မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင် မိသားစုများအတွက် ကျေးရွာသစ် တည်ပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1058 Views

မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင် မိသားစုများအတွက် ကျေးရွာသစ် တည်ပေးမည်ဟုဆို

မြောက်ဦးမြို့နယ် ကျီရာပြင် ကျေးရွာတွင် ခိုလှုံနေ ကြသည့် စစ်ဘေးရှောင်မိသားစု ၀င်များ၏ မူရင်းဒေသမှာ တရား ဥပဒေစိုးမိုးမှုအားနည်းနေသဖြင့် ကျေးရွာသစ် ထူထောင်ပေးမည်ဟု ရခိုင်ပြည်နယ် ခေတ္တ၀န်ကြီးချုပ် ဦးမြအောင်ကပြောကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၁၈ ရက်က မြောက်ဦးမြို့နယ် ကျီရာပြင်ကျေးရွာနှင့်
စေတီတောင်ကျေးရွာတွင် ရောက်ရှိ ခိုလှုံနေကြသည့် စစ်ဘေးရှောင် မိသားစုဝင်များကို ရခိုင်ပြည်နယ် ခေတ္တ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များ က တွေ့ဆုံစဉ်အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း စစ် ဘေးရှောင်မိသားစုဝင်တစ်ဦးက ပြောသည်။

‘‘နေထိုင် စားသောက်ရေး တွေ အဆင်ပြေကြလားလို့ အရင် မေးပါတယ်။ ပြီးတော့ ကိုယ့် ဒေသကို ပြန်ဖို့သွားရဲကြပြီးလား လို့ မေးပါတယ်။ အဲဒီတော့ စစ် ဘေးရှောင် မိသားစုဝင်တွေက မသွားရဲပါဘူးလို့ ပြန်ဖြေတဲ့အခါ တရားဥပဒေစိုးမိုးမှု မရှိတဲ့နေရာ မှာ နေတဲ့အတွက် စစ်ဘေးစစ် ဒဏ်သင့်ရတယ်၊ အဲဒီအတွက် ရပ်နဲ့ရွာနဲ့ နီးတဲ့နေရာမှာ ကျေးရွာ သစ်တစ်ရွာ နေရာချထားပေးမယ် လို့ ပြောတယ်’’ဟု စစ်ဘေးရှောင် မိသားစုဝင်များကို ကူညီဆောင် ရွက်နေသည့် မြောက်ဦးမြို့နယ် မှ အနိုင်ရ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းသာစိန်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန် ပိုင်းမှ ဇန်န၀ါရီ လဆန်းအထိ ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ် မတော်အကြား တိုက်ပွဲဖြစ်ပွားမှု ကြောင့် မြောက်ဦးမြို့နယ် သံတံ တားရွာနှင့် ဘာအီရွာမှ ဒေသခံ နှစ်ရာကျော်တို့သည် ကျီရာပြင်ကျေးရွာသို့ ခိုလှုံလာခဲ့ကြပြီး မိသားစု အချို့သည် ကျွဲ၊ နွားများနှင့် သီးနှံစိုက်ခင်းများ စွန့်လွှတ်ထားခဲ့ရသဖြင့် မိမိဒေသသို့ပြန်ရန် ဆန္ဒရှိနေသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service