စီးပွားရေးပူဆီဖောင်း ပေါက်ကွဲမထွက်စေဖို့ (၂)
ပူစီဖောင်းစီးပွားရေးဖြစ်ရင် အထိမနာစေဖို့ ၀င်သင့်တဲ့အချိန်မြန်မြန်ဝင်၊ ထွက်သင့်တဲ့အချိန်မှာ မြန်မြန်ထွက်တက်ရမှာ ဖြစ်တယ်။ သဘောကတော့ ဈေးကွက်သဘောတရား နောကျေနေရမယ် ဆိုတာ ဖြစ်တယ်။
(၁) ဒေါ်လာတန်ဖိုးမှာ ပူစီးဖောင်းစီးပွားရေး ဖြစ်နိုင်သလား
အမှန်တကယ်ဖြစ်တည်နေတဲ့ အောက်ခံစီးပွားရေးအပေါ် အခြေခံပြီး ဒေါ်လာတန်ဖိုးက တန်ဖိုးမြင့်မားမှု လွန်ကဲနေတာလား၊ ပုံမှန်အတိုင်းအောက်နိမ့်ကျနေတာလား၊ ပုံမှန်အတိုင်းရှိနေတာလား တိုင်းတာနိုင်ကြတာဖြစ်တယ်။ ဒီရှုပ်ထွေးတဲ့ အကြောင်းအချက်ပေါ်မှာ အမြင်တမျိုးမျိုးနဲ့ ခေါင်းကိုခံ ကြိုးစားဆန်းစစ်ရာမှာ သင့်အနေနဲ့ အမှန်တကယ် သိသင့်တဲ့အချက်ရှိတယ်။
လွန်ခဲ့တဲ့ နှစ်အတွဲလိုက်တွေမှာ ဂျပန်ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာ ၁ ထရီလျံဒေါ်လာ ၀ယ်ယူခဲ့သလို မရှေးမနှောင်းမှာပဲ တရုတ်ဗဟိုဘဏ်က ငွေကြေးဈေးကွက်မှာ အမြဲအသာစီးရနေတဲ့ အမေရိကန် ဒေါ်လာ ၈၀၀ ဘီလျံကို ၀ယ်ယူလိုက်တယ်။
နိုင်ငံခြား အစိုးရတစ်ခုကနေ ဘာကြောင့်အမေရိကန် ငွေကြေးကို ၀ယ်ယူကြတာလဲ၊ သူတို့ဘာကြောင့် ၀ယ်တယ်ဆိုတာ ရိုးစင်းတဲ့အဖြေကြောင့်ဖြစ်တယ်။ အမေရိကန်တွေက ဒေါ်လာမြင့်မားမှု တန်ဖိုးကို ထိန်းထားပြီး သူတို့နိုင်ငံက ထုတ်ကုန်တွေ များများဝယ်ယူနိုင်စေဖို့ ဖြစ်တယ်ဆိုတာဖြစ်တယ်။
ဒီနေရာမှာ ပိုကောင်းတဲ့ မေးခွန်းတစ်ခုက-
• အကယ်၍ တရုတ်နဲ့ဂျပန်တွေကနေ အမေရိကန်ဒေါ်လာ ၂ ထရီလျံနီးပါးကို မ၀ယ်ခဲ့ရင် အခုအခါ အမေရိကန်တွေ ဘယ်နေရာမှာ ရှိနေမှာလဲ
• အကယ်၍ သူတို့ လှမ်းဝင်မလာဘဲ ဒေါ်လာမြင့်တက်မှုကို မှီထားနိုင်မှုမရှိခဲ့ရင် ဒေါ်လာတန်ဖိုးဘာဖြစ်လာမလဲ
• ပြီးရင် ပိုအရေးကြီးတာက သူတို့က ဒေါ်လာအပေါ် မှီယိုင်နေမှု ရပ်ပစ်လိုက်ရင် ဒေါ်လာဘာဖြစ်လာမလဲ
တရုတ်နဲ့ ဂျပန်တို့က အခုလို ဒေါ်လာတွေ ထုလိုက်ထည်လိုက်ဝယ်ယူတာတွေ၊ ဘယ်တော့ ရပ်ဆိုင်းမှာလဲ ဆိုတာက ပြောဖို့ခက်တယ်။ အခုလောလောဆယ်မှာ ဂျပန်က အမေရိကန်ဒေါ်လာ ၀ယ်တာကို ယာယီရပ်ဆိုင်းလိုက်တယ်။ သဘောကတော့ တရုတ်တစ်နိုင်ငံတည်း ၀န်တစ်ခုလုံးကို ထမ်းစေလိုက်တာဖြစ်တယ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးကို တန်ဖိုးထိန်းထားနိုင်စေဖို့ တနည်းအားဖြင့်ပူဖောင်းလိုအပေါ်မှာ တလူလူဝင့်ထည်နေစေမှာ ဖြစ်တယ်။ ဒါက ကျွမ်းကျင်မှုနဲ့ ကိုင်တွယ်တတ်ဖို့ လိုအပ်တယ်။
