ယခုနှစ် ကုန်ပါက ဒဂုံ (၄) မြို့နယ်၌ အခန်းပေါင်း (၄၄၀၀၀) ကျော် ပြည်သူကို ရောင်းချပေးမည် - Property News in Myanmar from iMyanmarHouse.com
1077 Views

ယခုနှစ် ကုန်ပါက ဒဂုံ (၄) မြို့နယ်၌ အခန်းပေါင်း (၄၄၀၀၀) ကျော် ပြည်သူကို ရောင်းချပေးမည်

ယခု ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ကုန်ဆုံး ပါက ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဒဂုံ လေးမြို့နယ်၌ အခန်းပေါင်း (၄၄၀၀၀) ကျော် ပြီးစီးမည် ဖြစ်၍ ပြည်သူများကို ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

““အိမ်ရာ မရှိသေးတဲ့ သူနဲ့ အစိုးရ ၀န်ထမ်းတွေကို ဦးစားပေး ရောင်းချမယ်။ ဒီလို ရောင်းချတဲ့ အခါမှာလည်း မဲစနစ်နဲ့ပဲ ရောင်းချမယ်”” ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ (စီမံ) မှ ညွန်ကြားရေးမှူး တစ်ဦးက ပြောသည်။

ဒဂုံလေးမြို့နယ်တွင် ဆောက်လုပ်နေသည့် အိမ်ရာ စီမံကိန်းများ ပြီးစီးပါက အခန်းပေါင်း (၄၄၀၀၀) ကျော် ထွက်ရှိလာမည် ဖြစ်ပြီး၊ ပြည်သူ နှစ်သိန်းနီးပါး အိမ်ရာ ပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဆောက်လုပ်နေသည့် အိမ်ရာ စီမံကိန်းများမှာ ရတနာနှင့် ဧရာဝဏ် အိမ်ရာ၊ ဗိုလ်မင်းရောင် အိမ်ရာ၊ ဗိုလ်ဗထူး အိမ်ရာ၊ ပုလဲမွန် အိမ်ရာ၊ အောင်မြင့်မိုရ် အိမ်ရာ၊ ကနောင် အိမ်ရာနှင့် ယုဇန (၁၊ ၂၊ ၃) အိမ်ရာ စသည်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်ရာများတွင် တန်ဖိုးမျှတ အိမ်ရာ၊ တန်ဖိုးသင့် အိမ်ရာနှင့် တန်ဖိုးနည်း အိမ်ရာတို့ ဖြစ်ပြီး ယင်းအိမ်ရာများကို ရန်ကုန် မြို့တော် စည်ပင်နှင့် အိုးအိမ် ဦးစီးဌာနတို့မှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

““အိမ်ရာတွေ ဖန်တီးပေးတာကို အိမ်ရှိပြီးသား သူတွေကလည်း ၀င်လျှောက်နေတယ်။ အဲဒီတော့ လျှောက်တဲ့သူက များတော့ အခန်းမဲပေါက်ဖို့ သိပ်မလွယ်ဘူး။ ကံတော်တော် ကောင်းမှ ရနိုင်မယ်”” ဟု တန်ဖိုးမျှတ အိမ်ရာ လျှောက်ထားသူ ဒေါ်သူဇာနွယ်က ဆိုသည်။

ယခု ရန်ကုန်တိုင်း ဒေသကြီးရှိ အစိုးရ ၀န်ထမ်းနှင့် ကုမ္ပဏီ ၀န်ထမ်းတို့ကို အိမ်ရာများ ရောင်းချ ပေးနေသကဲ့သို့ ကျူးကျော် နေထိုင်သူများကိုလည်း အိမ်ရာများ ချထားပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး အတွင်း တစ်နှစ်လျှင် အိမ်ထောင်စုပေါင်း (၂၆၀၀၀)ကျော် တိုးတက် နေသော်လည်း အိမ်ရာ ဖန်တီးပေးမှုမှာ (၇၂၀၀) ကျော်သာ ရှိနေသေး၍ အိမ်ရာ လိုအပ်ချက်များ မြင့်မားနေခြင်း ဖြစ်ကြောင်း သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service