တောင်သမန်အင်း ဦးပိန်တံတားအနီးတွင် အပန်းဖြေဟိုတယ်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
824 Views

တောင်သမန်အင်း ဦးပိန်တံတားအနီးတွင် အပန်းဖြေဟိုတယ်တည်ဆောက်မည်

မန္တလေးမြို့အနီးရှိ အထင်ကရနေရာတစ်ခုဖြစ်သာ တောင်သမန်အင်း ဦးပိန်တံတား အနီး မြေဧက ၄၀ ကျော်ပေါ်တွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက အပန်း ဖြေ Resort ဟိုတယ်စီမံကိန်းတစ် ခု အကောင်အထည်ဖော်တည် ဆောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် တောင်သမန်ကျေးလက် Resort ဟု အမည်ပေးထားသည့် စီမံကိန်းကို ဦးပိန်တံတား၏ အရှေ့ဘက် တောင်သမန်ကျေးရွာအနီးရှိ တောင်သမန်အင်းနှင့် ထိစပ်နေ သည့် မြေဧက ၄၀ ကျော်ပေါ်တွင် ပုဂ္ဂလိကပိုင် တောင်သမန်သစ္စာကုမ္ပဏီကအကောင်အထည်ဖော်တည်ဆောက်မည်ဟု တောင်သမန်သစ္စာကုမ္ပဏီ ပြောရေးဆိုခွင့် ရှိသူ ဦးစိုးမြတ်သူကပြောသည်။

စီမံကိန်းအကောင်အထည် ဖော်နိုင်ရန် လွန်ခဲ့သည့် တစ်နှစ် ကျော်ကတည်းက မြေယာများ ကြိုတင်ဝယ်ယူခဲ့ပြီး လက်ရှိအချိန်တွင် မြေဧက ၄၀ ကျော် ၀ယ်ယူထားပြီးဖြစ်သကဲ့သို့ လယ်ယာမြေအခြားနည်းအသုံးပြုခွင့်ရရှိပြီး ဖြစ်သဖြင့် စီမံကိန်းအကောင်အထည်ဖော် တည်ဆောက်ရေးလုပ်ငန်း များ စတင်နိုင်ရန် ကြိုးစားနေပြီဟု ဆိုသည်။

ဟိုတယ်အခန်းပေါင်းများ စွာပါရှိမည်ဖြစ်ပြီး နားနေအ ပန်းဖြေဥယျာဉ်၊ ရိုးရာယဉ်ကျေး မှုနှင့် လက်မှုပစ္စည်းဈေးဆိုင်တန်း များပါဝင်မည့် မြန်မာ့ရိုးရာယဉ် ကျေးမှုနှင့် တောင်သမန်ကျေး လက် Resort စီမံကိန်းကို ကျပ် သိန်းပေါင်း သုံးသိန်း (ကျပ်ဘီလီ ယံသုံးရာ)ခန့် ရင်းနှီးမြှုပ်နှံတည် ဆောက်မည်ဖြစ်သည်။

လာမည့်သုံးနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် ရည်ရွယ်ထားသည်ဟု တောင်သမန်သစ္စာကုမ္ပဏီ၏ ဒါ ရိုက်တာ ဦးစိုးမြတ်သူက ပြောသည်။

သို့သော် လက်ရှိအချိန်ထိ စီမံကိန်းအကောင်အထည်ဖော် တည်ဆောက်ရန် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် မရသေးသကဲ့သို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံသို့လည်း ခွင့်ပြုချက်တင်ပြ တောင်းခံထားဆဲသာဖြစ်ကြောင်း ဦးစိုးမြတ်သူက ပြောသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အ မွေအနှစ်များနှင့် ကျေးလက်ဒေသ အငွေ့အသက်များကို တစုတစည်းတည်းရရှိစေရေးနှင့် တောင်သမန်ဒေသဗဟိုပြု၍ မန္တလေးတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာစေရန် ရည်ရွယ်ကာစီမံကိန်းအကောင်အထည်ဖော်တည်ဆောက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

တောင်သမန်အင်းနှင့် ဦးပိန် တံတားမှာ မြန်မာနိုင်ငံသားများ အတွက် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေး မှုအမွေဖြစ်ပြီး ယခုစီမံကိန်း တည်ဆောက်မှုကြောင့် ပတ်ဝန်းကျင် နှင့် ဒေသခံများ၏ လူမှုစီးပွားရေး လုပ်ငန်းများအပေါ် ထိခိုက်မှုဖြစ် မည်ကို စိုးရိမ်သည်ဟု မြို့ခံစာပေ ပညာရှင် ဆရာဆူးငှက်က ပြော သည်။

စီမံကိန်းအကောင်အထည် ဖော်မည့်နေရာမှာ လက်ရှိမြေပြင် အနေအထားအရ အမှိုက်များဖြင့် ပြည့်နေသည့် သီးနှံစိုက်ပျိုးဖြစ် ထွန်းမှုမရှိသော ကိုင်းမြေဖြစ်ပြီး စီမံကိန်းမှာ ယဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဦး ပိန်တံတားကာကွယ်ရေးဇုန်နှင့် ကင်းလွတ်သည်ဟု ကုမ္ပဏီက ပြောသည်။

ထို့ပြင် စီမံကိန်းကြောင့် ဒေသအတွက် များစွာအကျိုးရှိမည်ဖြစ်ကာ ဒေသခံဈေးသည်များနှင့် ငှက်လှေသမားများအတွက်လည်း စနစ်တကျစုစည်းရောင်းချမည့်နေရာများ စီစဉ်ပေးမည်ဟု တောင်သမန်သစ္စာကုမ္ပဏီက ဆိုသည်။

တောင်သမန်အင်းအတွင်း စီးပွားရေးလုပ်ငန်းရှင်များက ဟို တယ်စီမံကိန်းအကောင်အထည် ဖော်တည်ဆောက်မည် ဖြစ် ကြောင်း လွန်ခဲ့သည့် တစ်နှစ် ကျော်ကတည်းက သတင်းများထွက်ပေါ်ခဲ့သည်။ ထို့အတွက်မြေယာဝယ်ယူစုဆောင်းသူများ ပြားခဲ့ပြီး တောင်သမန်အင်းဝန်း ကျင်ရှိ မြေကွက်များမှာ မြေတစ် ဧကလျှင် ကျပ်သိန်း ရာဂဏန်းမှ ထောင်ဂဏန်းအထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။

Credit: 7Day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service