အချိန်ကုန်၊ ငွေကုန်သက်သာခြင်းကြောင့် မြို့သစ်များတွင် နေအိမ်အဆောက်အအုံများကို သံဖရိန်ဖြင့် ဆောက်လုပ်မှု များပြား - Property News in Myanmar from iMyanmarHouse.com
6755 Views

အချိန်ကုန်၊ ငွေကုန်သက်သာခြင်းကြောင့် မြို့သစ်များတွင် နေအိမ်အဆောက်အအုံများကို သံဖရိန်ဖြင့် ဆောက်လုပ်မှု များပြား

တည်ဆောက်မှုအချိန် မြန်ဆန် ခြင်း၊ ကုန်ကျစရိတ်များကို ၃ဝ ရာခိုင် နှုန်းအထိ လျော့ကျလာခြင်းတို့ကြောင့် မြို့သစ်များတွင် နေအိမ်များအား သံဖရိန်ဖြင့် ဆောက်လုပ်မှု များလာ ပြီး အမိုးပြားများကိုပါ သံဖရိန်ဖြင့် တပ်ဆင်သည့် ဝန်ဆောင်မှု လုပ်ငန်း များလည်း ခေတ်စားလာကြောင်း အင်ဂျင်နီယာများနှင့် အိမ်ဆောက် လုပ်သူများထံမှ သိရသည်။

”သစ်ဈေးတွေက ကြီးတဲ့အပြင် လက်ခတွေကလည်း ဈေးကြီးတယ်။ ဒါကြောင့် သံဖရိန်နဲ့ ဆောက်ကြတာ များတယ်။ ၁၇ ပေ ထ ၄၅ ပေ အရှည် အိမ်ကို ထုတ်ယောက်၊ ဒိုင်းမြား အတွက် ပျဉ်းကတိုးနဲ့ ဆောက်မယ် ဆိုရင် ၁ဝ သိန်းဝန်းကျင်လောက် ကုန်တယ်။ သံဖရိန်ကို ထုတ်ယောက်၊ ဒိုင်းမြားအတွက် သုံးပြီး ဆောက်မယ် ဆိုရင် ခုနစ်သိန်းလောက်ပဲ ကျတဲ့ အပြင် မြန်လည်း မြန်တယ်”ဟု ဒဂုံ မြို့သစ် အရှေ့ပိုင်း (၁၃) ရပ်ကွက်တွင် သံဖရိန်ဖြင့် အိမ်ဆောက်လုပ်နေသူ ဒေါ်မြင့်မြင့်ကြည်က ပြောသည်။

ပျဉ်းကတိုးသစ် တစ်တန်လျှင် ကျပ် ၁၃ သိန်းဝန်းကျင်ခန့်အထိ သစ်ဈေးများ မြင့်မားနေသည့် ယခု အချိန်တွင် တိုင်များ၊ အမိုးကိုင်းများ တွင် သံဖရိန်အသုံးပြုလာသည့် အပြင် အခင်းပြားများအဖြစ်လည်း အသုံးပြုမှု များပြားနေပြီး အပြီးအစီး လာရောက်တပ်ဆင်ပေးသည့် လုပ် ငန်းများ ဈေးကွက်တွင် ထွက်ပေါ် လျက်ရှိသည်။

ထိုသို့ဆောက်လုပ်ရာတွင် အိမ် ရှင်က သံထည်ပစ္စည်းများ ဝယ်ယူ ပေးပြီး လက်ခစားအဖြစ် လုပ်ကိုင်စေ သည့် စနစ်ရှိသကဲ့သို့ အချို့နေရာ များတွင် လုပ်ငန်းလက်ခံသူက တည် ဆောက်မည့် အဆောက်အအုံ၏ အခြေအနေကိုလိုက်၍ ကုန်ကျစရိတ် တွက်ချက်ပြီး အစအဆုံး အပြီးအစီး တပ်ဆင်ပေးသည့် စနစ်ဖြင့် ဆောက် လုပ်ခြင်းများလည်း ရှိသည်။ အိမ် ရှင်အများစုမှာ မိမိက လိုအပ်သော ပစ္စည်း ဝယ်ယူပေးသည့်စနစ်ထက် လုပ်ငန်းလက်ခံသူက အပြီးအစီးတပ် ဆင်ပေးသည့်စနစ်ကို ပိုမိုကြိုက်နှစ် သက်မှုရှိကြောင်း သံဖရိန်များဖြင့် အိမ်ရာဆောက်လုပ်ပေးသည့် လုပ် ငန်း လုပ်ကိုင်နေသူများထံမှ သိရ သည်။

