စတော့ အိတ်ချိန်းတွင် အရောင်း အ၀ယ်ပြုလုပ်သူနည်းပြီး ၀ယ်လိုအား ကျဆင်းလာ - Property News in Myanmar from iMyanmarHouse.com
1874 Views

စတော့ အိတ်ချိန်းတွင် အရောင်း အ၀ယ်ပြုလုပ်သူနည်းပြီး ၀ယ်လိုအား ကျဆင်းလာ

ရန်ကုန် စတော့အိတ်ချိန်းတွင် အရောင်းအ၀ယ်ပြုလုပ်လိုသူနည်းပြီး ၀ယ်လိုအားနည်း လာသောကြောင့်အစုရှယ်ယာဈေးနှုန်းမှာလဲတစ်ရက်နှင့်
တစ်ရက် ကျဆင်းနေကြောင်း ရှယ်ယာ အရောင်းအ၀ယ်ပြုလုပ်သူများထံမှသတင်းရရှိသည်။

" ထုတ်ရောင်းတဲ့သူ အရမ်းများနေတဲ့ အချိန်ဖြစ်နေတော့ဈေးကျလာမှာပဲဒါကမဆန်းပါဘူး ကုမ္ပဏီတွေများလာမှ အပြိုင်အဆိုင်ဖြစ်လာလိမ့်မယ် လူတွေက လဲ စတော့ကို စိတ်ဝင်စားမှု ရှိလာအောင် သေချာလုပ်ရမာ " ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခဒေါ်ရီရီမြင့်ကပြောသည်။

စက်တင်ဘာ ဒုတိယပတ်အတွင်း FMI ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေပြီး မြန်မာနိုင်ငံသားများဘဏ်မှာလည်းရှယ်ယာဈေးအနည်းငယ်ကျဆင်းလျှက်ရှိသည်။အရောင်းအ၀ယ်ပြုလုပ်လိုသူနည်းပြီး ၀ယ်လိုအားနည်း လာသော ရန်ကုန်စတော့ အိတ်ချိန်းမှာ စက်တင်ဘာ ဒုတိယပတ်အတွင်း ရှယ်ယာဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်သည်။

စတော့ အိတ်ချိန်းဝင် ကုမ္ပဏီ သုံးခုဖြစ်သည့် FMI ကုမ္ပဏီမှာ တစ်ရက်နှင့် တစ်ရက်ဈေးနှုန်း ကျဆင်းလာသည်မှာ သိသာပြီး သီလ၀ါ အများပိုင် ကုမ္ပဏီမှာမူ ရှယ်ယာဈေးနှုန်း တက်ခြင်းကျခြင်းသိသာခြင်းမရှိဘဲ အနည်းငယ်ရပ်တန့်လျှက်ရှိကြောင်းရှယ်ယာ အရောင်းအ၀ယ်ပြုလုပ်သူများကဆိုသည်။

ပြီးခဲ့သည့် လကစတင်ရောင်းချခဲ့သည့် မြန်မာနိုင်ငံသားများဘဏ်မှာမူ ယခင်အစုရှယ်ယာ
တစ်စုလျှင် ၉၀၀၀ ၀န်းကျင်မှစက်တင်ဘာ၁၄တွင် ၈၃၀၀ကျပ်အထိကျဆင်းလာကြောင်း ရန်ကုန် စတော့အိတ်ချိန်းမှထုတ်ပြန်သည်။
ရှယ်ယာအားစိတ်ဝင်တစားဝယ်ယူထားသူအများစုက ငွေကိုပြန်ဖော်ပြီး ကားနှင့်အိမ်ခြံမြေ တို့တွင် ပြန်လည်ရင်းနှီးမြှပ်နှံရန် စိတ်ဝင်စားမှုများလာကြောင်း ရှယ်ယာအရောင်းအ၀ယ်ဦထိန်ဝင်းက ဆိုသည်။

" အများစုက အချိန်ကိုစောင့်ကြည့်ပြီး အမြတ်ပေါ်မလားလို့ ဒါပေမဲ့ ကြာလာလေ ငွေက မြုပ်လာလေ ဖြစ်နေတော့ အရောင်းအ၀ယ်လုပ်တဲ့သူတွေ စတော့ ကနေခွာချင်လာတာ " ဟု ၄င်းက လက်ရှိ ရန်ကုန် စတော့ အိတ်ချိန်း အခြေအနေကိုပြောသည်။

အောက်တိုဘာတွင် စတုတ္ထမြောက်ရောင်းချမည့် ကုမ္ပဏီအဖြစ် MAPCO မှာဝင်ရောက်ရောင်းချခွင့်ပြုနိုင်သောကြောင့် အဆိုပါကာလတွင်အရောင်းအ၀ယ်ပြန်ဖြစ်လာပြီး ရှယ်ယာဈေးနှုန်းများလဲပြန်လည်မြင့်တက်လာနိုင်ကြောင်း အရောင်း အ၀ယ်ပြုလုပ်သူများကမျှော်လင့်နေကြသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service