ကိုယ်ကျိုးကြည့် အကျိုးဆောင်များ နှင့် အပြောင်းအရွှေ့ပြသနာ - Property News in Myanmar from iMyanmarHouse.com
1992 Views

ကိုယ်ကျိုးကြည့် အကျိုးဆောင်များ နှင့် အပြောင်းအရွှေ့ပြသနာ

အရပ်စကားနဲ့ ပြောရင် ပွဲစားလို့ဘဲခေါ်ခေါ် စကားလုံးလှလှလေးနဲ့ ပြောမယ်ဆို ရင် အကျိုးဆောင်ဘဲ ဆိုဆို ခေတ်စနစ်တစ်ခုမှာ ပွဲစားကြီး ဆိုတဲ့ လူတန်းစား တစ်ရပ် လူရိုသေရှင်ရိုသေ ၊ ဘုရားဒကာ ကျောင်းဒကာအဖြစ်ဘုရားကျောင်း ကန်တွေမှာ ကမ္မည်းမှတ်တမ်းတွေမှာ ရေးထိုးပြီး ဂုဏ်ယူခဲ့ကြပါတယ် ။


ရောင်းသူ နဲ့ ဝယ်သူကြားမှာ နှစ်ဦးနှစ်ဖက်အကျိုးဆောင် ပြေလည်စေဖို့အရေး ကြားဝင်ညှိနှိုင်းအောင်သွယ်ပေးရလို့ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့အလုပ် တစ်ခုအဖြစ် ခေတ်အဆက်ဆက်မှာ မှန်မှန်ကန်ရပ်တည်ခဲ့ကြပါတယ်။ ပွဲစားကြီး ဘယ်သူဘယ်ဝါရဲ့ သားသမီးမြေးမြစ်တွေ ဆိုပြီးလို့လည်း ပွဲလယ်တင့်ခဲ့ကြပါ တယ် ။


အိမ်ခြံမြေတိုက်ခန်းဈေးတွေ အရောင်းအ၀ယ်မကောင်းလို့ လုပ်ငန်းရှင်တွေ ၊ အိမ်ခြံမြေ၀ယ်ရောင်းတွေ အဆင်မပြေသလို တစ်ဖက်မှာလည်း အိမ်ငှားရမ်း နေထိုင်သူ တွေကို ပွဲစား အကျိုးဆောင်တစ်ချို့က ခပ်ပါးပါးလှီးလို့နေထိုင်သူ တွေ ဒုက္ခရောက်ရတဲ့ဇတ်လမ်းတွေကလည်း တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ကြားသိနေဆဲဖြစ်ပါတယ် ။


အခုခေတ်အခြေအနေမှာတော့ အိမ်ခြံမြေ အကျိုးဆောင်ပွဲစားတွေကို လူလည် ပတ်ကားတွေလို့ မြင်လာရတာကလည်း မသမာတဲ့ လူနည်းစုတစ်ချို့ကြောင့် မှန်မှန်ကန်ကန် လုပ်ကိုင်နေတဲ့ အကျိုးဆောင်ပွဲစားတွေပါ ၀ါးလုံးရှည်နဲ့သိမ်း ကြုံး အရိုက်ခံရသလို အမြင်တွေလည်း ပြောင်းသွားတာ ရင်နာစရာဖြစ်ပါတယ် ။


အိမ်ငှားနေတဲ့ လူတွေဘဲ အိမ်ငှားတဲ့ ဒုက္ခ ၊ ပွဲစားတွေပေးတဲ့ ဒုက္ခသုခကိုအသိ ဆုံးဖြစ်ပါတယ် ၊ ဘယ်အိမ်ငှားမှလည်း မကြာခဏ ခြောက်လတစ်ခါလောက်မ ပြောင်းချင်ကြတာတော့သေချာပါတယ် ၊ ပွဲစားသဘောကောင်းရင်ကောင်းသ လို စိတ်ချမ်းသာရတဲ့ အိမ်ရှင် အိမ်ငှားတွေရှိပါတယ် ၊ လူသစ်နောက်တစ်ဦးအ သစ်ထပ်တင်နိုင်ရင် ပွဲခလည်းထပ်ရ အိမ်ရှင်အတွက်လည်း အိမ်ငှားခတိုးရ အောင်တောင်းပေးတဲ့ အိမ်ရှင်မျက်နှာလုပ်တဲ့ နှစ်သီးစား ပွဲစားတွေကြောင့် စိတ်ညစ်ပြီး ပြောင်းပြေးကြရတဲ့ အိမ်ငှားမိသားစုတွေက မဟာရန်ကုန်မှာမနည်း ပါဘူး ။


