မကြာတော့မယ့် အနာဂတ်အတွင်း ပျောက်ကွယ်သွားတော့မယ့် မြို့ကြီး(၆)မြို့ - Property News in Myanmar from iMyanmarHouse.com
4510 Views

မကြာတော့မယ့် အနာဂတ်အတွင်း ပျောက်ကွယ်သွားတော့မယ့် မြို့ကြီး(၆)မြို့

လူသားတွေအနေနဲ့ ကမ္ဘာကြီးမှာ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြတာ မှန်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကိုလည်း တက်နိုင်ခဲ့ကြသလို သမုဒ္ဒရာအောက်အနက်ရှိုင်းဆုံးနေရာကိုလည်း
ရောက်နိုင်ခဲ့ကြပါပြီ။

ဒါပေမဲ့ လူသားတွေ မလွန်ဆန်နိုင်တဲ့ သဘာဝရဲ့ ကပ်ဘေးဆိုးကြီးတွေက ကမ္ဘာပေါ်က သက်ရှိသတ္တဝါတွေကို ပုံစံအမျိုးမျိုးနဲ့ သုတ်သင်နေကြပါတယ်။

ရေကြီးတာတွေ၊ မုန်တိုင်းတွေ၊ မီးတောင်တွေ၊ လေဆင်နှာမောင်းတွေနဲ့ ငလျင်ဆိုတဲ့ ဘေးဆိုးတွေကို ရှောင်လွှဲနိုင်ခွင့် လူသားတွေမှာ မရှိသေးပါဘူး။ သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ သဘာဝပတ်ဝန်းကျင်ကြောင့်ရော လူသားတွေ ပြုလုပ်တဲ့ ဖျက်ဆီးမှုတွေကြောင့်ပါ မကြာတော့မယ့် အနာဂတ်အတွင်း လုံးဝ ပျောက်ကွယ်သွားတော့မယ့် အဓိက မြို့ကြီး (၆) မြို့ရှိပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့

သမုဒ္ဒရာ မျက်နှာပြင် အဆက်မပြတ် မြင့်တက်လာနေတဲ့အတွက် မကြာခင်မှာ နစ်မြုပ်တော့မယ့် မြို့ဖြစ်ပါတယ်။ နောက်တစ်ချက်က မြို့ရဲ့အောက်ခြေမှာ သောက်ရေအတွက် လှိုဏ်ခေါင်းတူးဖော်ထားတဲ့အတွက် မြို့ရဲ့
အောက်ခံဖောင်ဒေးရှင်းက တဖြည်းဖြည်း အင်အားလျော့နည်းလာတာ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့

အမေရိကန် ပြည်ထောင်စုရဲ့ ပျော်စရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်တဲ့ ဆန်ဖရန်စစ္စကိုမြို့ဟာ အဓိက ငလျင်ကြောကြီးတစ်ခုရဲ့ တည့်တည့်ပေါ်မှာရှိနေပြီး အရမ်းကို ပမာဏကြီးမားတဲ့ ငလျင်ကြီးတစ်ခုက ဒီရာစုနှစ် မကုန်ခင်မှာ လှုပ်ဖို့ ၇၅ ရာခိုင်နှုန်းရှိတာကို ပညာရှင်များက တွေ့ရှိထားပါတယ်။

အီတလီနိုင်ငံ၊ ဗင်းနစ်မြို့

လှပတဲ့ မြို့တော်အဖြစ်နာမည်ကြီးပြီး မြို့တစ်ခွင်လုံးက
လမ်းတွေက မြေလမ်းတွေထက် ရေကြောင်းလမ်းတွေက ပိုများတာကို တွေ့ရမှာပါ။ ဒါပေမဲ့ ရေကြီးရေလျှံမှုတွေ ပုံမှန်ဖြစ်တတ်သလို ဘန်ကောက်မြို့လိုပဲ သမုဒ္ဒရာမျက်နှာပြင် မြင့်တက်လာမှုကြောင့် နစ်မြုပ်
သွားမှာဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံ မက္ကဆီကို မြို့တော်

မက္ကဆီကိုမြို့တော်ရဲ့နေရာအများစုက ရေခန်းခြောက်နေတဲ့ ရေအိုင်ကြီးတွေပေါ်မှာ တည်ဆောက်ထားတာဖြစ်တဲ့အတွက် အောက်ခံဖောင်ဒေးရှင်းက မခိုင်ခံဘူးလို့ ဆိုရမှာပါ။ ဒီအကြောင်းကြောင့်ပဲ နှစ်စဉ် ၄ လက်မလောက် နိမ့်ကျလာလျက်ရှိပြီး နှစ် ၄၀ အတွင်း ၁၀ မီတာကျော် နိမ့်ကျလာပြီဖြစ်ပါတယ်။

အာဖရိကတိုက် ဘန်ဂျူးမြို့

သမုဒ္ဒရာ အစပ်မှာရှိတဲ့ မြို့ဖြစ်ပြီး တဖြည်းဖြည်းနဲ့ ရေတိုက်စားလာတဲ့အတွက် ကမ်းခြေနဲ့ မြို့ရဲ့ အဓိက ကုန်းမြေက ၂ ကီလိုမီတာ အကွာအဝေးပဲ ရှိတော့တဲ့ မြို့ဖြစ်ပါတယ်။

အီတလီနိုင်ငံ နေပယ်မြို့

သမိုင်းဝင် ရှေးအကျဆုံးမြို့ တစ်မြို့ ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ အလှပဆုံး မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ နေပယ်မြို့က
မောင့်ဗီဆူးဗီးယပ်စ်မီးတောင်ရဲ့ ကပ်လျက်မာရှိတဲ့ မြို့ဖြစ်ပြီး အဲ့ဒီမီးတောင်က အေဒီ ၇၉ က ပွန်ပေမြို့တော်ကြီးကို ဖျက်စီးပစ်ခဲ့တဲ့ မီးတောင်ကြီးဖြစ်ပြီး အခုထိ ရှင်သန်နေဆဲ မီးတောင်တစ်ခုဖြစ်ပြီး ပေါက်ကွဲနိုင်ချေများလာတဲ့အတွက်
နေပယ်မြို့က မကြာခင် ပျက်စီးမယ့်အလားအလာရှိနေပါတယ်။

Credit: Trend Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service