ရှေးဟောင်းသုတေသနရုံးစိုက်ရာ မန္တလေးမြို့က ကိုလိုနီခေတ်အဆောက်အအုံကြီး - Property News in Myanmar from iMyanmarHouse.com
1439 Views

ရှေးဟောင်းသုတေသနရုံးစိုက်ရာ မန္တလေးမြို့က ကိုလိုနီခေတ်အဆောက်အအုံကြီး

ရှေးဟောင်းယဉ်ကျေးမှု မြို့တော်အဖြစ် ခိုင်မာစွာတည်ရှိနေသည့် မန္တလေးမြို့ကြီးသည် ယခင်က ဒုတိယက္ဘာစစ်အတွင်း အင်္ဂလိပ်တို့ ရုံးစိုက်ခဲ့ရာမြို့ ဖြစ်ခဲ့ခြင်းကြောင့် နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိသည့် ဥရောပဟန် ကိုလိုနီခေတ်အဆောက်အအုံများစွာ ကျန်ရှိနေခဲ့ပြီး အဆိုပါ ရှေးအဆောက်အအုံများအနက်မှ အစိုးရရုံးတစ်ခုအဖြစ် အသုံးပြုနေသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲရုံး၏ အဆောက်အအုံသည်လည်း အပါအဝင်ဖြစ်ပေသည်။

အဆိုပါ ကိုလိုနီခေတ်အဆောက် အအုံသည် မ္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ပတ်ကုန်းဝန်းကျင်ရပ်ကွက် အကွက်အမှတ်(၇၃၅) ၂၈ x ၇ဝ လမ်း ထောင့်တွင်ရှိပြီး အရှေ့မှ အနောက် အလျား ၂၉၂ ပေနှင့် တောင်မှမြောက် အနံ ပေ ၂၄ဝ ထောင့်မှန်စတုဂံပုံ မြေကွက်ဖြစ်ကာ ဧရိယာအကျယ်အဝန်း မှာ ၁ ဒသမ ၈၆၅၃ ဧက ကျယ်ဝန်းပြီး သမိုင်းမှတ်တမ်းများအရ ယင်းမြေနေရာ သည် ဒုတိယက္ဘာစစ်မတိုင်မီကပင် မြေ အမည်ပေါက် ဂျူးလူမျိုး အင်နက်စီဂလီး ယားရားထံမှ ငွေ$ကျပ် ၃၇ဝဝ ဖြင့် အစိုးရ က ဝယ်ယူခဲ့သည်ဟု သိရှိရသော်လည်း ရုံးအဆောက်အအုံကို ဆောက်လုပ် ခဲ့သူ၊ ဆောက်လုပ်ခဲ့သည့် ခုနှစ်၊ ဆောက်လုပ်မှု ကုန်ကျစရိတ်တို့ကို အတိအကျ သိရှိနိုင်ခြင်းမရှိဘဲ ယင်း အထောက်အထားများမှာ ဒုတိယ က္ဘာစစ်အတွင်း ပျောက်ဆုံးခဲ့သည်ဟု ယူဆရသည်။

လက်ရှိ ရုံးစိုက်လုပ်ကိုင်နေသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန မ္တလေးဌာနခွဲရုံးသည် ယခင်က ကျောက်စာဝန် သီရိပျံချီ ဦးလူဖေဝင်း လက်ထက်တွင် ကမ္ပည်း ကျောက်စာရုံးတစ်ခုအဖြစ် ယခုကိုလိုနီ ခေတ်အဆောက်အအုံ မြေနေရာသို့ ဒါးတန်းရပ်နေရာမှ ပြောင်းရွှေ့ဖွင့်လှစ် ခဲ့ပြီး ပြောင်းလဲဖွင့်လှစ်ခဲ့သည့် ကာလ ကို အတိအကျမသိရှိခဲ့သော်လည်း သိရှိခဲ့သူ ရှေးလူကြီးတချို့အား မေးမြန်း ခဲ့ရာ ၁၉၄၅ ခုနှစ်ခန့်ကဟု သိရှိ ခဲ့ရသည်။
ထို့အပြင် မန္တလေးမြို့၌ ဒုတိယ က္ဘာစစ်အတွင်းက စစ်ဒဏ်ခံခဲ့ရသည့် မြို့သူ မြို့သားများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ရန်အတွက် ရွှေမန်း အောင်စည် သတင်းစာထုတ်ဝေမှုကို ဦးလူဖေဝင်းအား တာဝန်ပေးအပ်ခဲ့ သဖြင့် သတင်းစာတိုက်အဖြစ်လည်းသုံးနှစ်ကျော်ကြာ အသုံးပြုခဲ့သေးသည်။

