၂ဝ၁၆ အိမ်ခြံမြေဈေးကွက် ပိုမိုကောင်းမွန်လာနိုင်၍ အိမ်ခြံမြေ လုပ်ငန်းရှင်များ စောင့်ကြည့်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
4285 Views

၂ဝ၁၆ အိမ်ခြံမြေဈေးကွက် ပိုမိုကောင်းမွန်လာနိုင်၍ အိမ်ခြံမြေ လုပ်ငန်းရှင်များ စောင့်ကြည့်လျက်ရှိ

အစိုးရသစ်တက်လာပြီးသည့် ၂ဝ၁၆ ခုနှစ်အတွင်း အိမ်ခြံမြေဈေးကွက်များ ပိုမိုကောင်းမွန်လာနိုင်သောကြောင့်
ဈေးကွက်အခြေအနေအား အိမ်ခြံမြေ လုပ်ငန်းရှင်များ
က စောင့်ကြည့်လေ့လာလျက်ရှိနေကြောင်းသိရသည်။

အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း (ရန်ကုန်) ဒု-ဥက္ကဋ္ဌနှင့် SOESAN(LYNN)အိမ်ခြံမြေအကျိုးဆောင်နှင့်
ဆောက်လုပ်ရေးလုပ်ငန်းမှ ဦးအောင်ထွန်း က''ဒီနှစ်ထဲဖြစ်ပေါ်နေတဲ့ အိမ်ခြံမြေဈေးကွက် အနေအထားကတော့ လက်ရှိ အိမ်ခြံမြေ အရောင်း အဝယ်တွေအေးနေပါတယ်။ ပြီးတော့ အစိုးရသစ် ပြောင်းလဲ လာပြီးတဲ့ အပေါ်မှာ ချမှတ်တဲ့ပေါ်လစီ တွေနဲ့ မူဝါဒတွေ အပေါ်မူတည်ပြီးတော့ အိမ်ခြံမြေ သမားတွေ က တော်တော် များများစောင့်ကြည့်နေ ကြတာတွေ ရှိနေပါတယ်။

လက်ရှိအခြေအနေအရ နိုင်ငံရေးအခြေအနေလည်း အလားအလာကောင်း လာပြီ ဆိုတော့ အိမ်ခြံ မြေ အလားအလာက ကောင်းမွန်လာတော့မှာပါ။ ပြီးခဲ့တဲ့ ၂ဝဝဝ ပြည့်နှစ်ကနေ ၂ဝ၁၃ ခုနှစ်ထိ ဖြစ်ပေါ် ခဲ့တဲ့ အိမ်ခြံမြေဈေးကွက် က အလွန်ဈေးနှုန်းတက် လာတာကိုတွေ့ရပါတယ်။ ဒီနောက်ပိုင်းချိန်ထိ အိမ်ခြံမြေဈေးနှုန်း အေးလာပြီး ဈေးကွက်ငြိမ်တာ ကိုတွေ့ရပါတယ်။

အိမ်ခြံမြေလုပ်ငန်းရှင်တွေက နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို ငှားရမ်းတာလည်း ဒေါ်လာနဲ့ ငှားတယ်ဆိုပေမယ့် ပြည်တွင်းငှားရမ်းမှုဈေးနှုန်းနဲ့ သိပ်မကွာခြားပါဘူး။ ဒီဈေးနှုန်းပါပဲ။ နိုင်ငံခြားသားတွေအတွက်က အိမ်တွင်းပစ္စည်းတွေကိုပါ ငှားရမ်းရတာဆိုတော့ ဈေးနှုန်းနည်းနည်း ပိုယူတာတော့ရှိနိုင်ပါတယ်။

ပြည်တွင်းမှာလည်း ဧပြီလပိုင်းက သတ်မှတ်ကောက် ခံလိုက်တဲ့ ဝယ်ခွန်နှုန်းထား က အရင်ထက်စာရင် သုံးဆလေးဆတက်လာတာ ကို တွေ့ရပါတယ်။ အစိုးရသစ်လက်ထက်ဖြစ်တဲ့အနာဂတ်ကာလမှာတော့ အိမ်ခြံမြေ ဈေးကွက်က ကောင်းမွန်လာနိုင်တယ်ဆိုတော့ အိမ်ခြံမြေဈေးကွက် ကို အားလုံး စောင့်ကြည့်လေ့လာနေကြပါတယ်''ဟု ရှင်းပြသည်။

