အိမ်ခြံမြေဈေး အေးနေ၍ လျှော့ချရောင်းလာကြ - Property News in Myanmar from iMyanmarHouse.com
790 Views

အိမ်ခြံမြေဈေး အေးနေ၍ လျှော့ချရောင်းလာကြ

ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်အေးနေ၍ ၀ယ်ယူရင်း နှီးမြှုပ်နှံထားသူများလာကြောင်း အိမ်ခြံမြေဈေးကွက်မှ သတင်းရရှိသည်။

‘‘ပိုင်ရှင်တွေက ဈေးကွက် အေးတာကြာလာတော့ ပေါက် ဈေးထက်ဈေးကိုလျှော့ရောင်း လာကြတယ်။ ဈေးကွက်တစ်ခုလုံး
အခြေအနေကတော့ အေးနေ ဆဲပဲ’’ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက် တာ ဦးသန်းဦးကပြောသည်။

လက်ရှိပြည်တွင်းအိမ်ခြံမြေ ဈေးကွက်သည် အစိုးရက၀င်ငွေ ခွန်နှုန်းထား ပြောင်းလဲပေးမှု ကြောင့် တန်ဖိုးနည်းကျပ်သိန်းရာဂဏန်းရှိသော
မြေကွက်နှင့်ခြံမြေ များ အနည်းငယ်အရောင်းအ၀ယ် ရှိနေသည်။ ယင်းမြေကွက်များ သည် မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ တောင်ဒဂုံရှိ
မြေကွက်များဖြစ်ပြီး ပါမစ်မြေကွက်များဖြစ်ကြောင်း သိရသည်။

‘‘အများစုကတော့ ချမ ရောင်းကြပါဘူး။ တောင့်မခံနိုင် တဲ့သူတွေပဲ ဈေးကိုလျှော့ရောင်း နေတာ။ လျှော့ရောင်းတာမှာလည်း
မြေကွက်တွေထက်တိုက် ခန်းတွေက ပိုများတယ်’’ဟု စိုင်း ခွန်နောင် အိမ်ခြံမြေအကျိုးဆောင် ပိုင်ရှင်ဦးစိုင်းခွန်နောင်က ပြော ကြားသည်။

ဈေးချရောင်းသူများသည် အေးစက်နေသော ဈေးကွက်အခြေအနေကို ထပ်မံမစောင့်နိုင်တော့သဖြင့် ရောင်းချကြခြင်းဟု
အကျိုးဆောင်များက သုံးသပ်နေကြသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်၌ရွေးကောက်ပွဲရှိသဖြင့် လာမည့်နှစ်တွင် စီးပွားရေးအခြေအနေ ကောင်းလာပြီး အိမ်ခြံမြေမှာလည်း
အရောင်းအ၀ယ်ပြန်ကောင်းလာနိုင်မည်ဟု အကျိုးဆောင်များက မျှော်လင့်နေကြသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်အ တွင်း အိမ်ခြံမြေရောင်းဝယ်မှုအ ပေါ် ကောက်ခံသောဝင်ငွေခွန် အ ခွန်နှုန်းထားများတွင် တစ်ကျပ်မှ
ကျပ်သိန်းတစ်ထောင်အထိ အ ရောင်းအ၀ယ်ပြုလုပ်လျှင် ၀င်ငွေ ခွန် ၃ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ် ထောင့်တစ်ကျပ်မှ ကျပ်သိန်းငါး ထောင်အထိ
ဝင်ငွေခွန် ၅ ရာခိုင် နှုန်း၊ ကျပ်သိန်းငါးထောင့်တစ်ကျပ် မှ ကျပ်သိန်းတစ်သောင်းလျှင် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်း တစ်ကျပ်မှ
ကျပ်သိန်းတစ်သောင်း ခွဲလျှင် ၂၀ ရာခိုင်နှုန်းနှင့်ကျပ်သိန်း တစ်သောင်းခွဲတစ်ကျပ်မှအထက် လျှင် ၃၀ ရာခိုင်နှုန်း ကောက်ခံ မည်ဖြစ်သည်။

ယခင်ဘဏ္ဍာနှစ် ၂၀၁၄-၁၅ တွင် အိမ်ခြံမြေပေါ်ကောက်ခံ သော အခွန်နှုန်းထားမှာတစ်ကျပ် မှ ကျပ်သိန်းငါးရာအထိ အခွန် ၃ ရာခိုင်နှုန်း၊
သိန်းငါးရာ့တစ်ကျပ် မှ ကျပ်သိန်းတစ်ထောင်လျှင် ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင့် တစ်ကျပ်မှတစ်ထောင့်ငါးရာလျှင် ၁၀ ခိုင်နှုန်း
၊ကျပ်သိန်းတစ်ထောင့်ငါးရာ့တစ်ကျပ်မှ ကျပ်သိန်းသုံး ထောင်လျှင် ၂၀ ရာခိုင်နှုန်း၊ ကျပ် သိန်းသုံးထောင်အထက်လျှင် ၃၀ ရာခိုင်နှုန်း ကောက်ခံခဲ့သည်။

ထိုသို့အခွန်နှုန်းထားလျှော့ ချပေးမှုကြောင့် အိမ်ခြံမြေအကျိုး ဆောင်များက ဈေးကွက်ကောင်းလာမည်ဟု မျှော်လင့်ခဲ့သော်လည်း
ယနေ့အချိန်အထိ အိမ်ခြံမြေဈေးကွက်မှာ အေးစက်နေဆဲ ဖြစ်သည်။

Credit : 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service