၂၀၄၀အထိရည်ရွယ်သော ရန်ကုန်မြို့ပြစီမံကိန်းတွင် စီမံကိန်း ၁၀၀ကျော်ပါဝင် - Property News in Myanmar from iMyanmarHouse.com
4330 Views

၂၀၄၀အထိရည်ရွယ်သော ရန်ကုန်မြို့ပြစီမံကိန်းတွင် စီမံကိန်း ၁၀၀ကျော်ပါဝင်

ရန်ကုန်မြို့ပြစီမံကိန်း တွင် မြို့ပြဧရိယာ တိုးချဲ့ခြင်းများ ပါဝင်သည့် စီမံကိန်း(၇၇) ခုနှင့် အိမ်ရာစီမံကိန်းကဲ့သို့ အခြေခံအ ဆောက်အအုံများတည်ဆောက် ခြင်း စီမံကိန်း(၅၅)ခုကို စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမြို့ပြနှင့် မြေယာစီမံခန့် ခွဲမှုဌာနမှ သတင်းရရှိသည်။

ယင်းစီမံကိန်းများကို အစိုးရ အနေဖြင့်သော်လည်းကောင်း၊ ဂျ ပန်အစိုးရ၏ အကူအညီများဖြင့် သော်လည်းကောင်း ၂၀၄၀အထိ ဆောင်ရွက်ရန် ရည်ရွယ်ထား ကြောင်း အထက်ပါဌာနမှူးက ပြောသည်။

‘‘နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုတွေကိုလည်း ခေါ်ယူနေပါပြီ။ လုပ်ချင်တဲ့အပိုင်းကို အစိုးရအဖွဲ့ နဲ့ ညှိနှိုင်းရမှာပေါ့’’ဟုအထက်ပါ ဌာနမှူးကဆိုသည်။
ယင်းစီမံကိန်များတွင် မြို့ပြ ဧရိယာတိုးချဲ့ခြင်း၊ ဒုတိယစီးပွား ရေးအချက်အချာ နယ်မြေသစ် များဖော်ထုတ်ခြင်း၊ အိမ်ရာစီမံ ကိန်းများဖော်ဆောင်ခြင်းများအ ပါအ၀င် အထပ်မြင့် ကားပါကင် များ တည်ဆောက်ခြင်း၊ အ ဆောက်အအုံများ တိုးချဲ့ခြင်း၊ ရှိပြီးသား မြို့ပြအမွေအနှစ်များထိန်းသိမ်းခြင်း၊ ရှိပြီးသားအပန်း ဖြေဧရိယာများ အဆင်မြှင့်ခြင်း များအပါအ၀င် ဧရိယာအသစ်များဖော်ဆောင်ခြင်းများ အပါအ အ၀င် တိုးပွားလာသည့်လူဦးရေ အပေါ်မူတည်ပြီး အမှိုက်၊ မိလ္လာ ၊ ရေဆိုးအစရှိသည်တို့ကို ရေရှည် စနစ်ကျသုံးစွဲနိုင်ရေးတို့ကို ရန်ကုန် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတွင် ထည့် သွင်းထားသည်။

၂၀၁၂ ခုနှစ်ကတည်းက ထွက်ပေါ်လာသည့်ရန်ကုန်မြို့ပြ စီမံကိန်းတွင် စီမံကိန်းများချက် ချင်းအကောင်အထည်ဖော်ရန်အ ခက်အခဲရှိနေခြင်းမှာ မြို့ပြ၏ မြေ ဈေးနှုန်း ကြီးမြင့်နေခြင်းများအပြင်မြေယာစီမံခန့်ခွဲမှုအပိုင်းတွင် တိကျသည်မူဝါဒများထွက်ပေါ်လာခြင်းမရှိခြင်းကြောင့်အခက် အခဲများပေါ်ပေါက်နေရသည်ဟု မြို့ပြစီမံကိန်းပညာရှင်ဒေါက်တာ ကျော်လတ်က
ဝေဖန်ပြောကြား ဆိုသည်။

ယင်းစီမံကိန်းများအကောင်အထည်ဖော်ရန် အချို့နယ်မြေများ တွင် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ တင်ဒါခေါ် ယူမှုများရှိနေပြီးအချို့နေရာများ တွင်မူ လုပ်ငန်းလုပ်ကိုင်လိုသည့်လုပ်ငန်းရှင်များက စီမံကိန်းလုပ်ဆောင်ချက် အဆိုပြုလွှာများလည်း တင်ပြထားသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

ruby
yatanar-mall

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service