နှစ်ပေါင်း ၆၅၀ ကျော် မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာခဲ့ကြသော အလယ်ခေတ်ရဲတိုက်ကြီးတစ်လုံးကို လေလံတင်ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
1526 Views

နှစ်ပေါင်း ၆၅၀ ကျော် မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာခဲ့ကြသော အလယ်ခေတ်ရဲတိုက်ကြီးတစ်လုံးကို လေလံတင်ရောင်းချတော့မည်

အီတလီနိုင်ငံ၊ အရှေ့မြောက်ပိုင်း၊ ဗင်းနစ်မြို့အနီးရှိ ဒိုလိုမိုက်တောင်တန်းပေါ်တွင်တည်ရှိသော ၁၃ ရာစုခေတ် ရဲတိုက်ကြီးတစ်လုံးကို မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာခဲ့ကြသော မိသားစုမှ လေလံတင် ရောင်းချမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အီတလီနိုင်ငံရှိ နာမည်ကျော်မြို့ကြီးများဖြစ်သော မီလန်၊ ဗီရိုနာ၊ ဗင်းနစ်မြို့ကြီးများအနီးတွင် တည်ရှိသည်။
ယင်းရဲတိုက်ကြီးကို ၁၂၀၀ ပြည့်နှစ်မှ ၁၇၀၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၅၀၀ ကျော်အချိန်ယူဆောက်လုပ်ခဲ့ရသည်ဟု ဆိုသည်။

ယခုရောင်းချမည့် ဆပါးမိသားစုက အဆိုပါရဲတိုက်ကြီးကို ၁၃၆၈ ခုနှစ်တွင် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ရဲတိုက်ကို ရိုမန်နက်စ်၊ ဂေါ့သစ်နှင့် ဘာရုတ်ဗိသုကာဟန်များ ရောယှက်ဆောက်လုပ်ထားပြီး ယူရို ၃၁ သန်း (ကန်ဒေါ်လာ ၃၅ သန်း) ခန့် တန်ကြေးရှိသည်ဟု ခန့်မှန်းသည်။

“ဒီနေအိမ်ကြီးဟာ ကျွန်တော်တို့ မိသားစုအတွက်သာမက တိုင်းပြည်အတွက်ပါ သမိုင်းဝင်နေအိမ်ကြီးဖြစ်ပါတယ်။ ဒီနေအိမ်ကြီးထဲမှာ ကျွန်တော် အမြတ်နိုးဆုံးက ဂေါ့သစ်ဟန် ၀တ်ပြုခန်းနဲ့ အူလ်ရစ်ခန်းမပါ။ ဒီခန်းမက ဘိုးဘွားတွေကို ဂုဏ်ပြုအမည်ပေးထားတာပါ” ဟု မြို့စားကြီး ဆပါးဇူဖလာဗွန်အွန်ဗာလာက ပြောကြားသည်။

ရဲတိုက်ကြီးအတွင်း အိပ်ခန်း ၁၅ ခန်း၊ ရေချိုးခန်း ၁၄ ခန်း၊ မီးဖိုဆောင် ၅ ခု၊ ကပွဲခန်းမတစ်ခု၊ စာကြည့်တိုက်၊ ဘုရားဝတ်ပြုခန်း ၂ ခု၊ ရှစ်ထောင့်မျှော်စင် ၁ ခု၊ ရေကူးကန်၊ ၀ိုင်သိုလှောင်ခန်းတို့ ပါဝင်သည်။
ခြံဝန်းအကျယ်အ၀န်းမှာ ၁၈ ဒသမ ၅ ဧကခန့်အထိ ကျယ်ဝန်းပြီး ပန်းခြံများ၊ သစ်ခွခြံများနှင့် တောအုပ်များ ပါဝင်သည်။

ရှေးဟောင်းပစ္စည်းအသုံးအဆောင်များစွာပါဝင်ရာ ဗဲနီရှင်း မှန်များနှင့် ဖန်မီးဆိုင်းများလည်း အပါအ၀င်ဖြစ်သည်။
ဗာလာရဲတိုက်ကြီးကို လာမည့် စက်တင်ဘာ ၈ ရက်တွင် လေလံတင်ရောင်းချမည် ဖြစ်သည်။

အဆိုပါရဲတိုက်ကြီး၏အလှအား ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်ကို https://youtu.be/dIhyKV_WXEc အင်တာနက်လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်က
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်က
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း
magical-world
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service