နေပြည်တော်တွင် လက်တွေ့ကျသည့် မြို့ပြစီမံကိန်းအသစ်တစ်ခု ချမှတ်သင့်ဟု ဒေါက်တာ မြတ်ဉာဏစိုးဝေဖန်
နေပြည်တော်ကို လက်တွေ့ကျသည့် မြို့ပြစီမံကိန်း အသစ်တစ်ခုချမှတ်သင့်ပြီး လက် ရှိတည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းသင့်ကြောင်း အမျိုးသားလွှတ်တော်သို့ ဒေါက်တာ မြတ်ဉာဏစိုးက အဆိုတင်သွင်းကာ ဝေဖန်ပြောကြားခဲ့သည်။
‘‘နေပြည်တော်ကို ကျစ်ကျစ် လျစ်လျစ်နဲ့ တိတိကျကျတည် ဆောက်ရတော့မယ်။ လက်တွေ့ နဲ့ နီးစပ်တဲ့ မြို့ပြစီမံကိန်း (Town Plan) အသစ်ရေးဆွဲ၊ တည်ဆောက်ရေးလုပ်ငန်းတွေကို ကန့်သတ်ဖို့ထက် ရပ်ဆိုင်းဖို့သင့်ပြီ’’ဟုဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
နေပြည်တော်ဘတ်ဂျက် သည် အဖွဲ့အစည်းသုံးရပ်ဖြစ် သော နေပြည်တော်ကောင်စီ၊ စည်ပင်၊ သမ္မတရန်ပုံငွေတို့မှ သုံးစွဲနေ ပြီး အခြားတိုင်းနှင့် ပြည်နယ်များထက် နှစ်စဉ်များပြားကြောင်း ဘတ်ဂျက်စာရင်းများက သက်သေပြနေသည်ဟု ၎င်းက ပြောသည်။
‘‘နှစ်စဉ်နှစ်တိုင်း ဘတ်ဂျက် ဆွေးနွေးတဲ့အခါ နေပြည်တော် ဘတ်ဂျက်ကို လွှတ်တော်က လျှော့ချပြီး ဖြတ်ချနေရတယ်’’ဟုဒေါက်တာ မြတ်ဉာဏစိုးက ဆိုသည်။
ဖေဖော်ဝါရီ ၁၀ ရက် အမျိုး သားလွှတ်တော်တွင် နေပြည် တော်အတွက် လက်တွေ့ကျ သည့် မြို့ပြစီမံကိန်းတစ်ခုချမှတ် ပြီး တည်ဆောက်ရေးလုပ်ငန်းများကန့်သတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းမေးမြန်းရာတွင် အထက်ပါအတိုင်း ထည့် သွင်းပြောကြားခဲ့သည်။
နေပြည်တော်အား မြို့ပြဒေ သဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော သယ်ယူပို့ဆောင် ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေကို ပိုမိုသုံးစွဲခြင်းမရှိစေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း နေပြည်တော်ကောင်စီဝင် ဦးကံချွန်က ယင်းမေးခွန်းကို ပြန် လည်ဖြေကြားခဲ့သည်။
‘‘ဖြေသွားတာ တိကျသေချာ တဲ့ အဖြေမရှိပါဘူး။ ထပ်ဆင့် မေးခွန်းမေးတဲ့အခါ ဥက္ကဋ္ဌကြီးက အ ချိန်မရတဲ့အတွက် မေးခွင့်မရခဲ့ပါ ဘူး။ သူတို့က ဆက်လုပ်မယ်ဆို တဲ့ သဘောပဲ။ လွှတ်တော်က လည်း နေပြည်တော်ဘတ်ဂျက်ကို ဖြတ်ချနေရမှာပဲ’’ဟု၎င်းက ဆိုသည်။ နေပြည်တော် ကောင်စီသည် လာမည့် ဘဏ္ဍာနှစ်တွင် သုံးစွဲရန် ကျပ်သန်းခုနစ်ထောင်ကျော်ကို ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် အစည်းအဝေးသို့ တင်ပြတောင်းခံထားကြောင်း သိရသည်။
Credit: 7 day daily