”ကိုယ်က ဖောင်ဒေးရှင်းအထိုင် ချပြီး သူတို့ကို သွားခေါ်လိုက်ရုံပဲ။ သူတို့က အကျယ်အဝန်းနဲ့ အမြင့် ကို လာတိုင်းပြီး တိုင်တို့၊ ထုတ် ယောက်တို့အပြင် အမိုးအထိ အပြီး အစီးလာတပ်ပေးတယ်။ အိမ်ရှင်က သူတို့ပြီးမှ ကျန်တဲ့ အုတ်စီတာတို့၊ တံခါးပေါက်တပ်တာတို့၊ ချောတာတို့ လုပ်ရုံပဲ။ သူတို့ပစ္စည်းနဲ့ သူတို့လာ တာ”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း (၉) ရပ်ကွက်မှ သံဖရိန်ဖြင့် အိမ်ဆောက် လုပ်နေသူ ကိုကျော်ဦးက ပြောသည်။

မျက်နှာပွင့် အကျယ် ၁၇ ပေ နှင့် အရှည် ပေ ၄ဝ၊ အမြင့် ၁၅ ပေ ရှိသည့် တစ်ထပ်တိုက် အဆောက် အအုံတစ်လုံးအတွက် သံဖရိန်ဖြင့် ဆောက်လုပ်လျှင် တိုင်၊ အမိုးပြား နှင့် ထုတ်ယောက်၊ ဒိုင်းမြား၊ လက်ခ အပါအဝင် ပစ္စည်းဖိုး၊ လက်ခအပြီး အစီး ကျပ်သိန်း ၃ဝ ခန့် ကုန်ကျနိုင် ပြီး သစ်သားအသုံးပြု၍ တိုင်၊ ထုတ် ယောက်၊ ဒိုင်းမြားနှင့် အမိုးများ ဆောက်လုပ်မည်ဆိုပါက ကျပ်သိန်း ၅ဝ ခန့်အထိ ကုန်ကျနိုင်ကြောင်း၊ သံဖရိန်ဖြင့်ဆောက်လုပ်ပါက အချိန် ကုန် သက်သာခြင်း၊ လုပ်ငန်းနေရာ မကျယ်ပြန့်ခြင်းစသည့် အားသာ ချက်များကြောင့် မြို့သစ်များတွင် သံဖရိန်အသုံးပြုပြီး အိမ်ရာဆောက် လုပ်မှုများ ပိုမို များပြားလျက်ရှိ ကြောင်း သိရသည်။

”အိမ်ကျယ်မယ်၊ှဆ်အ များ မယ်ဆိုရင်တော့ တစ်ပေပတ်လည် ကို ကျပ် ၉ဝဝ လက်ခ ယူပါတယ်။ စတုရန်းပေ နည်းရင်တော့ လက်ခ တစ်ပေကို ကျပ် ၁,၂ဝဝ ယူပါတယ်။ အိမ်ရှင်ကတော့ ပစ္စည်းဝယ်ပေးရ မယ်။ ဒါမှမဟုတ် အပြီးအစီး အလုပ် အပ်မယ်ဆိုရင်လည်း အကျယ်အဝန်း နဲ့တွက်ပြီး ယူပါတယ်” ဟု မင်းမဟော် သံနှင့် သံဖရိန် ရောင်းဝယ်ရေးလုပ် ငန်းမှ ကိုထွန်းထွန်းက ပြောသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service