ပိုမိုရှုပ်ထွေးတဲ့ မေးခွန်းကဘယ်အချိန်မှာ ဒီကျွမ်းကျင်စွာကိုင်တွယ်နိုင်မှု ရပ်ဆိုင်းသွားပြီး ပူဖောင်းပေါက်မလဲဆိုတာ ဖြစ်တယ်။ အခုအခါမှာ အားလုံးသိထားဖို့ လိုအပ်တာက ကျစ်လစ်ခိုင်မာပြီး စီးပွားရေးအရ အထိုင်ကျပြီးဖြစ်တဲ့ နိုင်ငံရပ်ခြားအစိုးရတွေက ဒေါ်လာတန်ဖိုးကို ဒေါက်ထောက်ကျားကန်ထားနိုင်စေဖို့ ဒေါ်လာတွေကို ထုလိုက်ထည်လိုက်ဝယ်ယူဖို့ မလိုအပ်ဘူးလို့ဆိုတယ်။ အကယ်၍သာ ဒါကိုကျွမ်းကျင်စွာ ကိုင်တွယ်နိုင်မယ်ဆိုရင် အကယ်၍ စီးပွားရေးဆွဲအား အစားအပေါ်ကိုမြင့်တက်အောင် ပြုလုပ်နိုင်ရင်၊ အကယ်၍ပူဖောင်းလိုလေမှာ ပျံတက်မျောပါနိုင်ရင် ဒါက ပူဖောင်းနဲ့တူလို့ဖြစ်တယ်။ ဒါက ပူဖောင်းဖြစ်ပါတယ်။
(၂) သမာရိုးကျ ပုံစံမဟုတ်သော အမေရိက ပူဖောင်းစီးပွားရေး
သမိုင်းကြောင်း တစ်လျောက်မှာ ငွေကြေးဆိုင်ရာ ပူဖောင်းအများစုက ပုဂ္ဂလိကရင်းနှီးမြုပ်နှံသူတွေကြောင့် ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူတွေက များများဝယ်လေ ပူဖောင်းကအပေါ်ကို မြင့်တက်မှာဖြစ်ပြီး သူတို့က ပြန်ရောင်းတာများလေလေ ပူဖောင်းက အောက်ကိုကျလေလေဖြစ်တယ်။
ဒီဖြစ်ရပ်မှာ ကျွန်တော်တို့အနေနဲ့ ပူဖောင်းတွေများစွာရှိရမှာ တစ်ခုက အစိုးရက လုပ်တဲ့ပူဖောင်းဖြစ်ပြီး အခြားပူဖောင်းကတော့ အစိုးရထောက်ပံ့ခံပူဖောင်းဖြစ်တယ်။ အစိုးရမှာဖြစ်ပေါ်တဲ့ ကြီးမားတဲ့ ငွေကြေးလို ငွေပြပူဖောင်းက နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေထံကနေ အစိုးရက ငွေချေးငှားမှုများများလာတဲ့ အခါနှစ် ပေါင်းများစွာဖန်တီးဖြစ်ထွန်းပေါ်ပေါက်လာစေတာဖြစ်တယ်။
ဒါပေမဲ့ အနည်းငယ်သော လူတွေက တန်ဖိုးမြင့်ဒေါ်လာပူဖောင်းကို မိမိတို့နိုင်ငံအစိုးရပံ့ပိုးမှုနဲ့ ဖြစ်ထွန်းပေါ်ပေါက်စေကာ မဟုတ်ဘဲဒေါ်လာ ဈေးနှုန်းကို ဒေါက်ထောက်ထိန်းသိမ်းနိုင်ဖို့ အများအပြား တက်တက်ကြွကြွဝယ်ယူကြတဲ့ တရုတ်၊ ဂျပန်နဲ့ အခြားနိုင်ငံခြားတိုင်းပြည်တွေကြောင့် ဖြစ်တယ်လို့ သိထားကြတယ်။ ဒါက အမှန်အားဖြင့် ဖြစ်လေ့ ရှိတဲ့ အခြေအနေမဟုတ်ပါ။ ဒေါ်လာဈေးနှုန်းတွေ မြင့်မားလာစေဖို့ အင်တာနက်ကနေ စတော့တွေကို ၀ယ်ယူကြ တဲ့ ဂျပန်လို နိုင်ငံမျိုးတွေကြောင့်ဖြစ်တယ်။ အကြောင်းရင်းကတော့ သူတို့က ဒေါ်လာတွေကို ငွေကစားဖို့ ၀ယ်ယူကြတာမဟုတ်ဘဲ သူတို့ရဲ့ထုတ်ကုန်တွေနဲ့ အလုပ်တွေကို ထိန်းထားနိုင်စေဖို့ဖြစ်ပြီး ဒါမှသူတို့ နိုင်ငံ ကို နိုင်ငံရေးအရ ပံ့ပိုးပေးနိုင်စေမှာဖြစ်လို့ ဖြစ်တယ်။ ဒါပေမဲ့ အခုအခါမှာ အဓိကသက်ဆိုင်ရာ နိုင်ငံအစိုးရတွေကိုယ်တိုင် တန်ဖိုးမြင့်ဒေါ်လာပူဖောင်းတွေ ပိုမိုကြီးထွားလာအောင် လုပ်ဆောင်နေကြတာဖြစ်တယ်။
ပူဖောင်းက ကြီးကြီးလာလေအောက်ကိုကျဖို့ ပိုမိုခက်ခဲလာစေတာဖြစ်တယ်။ ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့် ပေါက်ကွဲသွားရင်တော့ ဘယ်လောက်ကြီးတဲ့ ပူဖောင်းဖြစ်စေ မြင့်ရာကနေ နိမ့်ရာကိုကျလာရမှာဖြစ်တယ်။ ငွေကြေးဆိုင်ရာ သဘောတရားတွေကို နားလည်သဘောပေါက်ပြီး ဆင်ခြင်နိုင်စေဖို့ပါ။
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်) မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com