အိန္ဒိယစမတ်မြို့ တော်စီမံကိန်းမှ ပထမအသုတ် မြို့  ၂၀ ကိုလာမည့် ဇွန် ၂၅ တွင် စတင်ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
1005 Views

အိန္ဒိယစမတ်မြို့ တော်စီမံကိန်းမှ ပထမအသုတ် မြို့  ၂၀ ကိုလာမည့် ဇွန် ၂၅ တွင် စတင်ဆောက်လုပ်မည်

အိန္ဒိယ မြို့ ပြဖွံ့ဖြိုးရေးဝန်ကြီးဌာန သည် ပြည်နယ်အစိုးရအဖွဲ့များကိုစမတ်မြို့ တော်စီမံကိန်းမှ ပထမအသုတ် မြို့  ၂၀ ကိုလာမည့် ဇွန်လ ၂၅ ရက်တွင် စတင်အကောင်အထည်ဖော်ကြရန် ညွှန်ကြားခဲ့သည်ဟုနယူးဒေလီအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
စမတ်မြို့ တော်စီမံကိန်းအကောင်အထည်ဖော်ရန် လမ်းညွှန်ခဲ့သူမှာ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာမိုဒီဖြစ်ပြီးလွန်ခဲ့သောနှစ် ဇွန်လ ၂၅ ရက်ကလမ်းညွှန်မှုပေးခဲ့ခြင်း ဖြစ်သည်။

မြို့ ပြဖွံ့ဖြိုးရေးဝန်ကြီးဌာန၀န်ကြီးရာဂျစ်ဂူဘာသည် ယခုအကြောင်းရပ်နှင့် စပ်လျဉ်း၍ ပြည်နယ် ၉ ခုရှိ မြို့ ကြီး ၁၆ မြို့ မှ သက်ဆိုင်ရာအကြီးအကဲများနှင့် ဗီဒီယိုကွန်ဖရင့်ပြုလုပ်ကာဆွေးနွေးခဲ့ပြီးဇွန်လ ၂၅ ရက်တွင် လုပ်ငန်းစတင်အကောင်အထည်ဖော်ရန် လမ်းညွှန်ခဲ့သည်ဟုဆိုသည်။

အဆိုပါဗီဒီယိုကွန်ဖရင့်ကို ၂ နာရီကြာပြုလုပ်ခဲ့ကြောင်းသိရသည်။
စမတ်မြို့ တော်စီမံကိန်းမှ ပထမအသုတ် မြို့ ကြီး ၂၀ ကိုလာမည့် ၄ နှစ်အတွင်း ရူပီးငွေ ၄၈၀၀၀၀ သန်းသုံးစွဲကာတည်ဆောက်သွားမည် ဖြစ်သည်။

အိန္ဒိယဗဟိုအစိုးရသည် မြို့ ကြီးတစ်မြို့ လျှင် ရူပီးငွေ သန်း ၅၀၀၀ ထောက်ပံ့သွားမည်ဖြစ်ပြီးသက်ဆိုင်ရာ ပြည်နယ်နှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့တို့ကဗဟိုအစိုးရထောက်ပံ့သည့်ပမာဏအတိုင်းစိုက်ထုတ်ကျခံမည် ဖြစ်သည်။
အဆိုပါ ရန်ပုံငွေ ၂ ရပ်အပြင် ထပ်မံလိုအပ်ပါကဘဏ္ဍာရေးအင်စတီကျူးရှင်းများမှ ချေးယူမည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

myat-ingyin
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service