ရန်ကင်းအိမ်ခြံမြေ စိတ်ဝင်စားသူများ ဈေးအမြင့်ပိုင်း မရောက်သေး - Property News in Myanmar from iMyanmarHouse.com
1350 Views

ရန်ကင်းအိမ်ခြံမြေ စိတ်ဝင်စားသူများ ဈေးအမြင့်ပိုင်း မရောက်သေး

လူစိတ်ဝင်စားမှုများပြီး ကွန်ဒိုနဲ့ အဆင့်မြင့်အိမ်ရာတွေ အများဆုံးဆောက်လုပ် အကောင်အထည်ဖော်လာတဲ့ ရန်ကင်းမြို့နယ်ရဲ့ အရောင်းအဝယ် အခြေအနေနဲ့ ဈေးကွက်ဘယ်လောက်အထိ ပြောင်းလဲလာတယ် ဆို တာကို တိုင်းလုံးကျော် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက COO(Chief Operation Officer) ဦးဥာဏ်ထွန်း ကို မေးမြန်းထားတဲ့ အထဲက တချို့ကို ကောက်နှုတ်ဖော်ပြပါတယ်။

မော်ဒန်။ ။ ရန်ကင်းမြို့နယ်ကို စည်ကားတဲ့ မြို့နယ်ဖြစ်အောင် လုပ်မယ်ဆိုတော့ ဘယ်လို လုပ်ငန်း အ မျိုးအစားတွေ စိတ်ဝင်စားမှု များနေပါသလဲ။

ဦးဥာဏ်ထွန်း။ ။ ရန်ကင်းမြို့နယ်ကတော့ အခုလက်ရှိလည်း စည်ကားနေပါတယ်။ နောင် ၅နှစ် ၁၀ နှစ် အ တွင်း ပိုပြီး စည်ကားလာမယ်လို့ ယုံကြည်ပါတယ်။ သွားလာရေး လွယ်ကူခြင်းကလည်း အဓိကကျတဲ့ အ ခန်းကဏ္ဍ တစ်ခုဖြစ်တော့ ကွန်ဒို ပရောဂျက်တွေ၊ ရှောပင်းမောလ်တွေ၊ ဘဏ်တွေ၊ အပန်းဖြေ နေရာတွေ၊ ဆေးရုံ၊ ဆေးပေးခန်းနဲ့ စားသောက်ဆိုင်လုပ်ငန်း အစရှိတာတွေ တည်ရှိနေခြင်းကလည်း ရန်ကင်းမြို့နယ်ကို ပိုမိုစည်ကားစေပါတယ်။

မော်ဒန်။ ။ လက်ရှိ ရန်ကင်းမြို့နယ်ရဲ့ အိမ်ခြံမြေ ဈေးကွက် အခြေအနေ သိချင်ပါတယ်။

ဦးဥာဏ်ထွန်း။ ။ လက်ရှိ ရန်ကင်းမြို့နယ်အပြင် တခြားမြို့နယ်တွေမှာလည်း အိမ်၊ ခြံ၊ မြေ ဈေးကွက် အ ခြေအနေ ထွေထွေထူးထူး ကြီးကြီးမားမား ပြောင်းလဲနေတော့ မရှိသေးပါဘူး။ ပြောရမယ်ဆိုရင် အရောင်း ဈေးကွက်နဲ့ အငှားဈေးကွက်ကတော့ ပုံမှန်အတိုင်းပဲ ရှိနေပါတယ်။ အခုလက်ရှိ အငှားဈေးကွက်ကတော့ supplies များနေပြီး demand ကတော့ budget လုပ်ငန်းတွေပေါ် မူတည်ပြီး အလုပ်ဖြစ်နေပါတယ်။

မော်ဒန်။ ။ အိမ်ခြံမြေ အပိုင်းမှာ ဘယ်လိုနေရာတွေကို ပိုစိတ်ဝင်စားကြလဲ(လုံးချင်းလား၊ ကွန်ဒိုလား၊ မြေကွက်လား)။

