သွားရောက်ကြည့်ဖူးချင်စရာ ကမ္ဘာတစ်လွှားက ထူးခြားဆန်းပြားရုပ်ရှင်ရုံများ အပိုင်း(၂)
ရုပ်ရှင်တွေကို ကျွန်တော်တို့ အားလုံးနှစ်သက်ကြပါတယ်။ လူတိုင်းနီးပါးကို နှစ်သက်ကြပါတယ်။ မကြိုက်မနှစ်သက်တဲ့ လူရယ်လို့ရှားပါတယ်။ စိတ်ပင် ပန်းမှုတွေကို တစ်ခဏတာ ဖြေဖျောက်ပေးလို့ရမယ့် ရုပ်ရှင်တွေကနေ ပိုက် ဆံနဲ့ ဝယ်လို့မရနိုင်မယ့် စိတ်ချမ်းသာမှုတွေကို ရရှိခံစားနိုင်မှာပဲဖြစ်ပါတယ်။
ပိတ်ကားထက် ဖန်သားပြင်မှာ ပြသနေတဲ့ ဟာသကား၊ ဒရမ်မာ၊ သည်းထိပ် ရင်ဖို၊ သရဲ ကား၊ အလွမ်းအဆွေးကား၊ သိပ္ပံ အက်ရှင်၊ အစရှိတဲ့ ကမ္ဘာကျော် ဇာတ်ကား ဇာတ်လမ်း တွေရဲ့ပုံရိပ်လှုပ်ရှားမှုတွေမှာစီးမြောရင်း အချိန်အခိုက် အတန့်မျှ စိတ်ပင်ပန်းမှုလျှော့ချနိုင်ဖို့ ရုပ်ရှင်ရုံတွေကို ကျွန်တော်တို့တွေက တစ်ခါတစ်ရံမှာ သွားရောက်ကြည့်ရှုတတ်ကြပါတယ်။
ထို့အတွက်ကြောင့် မိမိတစ်ဦးတည်းဖြစ်စေ၊ မိသားစုဝင်များနှင့်ဖြစ်စေအိမ် တွင်းရုပ်မြင်သံကြားမှာ ကြည့်ရှုနေရလို့ ငြီးငွေ့နေသူတွေအတွက် ကမ္ဘာ တစ်ဝန်းလုံးက စိတ်ဝင်စားစရာကောင်းတဲ့ ထူးခြားဆန်းပြားတဲ့ ရုပ်ရှင်ရုံတွေ ကိုဖော်ပြပေးချင်ပါတယ်။
လန်ဒန်မြို့တော် တစ်ဝိုက်က ရေနွေးစည်ပိုင်း ရုပ်ရှင်ရုံ
သင့်အနေနဲ့ ခန္ဓာကိုယ်တွေ စွတ်စိုနေတာ၊ ရေစပ်စပ်၊ ထိတွေ့နေရတာ၊ ရေ ထိတွေ့ရင်အေးနေကို မကြိုက်ဘူးဆိုရင် အခုကတည်းက ဒီရုပ်ရှင်ရုံကိုမ သွားဖို့တိုက်တွန်း လိုက်ပါရစေ။ လန်ဒန်မြို့တော်က လူငယ်တွေတော် တော်များများက နွေရာသီရောက်လာပြီဆိုရင် လူရောစိတ်ပါအပန်းဖြေနိုင်ဖို့ ရေနွေးကန်စည်ပိုင်းထဲဝင်ထိုင်ပြီး ကြည့်ရတဲ့ Hot Tub ရုပ်ရှင်ရုံတွေကို သွားပြီး အချိန်ဖြုန်းနေတတ်ကြပါတယ်။
မြို့တော်တစ်ဝိုက်မှာအများအပြား ဖွင့်လှစ်ထားတဲ့ ဒီရုပ်ရှင်ရုံတွေက သမားရိုးကျ ရုပ်ရှင်တွေလို ဆိုဖာထိုင်ခုံ တွေ၊ ကြီးကျယ်ခမ်းနားတဲ့ အခန်းအပြင်အဆင်တွေနဲ့မဟုတ်ပဲ သာမန်အခန်း လွတ်၊ တိုက်ခေါင်မိုးထပ်လိုနေရာတွေမှာ စည်ပိုင်းတွေနဲ့ နေရာအပြင်အဆင် ခင်းကျင်းထားတာဖြစ်ကာ ယင်းရေနွေးနွေးထည့်ထားတဲ့ စည်ပိုင်း တစ်ခုထဲ သူငယ်ချင်းလေးငါးယောက် စုဝင်ထိုင်ကာ ပိတ်ကားပေါ်မှာပြသတဲ့ ရုပ်ရှင် တွေကို လန်းလန်းဆန်းဆန်းနဲ့ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)