အထူးသဖြင့်တော့သွားလာရေး လွယ်ကူအဆင်ပြေပြီး လူကြိုက်များတဲ့နေရာ လည်းဖြစ်မယ် ၊ အိမ်ရှင်တိုက်ခန်းရှင်တွေကလည်း ပွဲစားကို ယုံပြီး အိမ်ကိုအပြီး အပ် ထားမယ်ဆိုရင် ချယ်လှယ်ဖို့ အခွင့်အလမ်းနဲ့ လုပ်စားတက်ရင်လုပ်စားလို့ရ တဲ့ အနေအထားကိုရောက်သွားသလို ဖြစ်ပြီးပင်ကိုယ်စိတ်ရင်းစိတ်ထားပေါ်မူ တည်ပြီး အိမ်ဌားတွေကိုဒုက္ခပေးတဲ့ဇတ်ညွှန်းကိုရေးတဲ့ပွဲစားတွေကလည်း အများသားဖြစ်ပါတယ် ။


အသိမိတ်ဆွေတစ်ယောက်ဆိုရင် တောင်ဒဂုံထဲက နာမည်ကြီးတိုက်ခန်းတစ်ခု မှာ ငှားနေတာ စာချုပ်ချုပ်လည်း ပွဲစားနဲ့ ချုပ်ရပြီး အိမ်ရှင်ကို တိုက်ရိုက်တစ်ခါမှ ဆင်းတဲ့အထိ မတွေ့ဖူးလောက်အောင် ပွဲစားမီးသေတဲ့ အိမ်ရှင်တွေလည်းရှိပါ တယ် ၊ အိမ်ငှားက အိမ်ပြင်ခိုင်းတာက အစ ပွဲစားကတစ်ဆင့် လုပ်ပေးရတဲ့အထိ အကျိုးဆောင်ပွဲစားတစ်ချို့ စွမ်းသလို အိမ်ရှင် နဲ့အိမ်ငှားနဲ့ကိုလည်းစားဂွင် ပျောက် မှာစိုးလို့ ပေးမတွေ့တဲ့ ပွဲစားတွေလည်း ထုနဲ့ထေးရှိပါတယ် ။


တစ်ချို့ လူကြိုက်များတဲ့ ရန်ကုန်မြိုပြင်က အခြေခံလူတန်းစားတွေ နေတဲ့နေရာ အချို့်ဆိုရင် အိမ်ဌားက သူတက်နိုင်လို့ တစ်နှစ်အထိ အိမ်စာချုပ်ချုပ်ချင်ပါ တယ် ဆိုရင်တောင် ပွဲစားဘက်က ပွဲခ ထပ်မရနိုင်မှာ စိုးရိမ်လို့အကြောင်း အမျိုးမျိုးပြပြီး ခြောက်လ တစ်ဖြတ်ချုပ်ခိုင်းတာတွေ ၊ ခြောက်လတစ်ခါအိမ်ရှင် ကိုယ်စားအိမ်လခတိုးတောင်းပြီးပွဲခမဟုတ်ရင်တောင်အနည်းဆုံးလက်ဘက်ရည် ဖိုး ထပ်တောင်းတဲ့ ဖြစ်ရပ်တွေလည်း အများကြီး မြင်နေကြားနေရပါတယ် ။