ဦးဥာဏ်ထွန်း။ ။ အခု လက်ရှိ အခြေအနေက အိမ်ခြံမြေ အပိုင်းမှာ လုံးချင်းရော၊ ကွန်ဒိုရော၊ မြေကွက် တွေကို စိတ်ဝင်တစားရှိကြပါတယ်။ Customers တွေရဲ့ သုံးစွဲမယ့် ငွေပမာဏအလိုက် လုံးချင်း၊ ကွန်ဒို နှစ်ခု စလုံးကို စိတ်ဝင်စားကြပါတယ်။ ငွေပို ငွေလျှံ ရှိသူတွေကတော့ မြေကွက်တွေဘက်မှာပါ ရင်းနှီးမြှုပ်နှံတာ တွေ လုပ်လာကြပါတယ်။ အငှားပိုင်းမှာဆိုရင်လည်း ရန်ကင်းမြို့နယ်မှာဆိုရင် ပြည်တွင်းက လာရောက် ငှား တာတွေနဲ့ ပြည်ပအငှားပိုင်း နှစ်မျိုးလုံး စိတ်ဝင်စားမှု များနေပါတယ်။

မော်ဒန်။ ။ ရန်ကင်းမြို့နယ်နဲ့ ပတ်သတ်ပြီး အစိုးရပိုင်းက အိမ်ရာအဟောင်းတွေကို ပြန်ပြင်ဆောက် တော့မယ်ဆိုတာတွေ ရှိနေတော့ အဲသည်ဘက်က ဈေးကွက် အခြေအနေလေးတွေ သိချင်ပါတယ်။

ဦးဥာဏ်ထွန်း။ ။ နိုင်ငံပိုင်သတင်းစာတွေကနေပြီး အစိုးရအိမ်ရာတွေကို ပြန်လည်ဆောက်လုပ်ဖို့အတွက် တင်ဒါခေါ်ယူမှု အပိုင်းတွေကို ကြားသိရပါတယ်။ အစိုးရရဲ့ တကယ်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပါ။ အဲ သည်ဘက်ခြမ်းမှာတော့ ဈေးကွက်အခြေအနေကတော့ သိပ်ပြီးကြီးကြီးမားမား အကျိုးသက်ရောက်မှု မရှိ နိုင်ဘူးလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ရန်ကင်းမြို့နယ်က တိုက်ခန်းအများစုနဲ့ မြေဈေးကွက်တွေက အရင်ကတည်းက ဈေးကောင်းကြတယ်။ သည်လိုလုပ်လိုက်ရင် လူပိုစိတ်ဝင်စားပြီး ပိုစည်ကားလာတာမျိုး ဖြစ်နိုင်ပါတယ်။


မော်ဒန်။ ။ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အနေနဲ့ ဈေးနှုန်းတွေ ဘယ်လောက်အထိ ပြောင်းလဲလာ ပါ လဲ။


ဦးဥာဏ်ထွန်း။ ။ ၂၀၁၆ ခုနှစ် နှစ်အစမှ အခု အောက်တိုဘာလအထိတော့ ဈေးနှုန်းကို အပိုင်းနှစ်ပိုင်း ခွဲပြီး ပြောပြရရင် ပထမအပိုင်းက အရောင်းအဝယ်၊ ဒုတိယအပိုင်းကတော့ အငှားဈေးကွက် ပထမအပိုင်းကို စ ပြောရရင် အရောင်းအဝယ်ဈေးကွက်မှာ ၂၀၁၄-၂၀၁၅ က ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းတွေထက် တစ်ဝက်ခန့် ဈေး ကျပြီး တချို့နေရာတွေမှာဆိုရင် သုံးပုံနှစ်ပုံခန့် ဈေးတွေ ကျဆင်းနေပါတယ်။ ဒုတိယအပိုင်း အငှားဈေး ကွက်ကို ပြောရရင် လုံးချင်းရော၊ ကွန်ဒိုရော၊ အငှားဈေးနှုန်းတွေက တချို့နေရာတွေမှာတော့ ဈေးနှုန်း အ နည်းငယ် ကျဆင်းနေပါတယ်။ အားလုံးကို ခြုံပြီးပြောရရင် ၂၀၁၆ ခုနှစ်အတွင်း အိမ်ခြံမြေ ဈေးကွက်က တော့ ကြီးကြီးမားမား ပြောင်းလဲမှုတော့ မရှိသေးဘူးလို့ မှတ်ချက်ပေးချင်ပါတယ်။

မော်ဒန်။ ။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။


Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service