လန်ဒန်တွင် အိမ်ခြံမြေဈေးများ မြင့်တက်မှုဖြစ်လာသောကြောင့် နိုင်ငံခြားသားပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် - Property News in Myanmar from iMyanmarHouse.com
895 Views

လန်ဒန်တွင် အိမ်ခြံမြေဈေးများ မြင့်တက်မှုဖြစ်လာသောကြောင့် နိုင်ငံခြားသားပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်

အင်္ဂလန်နိုင်ငံ၊ လန်ဒန်တွင် ပြည်ပ၀ယ်လက်များက အမှန်တကယ်နေထိုင်ခြင်းမရှိဘဲ ရင်းနှီးမြှုပ်နှံရန်အတွက် ၀ယ်ယူမှုများကြောင့် အိမ်ခြံမြေဈေးများ မြင့်တက်မှုဖြစ်လာစေလျက်ရှိရာ နိုင်ငံခြားသားပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လန်ဒန်မြို့တော်ဝန် ဆဒစ်ခန်က ထုတ်ဖော်ပြောကြားလိုက်သည်ဟု လန်ဒန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

“လန်ဒန်အိမ်ခြံမြေဈေးကွက်မှာ နိုင်ငံခြားငွေတွေလည်ပတ်နေတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကောင်းကောင်းသိထားဖို့ လိုနေပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး လန်ဒန်သားတွေ အိမ်ရှာတဲ့နေရာမှာ အကူအညီပေးနိုင်ဖို့အတွက် ဘာတွေလုပ်နိုင်သလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်” ဟု လန်ဒန်မြို့တော်ဝန်က ပြောကြားသည်။

လန်ဒန်၏ အိမ်ခြံမြေဈေးနှုန်းများသည် လွန်ခဲ့သော ၁၂ လတာ ကာလအတွင်း ၁၂ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။

မြို့တော်ဝန်ရုံးသည် လန်ဒန်ရှိ အိမ်ခြံမြေတို့အပေါ် အခွန်ကောက်ခံခြင်းနှင့် စပ်လျဉ်း၍ အခွင့်အာဏာမရှိချေ။

လန်ဒန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုတို့၏ အကျိုးသက်ရောက်မှုနှင့် ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးများအနေဖြင့် အဆိုပါပြဿနာမျိုးကို မည်သို့ ကိုင်တွယ်ဖြေရှင်းကြသနည်းဆိုသည်ကို လေ့လာသွားမည်ဟု မြို့တော်ဝန် ဆဒစ်ခန်က ဆိုသည်။

“ကျွန်တော်တို့ဟာ ကမ္ဘာတစ်ဝန်းက ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုလျက်ရှိကြပါတယ်။ ဒီတော့ လန်ဒန်က နေအိမ်အများအပြားကို ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကအ၀ယ်တွေ အလုံးအရင်းဝယ်လာဦးမယ်ဆိုတဲ့ အလားအလာတွေအပေါ်မှာ ရတက်မအေးဖြစ်ရမှုတွေနဲ့အတူ လန်ဒန်သားတွေအနေနဲ့ နေအိမ်ဝယ်ယူရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်လာရနိုင်ပါတယ်”ဟု ဆဒစ်ခန်ကဆက်လက်ပြောကြား သည်။

၂၀၁၄ ခုနှစ်အတွင်း လန်ဒန်တွင် ပြည်ပ၀ယ်လက်များက နေထိုင်ရန်ထက် ရင်းနှီးမြှုပ်နှံရေးအတွက်သာ ရည်ရွယ်၍ နေအိမ်ဝယ်ယူမှုများစွာရှိခဲ့ရာ လန်ဒန်တွင် စုစုပေါင်း အရောင်းအ၀ယ်ဖြစ်ခဲ့မှု၏ ၇ ရာခိုင်နှုန်းရှိကြောင်း အိမ်ခြံမြေ၀န်ဆောင်မှုအဖွဲ့ Savills က ထုတ်ပြန်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ပွင့်လင်းမြင်သာမှုများ ပိုမိုလိုအပ်ကြောင်း၊ လန်ဒန်အိမ်ခြံမြေဈေးကွက်သို့ တရားမ၀င်ငွေကြေးများ စီးဝင်မလာစေရန် ကြပ်မတ်မှုလိုအပ်ကြောင်း၊ ၀န်ကြီးများအနေဖြင့် လန်ဒန်တွင် နေအိမ်ပိုင်ဆိုင်မှုများကို ပွင့်လင်းမြင်သာမှုရှိအောင် ပြုလုပ်ရန် လိုအပ်ကြောင်း ၊ သို့မှသာလျှင် နေအိမ်များကို မည်သူပိုင်ဆိုင်သည်ဟု အတိအကျသိနိုင်မည်ဖြစ်ကြောင်းလည်း မြို့တော်ဝန် ဆဒစ်ခန်က ပြောကြားသည်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ကြီးဖြစ်သော Transparency International က ထုတ်ပြန်ခဲ့ရာတွင် ပြည်ပနိုင်ငံများမှ အကျင့်ပျက်ခြစားမှုများဖြင့် ရယူခဲ့သော ငွေများဖြင့် ဗြိတိန်အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလာကြမှုမှာ ၂၀၀၄ ခုနှစ်မှ စတင်တွက်ချက်မည်ဆိုလျှင် ပေါင်သန်း ၂၀၀ (ကန်ဒေါ်လာ သန်း ၂၆၀) ခန့် ရှိနေကြောင်း ထုတ်ပြန်ထားသည်။



Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လန်ဒန်တွင် အိမ်ခြံမြေဈေးများ မြင့်တက်မှုဖြစ်လာသောကြောင့် နိုင်ငံခြားသားပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service