ခြောက်လတစ်ခါ စာချုပ်ပြည့်တိုင်း အိမ်ပြောင်းပြောင်းနေရပြီး ပွဲစားကိုလုပ် ကြွေးနေရတဲ့ မိသားစုတွေ ဒုက္ခကလည်း မသေးလှပါဘူး။အိမ်တစ်အိမ်ပြောင်း ဖို့ ဆိုတာ မလွယ်ကူလှတဲ့ အပြင် ပတ်ဝန်းကျင်အသစ်ကို မကြာခဏပြောင်းပြီး ဆက်ဆံနေရတဲ့ ပြသနာကလည်း ကြီးတာကြောင့် အိမ်ငှားတော်တော်များများ ကတော့ အနည်းဆုံး နေရာတစ်ခုမှာ တစ်နှစ်လောက်တော့နေချင်ကြမှာဖြစ်ပါ တယ် ၊ ပွဲစားအကျိုးဆောင် အကုန်လုံးကို ဆိုလိုရင်း မဟုတ်ပေမယ့် ၀ိသမာ ကိုယ့်ကျိုးကြည့်တဲ့ ပွဲစားတွေနဲ့ ငွေရရင်ပြီးရော ပွဲစားကြိုက်တာလုပ်လွှတ်ပေး ထားတဲ့ အိမ်ရှင်တွေနဲ့ ဆုံလိုက်ရတဲ့ အိမ်ဌားတွေရဲ့ ၀ဋ်ကြွေးကတော့မသေး လှပါဘူး။ စိတ်ကောင်းရှိတဲ့ အကျိုးဆောင်တွေ ၊ စိတ်ကောင်းရှိတဲ့အိမ်ရှင်တွေ လည်း ထုနဲ့ထေးရှိကြပါတယ် ။


ရန်ကုန်မြို့မှာ ရှိတဲ့ ပြည်သူ ၁၀၀ ရာခိုင်နှုန်းမှာ ၈၅ ရာခိုင်နှုန်းကအိမ်ဌားနေ နေကြရတာဖြစ်ပြီး ၁၅ ၇ာခိုင်နှုန်းလောက်ဘဲ အိမ်ပိုင်နဲ့ နေနိုင်တဲံ့ အခြေအနေ ရှိတဲ့ အတွက် အိမ်ဌားသံသရာလည်နေတဲ့ လူဦးရေအရည်အတွက်ကလည်း နည်းမှာ မဟုတ်ပါဘူး ၊ အိမ်ခြံမြေ အရောင်းအ၀ယ်မကောင်းလို့ တိုက်ခန်းတွေ အ၀ယ်ပျောက်နေပြီး ကန်ထရိုက်တွေ လက်မှိုင်ချနေရချိန်မှာ အိမ်ခြံမြေပွဲစား အကျိုးဆောင်တွေ ပန်ပန်လျက် ရပ်တည်နေနိုင်တာ အိမ်ဌားရမ်းတဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ် ။


အိမ်တစ်အိမ်ကနေ အခြားအိမ်တစ်ခုကို မကြာခဏ ပြောင်းပေးရတဲ့ဒုက္ခက လည်းမသေးတာ အိမ်ပြောင်းဖူးတဲ့လူတိုင်းသိပါတယ် ၊ ခြောက်လတစ်ခါပွဲခ လိုချင်တဲ့ အကျိုးဆောင်နဲ့ ခြောက်လတစ်ခါ အိမ်လခ တိုးလိုချင်တဲံ အိမ်ရှင်တွေ ပူးပေါင်းမိသွားရင် ဌားနေမိတဲ့ လူတွေ ဒုက္ခနဲ့လှလှ တွေ့ကြမှာသေချာပါတယ် ။


ရန်ကုန်မြို့ပေါ်မှာ နေထိုင်နေကြတဲ့ အခြေခံလူတန်းစားတွေ လစာနည်းဝန် ထမ်း မိသားစုတွေ ၊ နယ်ကနေ မြို့တက်အလုပ်လာလုပ်ကြတဲံလူတွေမဆိုထား နဲ့လူလတ်တန်းစားဝန်ထမ်းမိသားစုတွေတော်တော်များများအိမ်ပိုင်မရှိကြသေးပါဘူး ၊ နိုင်ငံဝန်ထမ်းဖြစ်လို့ နိုင်ငံပိုင်လိုင်းခန်းတွေမှာ နေနေကြရဆဲ ဖြစ်ပါတယ် ၊ ဈေးကွက်စီးပွားရေးအရ ဘဲပြောပြော အခြေခံလူတန်းစားတွေ အတွက်ဘဲ ဆိုဆို သွားရေးလာရေးကောင်းမွန်တဲ့ နေရာတွေမှာ တန်ဖိုးနည်းတိုက်ခန်းတွေ အမြောက်အများ ဆောက်ပေးဖို့ လိုနေပြီဖြစ်ပါတယ် ၊ Plan တွေလည်းဆွဲထား ပြီးဖြစ်ပါတယ် ၊ ဒါမှလည်း ပြည်သူတွေ အိမ်ဝယ်ဖို့ မတက်နိုင်သေးတဲ့အိမ်ဌား နေရတဲ့ အချိန်မှာ ရွေးချယ်စရာ အခွင့်အလမ်းတွေများပြီး ၀ိသမာ လောဘ အကျိုးဆောင်တွေရဲ့ လက်ခုပ်တွင်း မကြာခဏ အိမ်ရှင်တွေကို ဈေးတိုးခိုင်းတဲ့ ကိစ္စတွေ ရန်က အတိုင်းအတာ တစ်ခုအထိ လွတ်ကင်းမှာဖြစ်ပါတယ် ။


