သန်လျင်မြို့ပြဒေသ ဖွံ့ဖြိုးမှုလုပ်ငန်းစီမံကိန်းကို စတင်ဆောင်ရွက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
1212 Views

သန်လျင်မြို့ပြဒေသ ဖွံ့ဖြိုးမှုလုပ်ငန်းစီမံကိန်းကို စတင်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်တံတား အမှတ်(၁)နှင့်(၂) အကြားတွင် ဆိပ်ကမ်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ဆိပ်ကမ်းကိုအခြေခံသော မြို့ပြထူထောင် ခြင်းလုပ်ငန်းများပါဝင်သည့် သန်လျင်မြို့ပြဒေသ ဖွံ့ဖြိုးမှုလုပ်ငန်းစီမံကိန်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ချက်အရသိရသည်။

အဆိုပါစီမံကိန်းကို မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ်းထိန်း နံရံပြုလုပ်ခြင်း၊ ဆိပ်ကမ်းဆက်စပ်လုပ်ငန်းများ ကမ်းနားလမ်း တည်ဆောက်ခြင်း၊ ဆိပ်ခံများ၊ ဆိပ်ခံတံတားများနှင့် ကွန်တိန်နာလွင်ပြင် ပြုလုပ်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၈၆ သန်းနှင့် ဆိပ်ကမ်းကိုအခြေခံသော မြို့ပြထူထောင်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၇၄ဝ ဒသမ ၄၈၇ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၂၆.၄၈၇ သန်း အကုန်အကျခံ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းနှင့်စပ်လျဉ်းသည့် သန်လျင်မြို့ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများ ရှင်းလင်းပွဲကို မတ်လ ၂၀ ရက် ယနေ့နံနက်တွင် ကျင်းပခဲ့သည်။ စီမံကိန်းရည်ရွယ်ချက်မှာ ကမ်းပါးရေတိုက်စားမှု ကာကွယ်ထိန်းသိမ်းရေးနှင့် ယခင်ရေတိုက်စားကမ်းပြို၍ ရေအောက်ရောက်သွားသော ကမ်းနားလမ်း အပိုင်းအား ပြန်လည်ဖော်ထုတ်ရေး၊ ပဲခူးမြစ်အတွင်းသို့ သင်္ဘောများ အချိန်မရွေး ဝင်ထွက်သွားလာနိုင်ရန် ပဲခူးမြစ်ကြောင်းရှင်းလင်းရေး၊ ကူးတို့ဆိပ်ကမ်းနှင့် ပြည်တွင်းကုန်တင်ကုန်ချဆိပ်ခံတံတား တည်ဆောက်ရေးနှင့် ဆိပ်ကမ်းကို အခြေခံသော မြို့ပြထူထောင်ခြင်းဖြင့် ဒေသနေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို ရတနာရှင်းသန့်ကုမ္ပဏီက ဆောင်ရွက်သွားမည်ဖြစ်ပြီး တည်ဆောက်ရေးကာလကို အပိုင်း ၃ ပိုင်းခွဲခြား၍ လပေါင်း ၇ဝ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းလျာထားဧကမှာ ၄၃၆.၈၆ ဧကဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းနှင့် ဆက်စပ်လုပ်ငန်းများ၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ၊ အဆင့်မြင့်တာဝါများ၊ ရှော့ပင်းမောလ်နှင့် ဟိုတယ်များ၊ ကျောင်း၊ ဆေးရုံများနှင့် ဆိပ်ကမ်းနှင့်မြို့အကြား သဘာဝပတ်ဝန်းကျင်ကိုထိန်းညှိပေးမည့် ပန်းခြံများ စသည်ဖြင့် အပိုင်းလိုက်ဆောင်ရွက်သွားမည်ဖြစ်သည်။

သန်လျင်တံတား အမှတ်(၁)နှင့် အမှတ်(၂) အကြားတွင် ဆောင်ရွက်မည့် ပဏာမလုပ်ငန်းအစီအစဉ်များကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃၉/၂ဝ၁၃)ဖြင့် ခွင့်ပြုခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု သဘောအရ ဆောင်ရွက်မည့်အစီအစဉ်များကို သက်ဆိုင်ရာဌာနများ သို့ပေးပို့ခဲ့ကာ မြေပြင်ကွင်းဆင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Credit : Xinhua News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service