လက်ရှိအနေအထားအရ မြန်မာနိုင်ငံအတွင်းခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများသာ ယခုနှစ်အတွင်း ဈေးကွက် အခြေအနေကောင်း မွန်လျက် ရှိပြီး အခြားကျောက်မျက်လုပ်ငန်းများ၊ ရေထွက်ပစ္စည်းလုပ်ငန်းများနှင့်အခြားလုပ်ငန်းများအားလုံးမှာ ဖြည်းဖြည်းချင်းသာလည်ပတ်လျက်ရှိနေကြောင်းနှင့် ထို့အတွက်ကြောင့် အိမ်ခြံမြေဈေးကွက်မှာလည်း ဈေးကွက်အနေ အထားအရ အေးနေခြင်းဖြစ်ကြောင်း သိရသည်။

iMyanmarHouse.com မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူကလည်း ''အစိုးရသစ်တက်လာပြီးနောက်ပိုင်း အိမ်ခြံမြေဈေးကွက်အတွက်ကို ကျွန်တော်တို့အများကြီးမျှော်မှန်းထားပါတယ်။ နောင် ငါးနှစ်သက်တမ်းဖြစ်တဲ့ အစိုးရသစ်လက်ထက်မှာ ကျွန်တော်တို့ခန့်မှန်းထားတာကတော့ အိမ်ခြံမြေ ဈေးနှုန်းတွေကို ကျဆင်းအောင်ပြုလုပ်ပေးပြီး တန်ဖိုးနည်း အိမ်ရာတွေနဲ့ တန်ဖိုးမျှတအိမ်ရာတွေကို ချမှတ်ဖော်ဆောင်ပေးမယ် လို့ မျှော်မှန်းထားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားများအတွက် ဦးတည်ပြီး စီမံကိန်းများအကောင် အထည်ဖော်ဆောင်ရွက်မယ် လို့ မျှော်လင့်ထားတာမို့ပါ။ အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားများအတွက် အကောင်အထည် ဖော်ဆောင်ရွက်မယ့် တန်ဖိုးနည်းအိမ်ရာတွေနဲ့ တန်ဖိုးမျှတအိမ်ရာတွေကို ဆောင်ရွက်မယ်ဆိုရင် ဖော်ဆောင်လို့ရတဲ့နေရာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ဖြစ်စေချင်တာကတော့ မြို့သစ်စီမံကိန်းတွေကို အရင်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်စေချင်ပါတယ်။

ဥပမာအားဖြင့် ကြည့်မြင်တိုင်တစ်ဖက် ကမ်းဖြစ်တဲ့ တွံတေးဒေသ၊ မှော်ဘီ၊ သန်လျင်အစရှိတဲ့နေရာတွေမှာ မြို့သစ် စီမံကိန်းတွေကို အကောင် အထည်ဖော်ဆောင် ရွက်မယ်ဆိုရင် ဒီစီမံကိန်း နှစ်ခုစလုံး ဟာ မြန်မြန် ဆန်ဆန်နဲ့အကောင်အထည်ဖော်ဆောင် ရွက်နိုင် မှာ ဖြစ်ပါတယ်။ အနာဂတ်ကာလမှာတော့ အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်တွေ ပိုမိုအားကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။

နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေကလည်း အစိုးရသစ်အပေါ်ယုံကြည်မှုများ ပိုမိုများပြားလာမှာဖြစ်ပြီး အိမ်ခြံမြေ အရောင်း အဝယ်နဲ့ အငှားတွေ ပိုမိုသွက်လက်လာပါလိမ့်မယ်''ဟု သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၉ ရက်က အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းအိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းကို တရားဝင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း၌ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၃ဝဝ ကျော်ရှိကြောင်း။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းနှင့် iMyanmarHouse.com မှပူးပေါင်း၍ ''၂ဝ၁၆ အိမ်ခြံမြေဈေးကွက် အခြေအနေနှင့် အနာဂတ်အလားအလာ'' ဟောပြောဆွေးနွေးပွဲကို UMFCCI Office Tower ၌ လာမည့် မေ ၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အိမ်ခြံမြေဆိုင်ရာ ဗဟုသုတများကို တတ်ကျွမ်းနားလည်ကြသော ဝါရင့်အသိ ပညာရှင်၊ အတတ်ပညာရှင်များ က ဆွေးနွေးဟောပြောပေး သွားမည်ဖြစ်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service