တစ်ဖက်မှာလည်း အကျိုးဆောင် ပွဲစားတွေ၊ အိမ်ရှင် တွေရဲ့ ဈေးကစားမူ
ကို အရင်ဆုံး စည်းကမ်းစနစ်တကျ နဲ့ ထိန်းသိမ်းဖို့ လုပ်ရမှာဖြစ်ပါတယ် ၊လက် လှမ်းမီသလောက်ပြောရရင် ဖွံ့ဖြိုးပြီး စင်ကာပူ လို နိုင်ငံမှာ အခုလိုခြောက်လ တစ်ခါ အိမ်ဌားခဈေးတက်နေတဲ့ ကိစ္စ မရှိတာ သေချာတဲ့ အတွက် သူတို့ဆီက ကောင်းမွန်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတုယူလုပ်ကိုင်ရမှာဖြစ်ပါတယ် ။

အိမ်ရှင်နဲ့ အိမ်ဌားအကြားမှာ ဘယ်နှစ်နှစ်အတွင်းမှာမှ မူလအိမ်ဌားခရဲ့ရာခိုင် နှုန်းဘယ်လောက်ကို တိုးယူပါမယ်ဆိုတဲ့ စာချုပ်စည်းမျဉ်းစည်းကမ်းမျိုး သတ်မှတ်ထားရမှာဖြစ်ပါတယ် ။ ဒါ့အပြင် အကျိုးဆောင်ပွဲစားတွေကိုလည်း စည်းစနစ်နဲ့ အညီ သင်တန်းတွေ ပေးပြီး လုပ်ငန်းလိုင်စင်တွေထုတ်ပေးထား ရမှာဖြစ်သလို မကန်မကန် လုပ်ရင်လည်း အရေးယူရမှာဖြစ်တဲ့ စည်းမျဉ်းတွေ လိုအပ်လာပါပြီ ။


လောလောဆယ် အနေအထားအရတော့ အိမ်ရှင်တွေ ပွဲစားတွေဘက်ကဘဲ သူတို့ဘက်က အသာစီးရတဲ့ အချက်အလက်တွေပဲ ထည့်ပြီး အိမ်ငှါးစာချုပ် ချုပ်ကြတာများပါတယ် ၊ အကျိုးဆောင်ပွဲစားတွေမတရားခေါင်းပုံဖြတ်နေသရွေ့ ဈေးကစားနေသရွေ့တော့ ....အိမ်ငှါးတွေ နေစရာ ထိုင်စရာ မရှိဘဲ ဒုက္ခသုခ တွေနဲ့ ကျော်ဖြတ်ရအုံးမှာ သေချာပါတယ် ။


မကြာခင်မှာလည်း ၀ါလကင်းလွတ် သီတင်းကျွတ်ရာသီရောက်လာတော့မှာ ဖြစ်တဲ့ အတွက် ပြည်သူတွေကို ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့အကျိုးဆောင် တွေ နဲ့အိမ်လခမကြာခဏတိုးတောင်းဖို့ဘဲစိတ်ကူးရှိတဲ့အိမ်ရှင်တွေအတွက်တော့ ရေကန်အသင့်ကြာအသင့် ဈေးကွက်ကြီးက ပန်းပန်လျက်ရှိနေအုံးမှာဖြစ်ပါ တယ် ။


ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service