ဆော့ဖ်ဝဲလ်စီးတီးအတွက် သမ္မတပေးသောမြေ ( ၇ ) လ ကြာသည်အထိ နေရာအတည်တကျ မရှိသေး
MICT Park ကဲ့သို့ အိုင်တီစီးတီးတစ်ခုကို ရန်ကုန်တိုင်းအတွင်း ထပ်မံတည်ဆောက်နိုင်ရန် သမ္မတက တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ယခင်နှစ်အတွင်းကပင် ညွှန်ကြား ပေးခဲ့သော်လည်း ယခုအချိန်ထိ မြေနေရာအတည်တကျ မရရှိသေးကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ သိရသည်။ သမ္မတဦးသိန်းစိန်နှင့် ကွန်ပျူတာ အ သင်းချုပ်၊ ကွန်ပျူတာ ပညာရှင်အသင်း၊ ကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ ၂ဝ၁၄ ခုနှစ် ဇူလိုင်လတွင် တွေ့ဆုံကာ နည်းပညာကဏ္ဍ တိုးတက်ရေး အ တွက် ဆွေးနွေး ခဲ့ စဉ်က ဆော့ဖ်ဝဲလ်စီး တီးတစ်ခု ထပ်မံတည်ထောင်ရန် သမ္မတက မြေနေရာပံ့ပိုးကူညီပေးရန် ပြောကြားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန် တိုင်းတောင် ပိုင်းခရိုင် သန်လျင်ရှိ ဧက ၃ဝဝ မြေနေရာတစ်ခုကို ပေး အပ်ခဲ့သည်။
သို့သော် အဆိုပါ နေရာမှာ သင်္ဘောကျင်းပြုလုပ်ရန်လျာထား သည့် မြေနေရာဖြစ် သည်ဟုဆို ကာ မြေနေရာအသစ် ပြန်လည်ချထားပေးမည်ဟုပြောကြားခဲ့ပြီး လက်ရှိအချိန်ထိ တိကျသည့် မြေနေရာ တစ်ခုရရှိလာခြင်းမရှိသေးဟု ကွန်ပျူတာအသင်းချုပ်မှ အ တွင်းရေး မှူး ဦးဇော်မင်းဦးက ဆိုသည်။
”ကျွန်တော်တို့လည်း မြေနေရာအသစ်ရပြီး တိုးချဲ့နိုင်ဖို့ လုပ်နေပါတယ်။ သမ္မတက လျာထားပေးခဲ့တယ်ဆိုပေမယ့် ခုချိန်ထိတော့ နေရာအတိအကျ မရသေးပါဘူး”ဟု ၎င်းက ဆက်ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး ဧရိယာအတွင်းရှိ မြေနေရာကိုသာပေးအပ်မည်ဟု ဆိုခဲ့ခြင်းကြောင့် လက်ရှိတွင်တိုင်းဒေသကြီး အစိုးရ နှင့် မြို့ေ တာ် စည် ပင်တို့ကို တွေ့ဆုံ တောင်းဆိုမှုများပြုလုပ်သွားရန်ရှိသည်ဟုလည်း ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှအတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းက ပြောသည်။
သမ္မတမှ အိုင်တီစီးတီးတည်ထောင်ရန် မြေဧက ၅ဝဝ ပေးအပ်ရန် တိုင်းဒေသကြီးအစိုးရသို့ ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ဧက ၃ဝဝ ခန့်ဆိုလျှင်ပင် အိုင်တီစီးတီးအသစ် တည်ေ ဆာက်ရန် အဆင်ပြေပြီဖြစ်ကာ ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်အတွင်း၌ပင် မြေနေရာ ရရှိနိုင်ရန် လိုအပ်သည်ဟုလည်း ကွန်ပျူတာအသင်းချုပ်မှ နည်းပညာ သမား များ က ထောက်ပြသည်။
Credit: popularmyanmar