၂၀၁၁-၂၀၃၀ အထိ နှစ် ၂၀ အတွင်း အိမ်ရာအခန်းပေါင်း ၁ သန်း ဖော်ထုတ်ရန် ရည်မှန်းထားပြီး ၅ နှစ်အတွင်း အိမ်ရာအခန်းပေါင်း ၅ သောင်း ဖော်ထုတ်ထား - Property News in Myanmar from iMyanmarHouse.com
1193 Views

၂၀၁၁-၂၀၃၀ အထိ နှစ် ၂၀ အတွင်း အိမ်ရာအခန်းပေါင်း ၁ သန်း ဖော်ထုတ်ရန် ရည်မှန်းထားပြီး ၅ နှစ်အတွင်း အိမ်ရာအခန်းပေါင်း ၅ သောင်း ဖော်ထုတ်ထား

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ၂၀၁၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ နှစ် ၂၀ အတွင်း အိမ်ရာအခန်းပေါင်း ၁ သန်းအထိ ဖော်ထုတ်သွားရန် ရည်မှန်းထားပြီး ၅ နှစ်အတွင်း အိမ်ရာအခန်း ၅ သောင်း ဖော်ထုတ်ထားကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၌ ကျင်းပသည့် ၁၀ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံ၊ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနားမှ သိရှိရသည်။

"အဓိက အချက်အနေနဲ့ ၂၀၁၁ ခုနှစ် ကနေ ၂၀၃၀ ပြည့်နှစ်အထိ နှစ်၂၀ အတွင်းမှာ အိမ်ရာအခန်း ၁ သန်း ဖော်ထုတ်မယ်။ ၅ နှစ်အတွင်း ၅ သောင်းလောက် ထုတ်နိုင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ၅ နှစ်တာ ကာလမှာ တိုးတက် ထုတ်လုပ်နိုင်ဖို့ကိုလည်း တိုင်းဒေသတွေကနေပြီးတော့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်အောင် နည်းပညာ အကူအညီ ပေးနိုင်အောင် လုပ်နေပါတယ်" ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးမျှတ အိမ်ရာနှင့် တန်ဖိုးမြင့်အိမ်ရာ အပါအ၀င် ပြည်သူ့အငှားအိမ်ရာ စသည်တို့မှ အိမ်ခန်းပေါင်း ၃၀၀၀၀ နီးပါး ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ ၁၁၁၆၀ ခန်း၊ တန်ဖိုးမျှတအိမ်ရာ ၆၈၂၉ ခန်းနှင့် တန်ဖိုးမြင့် အကျိုးတူအိမ်ရာ ၄၃၈၂ ခန်း၊ ပြည်သူ့အငှားအိမ်ရာ ၅၁၅၆ ခန်းနှင့် ၀န်ထမ်းအိမ်ရာ ၁၈၃၀ ခန်း၊ စုစုပေါင်း ၂၉၃၅၇ ခန်း ရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးတင့်က နေပြည်တော်တွင် ကျင်းပသည့် မြို့ပြနှင့် အိမ်ရာ လိုအပ်ချက်များအား ခေတ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးမှု ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၏ မြင့်တက်နေသည့် အိမ်ရာလိုအပ်ချက်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အိမ်ခန်းပေါင်း ၁၈၀၀ ကျော် ရရှိနိုင်မည့် အငှားအိမ်ရာများ တည်ဆောက်နေပြီး အဆိုပါ အိမ်ရာများကို သင့်တော်သည့် နှုန်းထားများဖြင့် ငှားရမ်းခြင်းသော်လည်းကောင်း၊ ရောင်းချခြင်းသော်လည်းကောင်း ပြုလုပ်နိုင်ရေး ဆွေးနွေးနေကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့သို့ အလုပ်အကိုင် အခွင့်အလမ်းကြောင့် ရွှေ့ပြောင်းအခြေချ နေထိုင်သူများနှင့် လူဦးရေ တိုးပွားလာနေမှုကြောင့် မြင့်တက်နေသည့် အိမ်ရာလိုအပ်ချက်အတွက် တန်ဖိုးနည်း အိမ်ရာများ ဖော်ထုတ်ရန် အစိုးရပိုင်မြေများ လွန်စွာရှားပါးနေကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

Credit: Eleven News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service