ကမ္ဘာတစ်လွှားက သမိုင်းဝင်အထင်ကရ နာရီစင်ကြီးများ - Property News in Myanmar from iMyanmarHouse.com
1117 Views

ကမ္ဘာတစ်လွှားက သမိုင်းဝင်အထင်ကရ နာရီစင်ကြီးများ

မြို့တစ်မြို့ရဲ့ အလည်ခေါင် အဆောက်အအုံထီးထီးကြီးနဲ့ အတူမခွဲ မခွာတည်ရှိနေတဲ့ အရာတစ်ခုကို လူတွေအားလုံးသတိထားမော့ ကြည့်မိကြမှာပါ။ ဘယ်မြို့၊ ဘယ်နိုင်ငံ၊ ဘယ်ဒေသကိုပဲ ရောက် ရောက် နိုင်ငံတိုင်းအထင်ကရမြို့တစ်ခုစီရဲ့ မြို့လယ်ခေါင်မှာတော့ စံထားရတဲ့ အချိန်နာရီခုတ်မောင်းမှုရဲ့ ပဲ့ကိုင်ရှင် စံတော်ချိန်နာရီ မျှော်စင်ထီးထီးကြီးတွေ ရှိနေတတ်ပါတယ်။ ကြည့်လည်းကြည့်မိ ကြပါလိမ့်မယ်။

ဒီ့အတွက်ကြောင့် ကမ္ဘာ့နိုင်ငံတွေမှာရှိတဲ့ အထင်ကရ သမိုင်းဝင်စံ တော်ချိန်နာရီမျှော်စင်ကြီးတွေရဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာ တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အင်္ဂလန်၊ လန်ဒန်မြို့တော်မှာ ရှိတဲ့ Big Ben ( အဲလိဇဘတ်မျှော် စင်) ပဲဖြစ်ပါတယ်။ Westminister နန်းတော်ကြီးထဲမှာတည်ရှိပါ တယ်။ ၁၈၅၈ ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး ကမ္ဘာ့လေးခု မြောက်နာရီချိန်သီးအကြီးဆုံးနာရီကြီးဖြစ်ကာ ကမ္ဘာ့တတိယအမြင့် ဆုံး နာရီစင်ကြီးလည်းဖြစ်ပါတယ်။ ဥရောပရဲ့ အထင်ကရမြို့တော် လန်ဒန်ရဲ့ အထင်ကရမှတ်ကျောက် တန်ဖိုးထားရာတစ်ခုလို့ဆိုလို့ ရ ပါတယ်။

၂။ အမေရိကန်ပြည်ထောင်စု၊ ဖိလစ်ဖေးဒီးယားမြို့တော်ခန်းမက နာရီစင်ကြီးပဲဖြစ်ပါတယ်။ ၁၉၀၁ ခုနှစ်ကနေ ၁၉၀၈ ခုနှစ်အထိတော့ ကမ္ဘာ့အမြင့်ဆုံး နာရီစင်ကြီးအဖြစ် သတ်မှတ်ခံထားရပါတယ်။ အ မြင့် ၅၄၈ ပေ( ၁၆၇ မီတာ) ရှိပြီး မျှော်စင်ရဲ့ လေးဘက်လေးစင်မှာ ဧရာမနာရီကြီး တစ်လုံးစီတပ်ဆင်ထားပါတယ်။

၃။အရှေ့အလယ်ပိုင်းက ရေနံသူဌေးနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဗျ နိုင်ငံက ပေပေါင်းထောင်ချီမြင့်တဲ့ နာရီစင်ကြီးဖြစ်ပါတယ်။ နိုင်ငံအ စိုးရက ဒီနာရီစင်ကြီးအတွက် ခေတ်သစ်အဆောက်အအုံကြီးနဲ့တွဲ ပြီးတည်ဆောက်ထားတာဖြစ်ကာ ကမ္ဘာ့အထင်ကရမျှော်စင်တွေရဲ့ စာရင်းမှာပါဝင်ပါတယ်။ အမြင့်ပေ ၆၀၁ မီတာ( ၁၉၇၂ ပေ) ရှိပါ တယ်။

၎။ ပေါ်တူဂီနိုင်ငံ၊ စီးဇက်မြို့တော်က နက္ခတ်ဗေဒအချက်ပြနာရီစင် ကြီးပဲဖြစ်ပါတယ်။ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည် တွေက နာရီကြီးရဲ့ ထူးခြားလှပတဲ့နာရီလည်ပတ်မှုကို လာရောက် ကြည့်ရှုကြတာများပြားလို့ နာမည်ကျော်ပါတယ်။ ကမ္ဘာ့ပထမဆုံး နာရီစင် ၁၄၀၁ ခုနှစ်မှာတည်ဆောက်တာဖြစ်ကာ လက်ရှိအချိန် ထိလည်း ကမ္ဘာ့သက်တမ်းအရှည်ဆုံးနာရီအဖြစ် သတ်မှတ်ခြင်း ခံထားရပြီးယနေ့တိုင်ပင် ဆက်လက်အသုံးပြုနေဆဲပင်ဖြစ်ပါတယ်။

၅။ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တော် နိုင်ငံခြားခရီးသွား စွဲဆောင်မှုပေးနိုင်တဲ့ ရှေးဟောင်းနာရီစင်ကြီးတစ်ခုဖြစ်ပါတယ်။ အမြဲလိုလို နာရီစင်ကြီးရဲ့ အောက်ရင်ပြင်နေရာ ကျယ်မှာ နာရီစင်ကြီးကိုလာရောက် လေ့လာကြတဲ့ သူတွေနဲ့အမြဲပြည့်နှက်နေပါတယ်။ နေ့စဉ်နေ့တိုင်း ဒေသစံတော်ချိန် ၁၁ နာရီမှာ နာရီ သံမြည်ဟိန်းပြီး နွေရာသီတွေ ဆိုရင် နေ့လည် ၁၂ နာရီနဲ့ ညနေ ၅ နာရီတို့မှာ အသံမြည်ပါတယ်။ နာရီစင်အတွင်းမှာ ခေါင်းလောင်း ၄၃ လုံးနဲ့ လူသဏ္ဍာန်အရုပ်ငယ် ၃၂ ရုပ်တို့နဲ့ ထည့်သွင်းအလှဆင်တည်ဆောက်ထားပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)
ကမ္ဘာတစ်လွှားက သမိုင်းဝင်အထင်ကရ နာရီစင်ကြီးများ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာတစ်လွှားက သမိုင်းဝင်အထင်ကရ နာရီစင်ကြီးများ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာတစ်လွှားက သမိုင်းဝင်အထင်ကရ နာရီစင်ကြီးများ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာတစ်လွှားက သမိုင်းဝင်အထင်ကရ နာရီစင်ကြီးများ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service