အဆိုပါ အဆောက်အအုံ၏ တည်ဆောက်ထားမှုကို လေ့လာကြည့်ပါ က နံကပ်အုတ်တိုက် နှစ်ထပ်အဆောက် အအုံဖြစ်ပြီး ဥရောပပုံစံ အနောက်တိုင်း ဟန်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကာ လူနေအိမ်အဖြစ်အသုံးပြုရန် ဆောက် လုပ်ထားခြင်း မဟုတ်ဘဲ သံတမန်ရုံး (သို့) ဆေးရုံနှင့် ကိုလိုနီခေတ် အရာရှိ များ တည်းခိုရာ ဗိုလ်တဲကဲ့သို့ အဆောက်အအုံမျိုး ဖြစ်နိုင်သည်ဟု ယူဆရသည်။
အဆောက်အအုံ တစ်ခုလုံးကို တိုင်မကြီးပေါင်း ၈၈ လုံးနှင့် မြေညီထပ် တွင် လူဝင်/လူထွက် ပြုလုပ်သည့်တံခါး မပေါင်း ၁၁ ခု၊ ပြတင်းပေါက် အခု ၂ဝ ရှိပြီး ပထမထပ်တွင် တံခါးမပေါင်း ၁၁ ခု၊ ပြတင်းပေါက် ၁၇ ခုရှိကာ မြေညီထပ်တွင် အခန်းပေါင်း ရှစ်ခန်း၊ ပထမထပ်တွင် အခန်းပေါင်း ခြောက်ခန်း စုစုပေါင်း ၁၄ ခန်းနှင့် ၃၆ ပေရှည် ဝရန်တာ လျှောက်လမ်း တစ်ခု၊ ၁ဝ ပေရှည် ဝရန်တာ လျှောက်လမ်း နှစ်ခုတို့ပါရှိ သည်ကို တွေ့ရှိခဲ့ရသည်။

လျှပ်စစ်မီး သွယ်တန်းမှုစနစ်တွင် ယခုခေတ်ကဲ့သို့ ကြိုးပျောက်စနစ်ဖြစ် သည့် ပိုက်နှင့် ပလတ်စတစ်အဖုံးအကာ များ အသုံးမပြုဘဲ အရွယ်အစားအမျိုးမျိုး ရှိသော သစ်သားပြားများကို လျှပ်စစ် ကြိုး၏ အရွယ်အစားအလိုက် သစ်သား ပြားများတွင် ထွင်း၍ နံရံတွင်ကပ်ကာ သွယ်တန်းထားခြင်းနှင့် ဝိုင်ယာရိန်း ကလစ်ဖြင့် စနစ်တကျသွယ်တန်း ထားသည်။

ထို့ပြင် အဆောက်အအုံအား ယခု ခေတ်ကဲ့သို့ သွပ်၊ အုတ်ကြွပ်တို့ဖြင့် အမိုးမိုးခြင်း မပြုလုပ်ဘဲ သစ်သားပြား များကို အုတ်ကြွပ်ကဲ့သို့ မိုးထားသည့် အပြင် အဆောက်အအုံ၏ နံရံများသည် ထူထဲစွာဆောက်လုပ်ထားသည့်အတွက် ပူပြင်းခြောက်သွေ့သည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရာသီဥတု အပူဒဏ် ကို ကောင်းမွန်စွာခံနိုင်သည်ကို တွေ့ရှိရ ပြီး လေပြင်းတိုက်ခတ်ပါက ဒဏ်ခံနိုင်စေ ရန်လည်း စနစ်တကျ တည်ဆောက်ထား ရှိခဲ့သည်။

အဆိုပါ အဆောက်အအုံ တည် ဆောက်ခဲ့သည့်ကာလမှာ ၁၉ဝဝ ပြည့်နှစ် ပတ်ဝန်းကျင်တွင် တည်ဆောက်ခဲ့သည့် အတွက် နှစ်ပေါင်း ၁ဝဝ ကျော်ခန့် သက်တမ်းရှိနေပြီဖြစ်ကာ သာမန် လူနေအိမ်တို့ထက် ကြီးမားကျယ်ပြန့် နေသည်ကို ထူးခြားစွာ တွေ့မြင် ခဲ့ရသည်။

လက်ရှိအချိန်တွင် အဆောက်အအုံ မှာ နှစ်ပေါင်းများစွာ သတ်တမ်းရှိလာပြီ ဖြစ်သောကြောင့် သစ်သားများ၏ခံနိုင် ရည်မှာ ကုန်ဆုံးလာခဲ့ပြီး တိုင်များနှင့် ကြမ်းခင်းအချို့ဆွေးမြည့်၍ ကြံ့ခိုင်မှု အား နည်းလာခြင်းကြောင့် ရှေးဟောင်း ဌာနအနေဖြင့် အဆောက်အအုံ၏ မြေညီထပ်ကိုသာ အသုံးပြုလျက်ရှိပြီး ရှေးဟောင်းကိုလိုနီခေတ် အဆောက် အအုံဖြစ်သည့်အတွက် ပျက်စီးယိုယွင်းမှု များကို ဘဏ္ဍာရေးနှစ်များအလိုက် ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ကိုလိုနီခေတ် အဆောက် အအုံများ၏ ထူးခြားစွာတည်ဆောက် ဟန်များ၊ လှပသေသပ်သည့် ဗိသုကာ လက်ရာများနှင့် သဘာဝရာသီဥတုနှင့် လိုက်လျောညီစွာ တည်ဆောက်ထားပုံ များကို လေ့လာတွေ့မြင်နိုင်မည်ဖြစ် ပါသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
magical-world
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service