာ အတွက် တစ်ရက်ကို လေးထောင် ဒါမှမဟုတ် လပြတ်အဖြစ် တစ်လ တစ်သိန်း တောင်းခံပြီးမှာ သူတို့အိမ်ရှေ့က ပလက်ဖောင်းမှာ ရောင်းချခွင့်ပေးတာဖြစ်ပါတယ် ၊ ဒါတောင် ရပ်ကွက်ထဲက ဓမ္မာရုံ လူကြီးလိုလို ဘာလိုလိုပုဂ္ဂိုလ်တွေကိုပါ အဆင်ပြေပြေ ဈေးရောင်းနိုင်ဖို့ အတွက် မျက်နှာချို သွေးပြီးရောင်းရသလို ဈေးဗန်းသိမ်းလို့ အိမ်ပြန်မယ်ဆိုရင်လည်း အိမ်ရှင်တွေကို ပစ္စည်းအနည်းအများအဖြစ် ပစ္စည်းသိမ်းခ ဆိုပြီး နေ့စဉ် ထောင်ဂဏာန်းပေးရပါတယ် ၊ ရေဘာလီပုံးတစ်ပုံစာ အတွက်လည်း တစ်ပုံးကို ငွေတစ်ရာ အိမ်ရှင်တွေဆီက ၀ယ်ယူပြီး ရောင်းနေရတဲ့ ရန်ကုန်ဈေးသည်တွေကလည်း အများကြီး ရှိနေဆဲဖြစ်ပါတယ် ။

အထင်ကရလမ်းမကြီးပေါ်မှာ ကျီးလန့်စာစာ နဲ့ ရောင်းနေရတဲ့ ဈေးသည်ဘဲဖြစ်ဖြစ် ၊ အတွင်းလမ်းတွေမှာ အိမ်ရှင်ကို ပိုက်ဆံပေးပြီး ရောင်းနေတဲ့ ဈေးသည်တွေဘဲ ဖြစ်ဖြစ် အားလုံးမှာ တူညီတဲ့ အချက်ကတော့ အရောင်းအ၀ယ်ဖြစ်နိုင်တဲ့ နေရာမှာ စည်းစနစ်တကျ နိုင်ငံတော်ထံကနေ နေရာလေး တစ်ခုကို အခြားသော ဈေးသည်တွေလိုဘဲ ဒီအခွင့်အရေးကို လိုချင်ကြမှာ မဆန်းပါဘူး ။ ဘယ်သူမဆို ပင်ပင်ပန်းပန်း ရှာဖွေလို့ရတဲ့ ချွေးနည်းစာကို အလဟသ အရင်းရှင်းလူတန်းစားကို ဆက်သရတဲ့ ဘ၀ကိုတော့ လိုချင်ကြမှာ မဟုတ်ပါဘူး ။ ဒါတွေကလည်း ကျွန်တော်တို့ မမွေးခင် နှစ်ပေါင်းများစွာကတည်း က ရန်ကုန်ရဲ့ ပလက်ဖောင်းဈေးကွက် အခြေအနေ ၊ ဈေးဗန်း နေရာ အရောင်းအ၀ယ် ဇတ်လမ်းက လွယ်လွယ်နဲ့တော့ လက်စသိမ်းဖို့ ဆိုတာ ဖြစ်နိုင်ချေနည်းပါတယ် ။

ရန်ကုန်မြို့က ပလက်ဖောင်းဈေးသည် အများစုက မြို့ပြင် ဧရိယာမြို့နယ်တွေ ၊ ရန်ကုန်တစ်ဖက်ကမ်းမြို့နယ်တွေကနေ မိသားစု
သမုဒ္ဓရာ ၀မ်းတထွာအတွက် လာရောက်ဈေးရောင်းချရတဲ့ လူတွေက အများစုဖြစ်ကြပါတယ် ၊ ဈေးမရောင်းဘဲ နေရာ ကြိုဦးပြီး တစ်ဆင့်ပြန် လက်လွှဲရောင်းချနေတဲ့ လူတွေလည်း ရှိနိုင်ပါတယ် ၊ ဒါကြောင့် လည်းအများနည်းတူ ဈေးသည်တွေကို စေတနာထားပြီး စနစ်တကျ နေရာပြန်ချဖို့ လုပ်နေတဲ့ အာဏာပိုင်တွေ အနေနဲ့လည်း ကျန်ရှိနေတဲ့ ဈေးသည်တွေ အတွက် ထပ်မံစီစဉ်ပေးဖို့လိုသလို ၊ တကယ်ဈေးမရောင်းဘဲ နေရာ ကြိုယူထားပြီး အမှန်တကယ် ဈေးရောင်းချမယ့် ဈေးသည်ကို တဆင့်ပြန်ရောင်းစားနေတဲ့ ဈေးသည်အယောင်ဆောင်တွေကိုလည်း စီစစ်ကြပ်မတ်ဖို့ လိုအပ်လာပြီဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service